Monday, August 13, 2007

တောင်ကြီးချယ်ရီမြေအတွက် တောင်းပန်စကား

မနေ့က တက်လာတဲ့ Comment တစ်ခုမှာ ကျွန်တော် တင်ခဲ့မိတဲ့ တောင်ကြီးမြို့နှင့် သက်ဆိုင်သူများ အားလုံးအတွက် ဆိုတဲ့ Post လေးနဲ့ ပါတ်သက်ပြီး ဝေဖန်ချက်လေးကြောင့် ကျွန်တော် Post တွေ မတင်တော့ဘူးဆိုပြီး လုပ်ထားပေမဲ့လဲ တောင်းပန်စကားလေး ပြောချင်တာကြောင့် အခုရေးလိုက်တာပါ...

First of all, can I apologize writing in English - mainly because I don't know how to type in Burmese.

It is true that not only the Administrator need to be responsible for the creation and maintainance of the site but all from Taunggyi have to have a sense of responsibility. However, it is absolutely ruthless for an Administrator to be taking the blame on the readers and writers.
The main reasons of the success of this site is being inclusive yet simple, being professional yet approachable. However, this post has completely ruined the main objective of the site.

I do understand how the Administrator feels about the ignorant of the browsers and the bloggers, however, I am completely shocked over the way he denounced on them.

I just have an advice to give, please do not push it too far or else the results will be reincociliable (inconceivable).


အဲ့ဒီ Post က တကယ်ပဲ အရိုးခံသက်သက်နဲ့ အားမလိုအားမရ ဖြစ်လို့ ပြောလိုက်မိတာပါ... တောင်ကြီး ချယ်ရီမြေမှာ လာရေးပေးနေတဲ့သူတွေအားလုံးကို အပြစ်တင်စကားပြောတာ လုံးဝမဟုတ်ရပါဘူး...

တကယ်လို့ အဲ့ဒီ ပြောခဲ့မိတဲ့စကားတွေက အဲ့ဒီလိုမျိုး အဓိပ္ပာသက်ရောက်သွားမယ် ဆိုရင်တော့ အနူး အညွှတ် တောင်းပန်ပါတယ်...

အဲ့ဒီ Post က တောင်ကြီးချယ်ရီမြေ Blog ရဲ့ ရည်ရွယ်ချက်ကို ပျက်ပြားအောင် ဖျက်ဆီးသလိုမျိုး ဖြစ်သွားတယ် ဆိုရင် ကျွန်တော် တကယ် စိတ်မကောင်းပါဘူး.. အဲ့ဒါကြောင့်ပဲ.. အဲ့ဒီ Post နဲ့ အတူ တောင်ကြီးချယ်ရီမြေနဲ့ သိပ်မသက်ဆိုင်တဲ့ ကျွန်တော် ရေးခဲ့တဲ့ Post အချို့ကို ဖျက်ပေးလိုက်ပါတယ်...

ဘာပဲဖြစ်ဖြစ်ပါ ကျွန်တော် ပြောခဲ့ဆိုခဲ့မိတာတွေက ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာစေလိုခြင်း မရှိပါဘူး.. အားလုံးအတွက် ကောင်းစေချင်တဲ့ စေတနာတွေနဲ့ ပြုမူ၊ ပြောဆိုမိခဲ့တာဖြစ်တဲ့အတွက် နားလည် ခွင့်လွတ်ပေး ကြပါလို့ မတ္တာရပ်ခံပါတယ်... နောက်ဆိုရင်လဲ မဆိုင်တဲ့ နေရာမှာ မဆိုင်တဲ့ စကားတွေ မပြောမိအောင် ကျွန်တော် ထိန်းထိန်းသိမ်းသိမ်းနေပါ့မယ်... ကျွန်တော်ဟာ အခု ဒီ Blog ရဲ့ အက်တမင်လဲ မဟုတ်တော့တဲ့ အတွက် Author တွေကို Too Push လုပ်မိမှာ မဟုတ်တော့ပါဘူး..

အခုလို ဝေဖန်ပေးတဲ့ Sai ဆိုသူကိုလဲ အထူးပင်ကျေးဇူးတင်ပါတယ်... နောက်များလဲ အခုကဲ့သို့ ဝေဖန်ပေးစေချင်ပါတယ်..

တောင်ကြီးချယ်ရီမြေနဲ့ တကွ အားလုံးသော Author များ၊ Visitors များ ချစ်ချစ်ခင်ခင်၊ သိုက်သိုက်ဝန်းဝန်းနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...

8 comments:

  1. ဆက်လုပ်ပါ ဒီဆိုက်လေး ရှိနေဖို့  လိုပါတယ်။ ဘာလုပ်နေကြလည်း။ ဟုတ်တယ် အားမရပါ။ကျွန်တော် တောင်ကြီးသားပါ ။ပျော်နေတဲ့ အိပ်မက်ကနေ အပြင်ထွက်ခဲ့ပါ။အလည်လာတယ်။ဧည့်ခံမဲ့သူ/အရာ လိုပါတယ်။

    ReplyDelete