Sunday, August 12, 2007

Rolling Stars - part 1


ုဒီတခေါက် Rollin Stars ဆို တဲ့ နည်း ပညာလေးနဲ့ မိတ်ဆက်ပေးပါ့မယ်။ ကျွန်တော် ထပ်ပြောပါမယ်။ ကျွမ်းကျင်သူများ နှင့် တိုင်ပင်ပြီးမှ သာ စမ်းသပ်ကြပါ။ Rolling Stars ယမ်း အလှ ကို လူတိုင်းတွေ့ဖူးမယ် ထင်ပါတယ်။ အပြင် မှာ မဟုတ်ရင်တောင် TV,VCD တို့ထဲမှာ တွေ့ဖူး ကြမှာပါ။ တော်တော်များများကတော့ နယူးရီယား တို့ ခရစ်စမတ် တို့မှာ ကောင်းကင်ယံမှာ ပစ်ဖောက်၊လွတ်တင် ကြတာပါ။ Rolling Stars ပြုလုပ်ဖို့ လိုအပ်တဲ့ အဆင့်တွေက တော်တော်များ ပါတယ်။ တဆင့်ခြင်း အသေးစိပ် ပြောပြသွားပါမယ်။ လိုအပ်တဲ့ chemical compound တွေက တော့

Barium Nitrate 51%
Potassium Nitrate 7%
Sulfur 19%
Magnalium(60 to100 mesh) 18%
Dextrin 5%

အခု အရေးကြီးတဲ့ အချက် တချက် ကို ပြောပြပါမယ်။ chemical တွေမှာ oxidizers နဲ့ fuels ဆိုပြီး ၂ မျိုးရှိပါတယ်။ သူတို့ ၂ ခုကို ရောရင် ပေါက်ကွဲ စေတတ်ပါတယ်။ oxidizers အချင်းချင်း၊ fuels အချင်းချင်း ပေါင်းရင် အန္တရယ် မရှိပါဘူး။ ဘယ်ဟာတွေက oxidizers ၊ ဘယ်ဟာတွေက fuels တွေဆို တာ နောက်မှ ကျွန်တော် ပြောပြပါအုံးမယ်။ အခု chemical compounds လေးရပြီဆိုတော့ Rolling Stars လုပ်ပုံ လုပ်နည်း လေး ပြောပြပါမယ်။


အပေါ်က chemical ၄ မျိုးကို သန့်စင်သော ပလပ်စတစ် ခွက် ၄ လုံးတွင်ထည့်ပါ။
Barium Nitrate နှင့် Potassium Nitrate ကို အရင်ရောပါ။ သမအောင် မွှေပါ။
ကျန်သော chemical များ နှင့် ရောပါ။
အမုန့်စစ်စစ်ရအောင် ဇကာ ဖြင်စစ်ယူပါ။










အပေါ်က အဆင့်တွေ ပြီးရင်တော့ Stars ပြုလုပ်ဖို့ အဆင်သင့်ဖြစ်ပါပြီ။

လိုအပ်တဲ့ ပစ္စည်းတွေကတော့

ဆေးထိုးအပ် ၁ချောင်း
အသင့်လိပ်ပြီးTube ၁ခု

ကျန်တဲ့ အဆင့်တွေကိုတော့ ပုံလေးတွေ ကြည့်ရင် လုပ်တတ်မယ်လို့ထင်ပါတယ်။ (spray နဲ့ ဖြန်းဖို့ မမေ့ကြနဲ့နော်။spray ထဲမှာ ဘာတွေ ထည့်ရမယ်ဆိုတာတော့ အရင်ကတင်ခဲ့တဲ့ post တွေမှာ ပါပြီးသားပါ)








အခု ဆိုရင် Stars လုံးလေတွေ ရရှိလာပါပြီ။ အဲဒီ Stars လုံးလေးတွေကို ၃ ၊၄ ရက်လောက် အခြောက်ခံရမှာပါ။ Rolling Stars - part 2 ကြရင်တော့ အခု လုပ်ထားတဲ့ Stars တွေကို ဘယ်လိုနေရာတွေ မှာ သုံးချရမလဲ ဆိုတာ တင်ဆက်သွားပါမယ်။
(Stars လုပ်တဲ့ အခြား နည်းလမ်း တခုလည်း ရှိပါသေးတယ်။ ခဲသတ္တူတွေ ပါပြီ အန္တရယ်များ တဲ့ အတွက် မပြောပြတော့ပါဘူး)

6 comments:

  1. taw lat dar
    TGI ka lu twey lat lot see. par
    text lot kya par
    .......:P :D :D
    KZLM

    ReplyDelete
  2. Hi there, I found your blog via Google while searching for first aid for a heart attack and your post looks very interesting for me.

    ReplyDelete
  3. Obtain and select some good points from you and it helps me to solve a problem, thanks.

    - Henry

    ReplyDelete
  4. Good day!This was a really splendid topic!
    I come from roma, I was luck to find your subject in yahoo
    Also I obtain a lot in your blog really thank your very much i will come again

    ReplyDelete