Monday, March 31, 2008

ရင်ခုန်နှစ်သစ်

ဗဟိုမဏ္ဍပ်ကြီးပေါ့ဗျာ။

တိုင်းရင်းသားပေါင်းစုံမဏ္ဍပ် ဖြစ်မယ်။

ဒါက ဗိုလ်ချုပ် ပန်းခြံနားက မဏ္ဍပ်တခု

ဒီမဏ္ဍပ်က ပြိုကျ ဖူးတယ်

ကမ္ဘောဇဘဏ် မဏ္ဍပ်



သင်္ကြန်ဆိုတာ မြန်မာတိုင်းအတွက် ရင်ခုန်စရာ နှစ်ကူးပါ။ တောင်ကြီးမြို့မှာလည်း သင်္ကြန်နဲ့ ပတ်သက်ပြီးတော့ စတင်ပြင်ဆင်နေကြပါပြီ။ သူငယ်ချင်းတစ်ယောက်က ပြောဖူးပါတယ်။ တန်ဆောင်တိုင်ပြီးတော့ သင်္ကြန်ကိုမျှော်မိတယ်တဲ့။ သင်္ကြန်ပြီးတော့လည်း တန်ဆောင်တိုင်ကို မျှော်မိပြန်ပါသတဲ့။ ဒီနှစ်တောင်ကြီး သင်္ကြန်က ခါတိုင်းနှစ်လိုပါပဲ သိပ်မထူးခြားပါဘူး။ မဏ္ဍပ်တွေကလည်း မပြောင်းလဲပါဘူး။ ဗဟိုမဏ္ဍပ်ကြီးပဲ နည်းနည်းပြောင်းလဲ သွားတယ်။ နှစ်တိုင်းဆောက်နေကြ ညဈေးတန်းနေရာလေးမှာ မဟုတ်ပဲ ရှေ့တလမ်းကို တိုးဆောက်လိုက်တယ်။ sony showroom အဟောင်းနဲ့ sweet dream hotel ကြားထဲက လမ်းထဲမှာ ဖြစ်သွားတယ်။ ကမ္ဘောဇဘဏ် မဏ္ဍပ်ကတော့ ထုံးစံအတိုင်း အကြီးကြီးကို ဆောက်ထားတယ်။ lazy club အဖွဲ့ နဲ့ အတူ နာမည်ကြီး အဆိုတော်တွေ လာပြီး ဖျော်ဖြေကြမှာ။ သင်္ကြန်ရက်အတွင်းမှာလည်း ဓါတ်ပုံတွေ ကို တင်ပေးနိုင်အောင် ကြိုးစားနေပါတယ်။ အခု တစ်ရက် ၊ နှစ်ရက် အတွင်းမှာ မိုးတွေလည်း အုံးပြီး နည်းနည်း ပြန်အေးနေသလိုပဲ။ ပိတောက်ပန်းတွေလည်း သင်္ကြန်အမှီ ပွင့်တန်ကောင်းပါရဲ့ ။

Thursday, March 13, 2008

ချယ်ရီပန်းနဲ့ တောင်တန်းပြာကို ခွဲခွာသွားလေသူ...........


ရှမ်းပြည်နယ်ရဲ့ မှိုင်းညှို့ညှို့ တောင်တန်းကြီးတွေ၊ ဝေဆာပွင့်လန်းလျှက်ရှိနေတဲ့ ချယ်ရီပန်းတွေကို “နေရစ်တော့ကွယ် သွားတော့မယ်” ဆိုပြီး ကျွန်တော်တို့ ချစ်တဲ့ အဆိုတော် စိုင်းထီးဆိုင်တစ်ယောက် ခွဲခွာသွားခဲ့ပါပြီ။
ရှမ်းပြည်နယ် လင်းခေးမြို့နယ် ဝမ်ဟပ်ကျေးရွာအုပ်စု ၊ဦးနန္ဒ (ကမ္မဋ္ဌာန်းဆရာ)နှင့် ကျောင်းဆရာမ ဒေါ်နန်းမြအိန်တို့မှ ၁၉၄၉ ခုနှစ် စက်တင်ဘာလတွင် မွေးဖွားခဲ့သူ..............
မန္တလေးတက္ကသိုလ်မှ စိတ်ပညာအဓိကနဲ့ ကျောင်းတက်ခဲ့ပြီး လက်တွဲဖော် သီချင်းရေးဆရာ စိုင်းခမ်းလိတ်ရဲ့
“မန္တလေးရောက် ရှမ်းတယောက်” သီချင်းစီးရီးဖြင့် မြန်မာပြည်တဝှမ်းတွင် နာမည်ကြီးလာခဲ့သူ..............
ကျွန်တော်တို့ ရှမ်းပြည်နယ်ရဲ့ ပုံရိပ်တစ်ခုဖြစ်ခဲ့သူ...........
ကိုယ်ပိုင်သံစဉ် ချိုမြမြလေးတွေနဲ့ ကျွန်တော်တို့ကို စွဲမက်စေခဲ့သူ..........
ရှမ်းရိုးရာ ယဉ်ကျေးမှု ၊ဓလေ့ထုံးစံတွေကို အားလုံးအတွက် မိတ်ဆက်ပေးခဲ့သူ........
...............................သူ
.....................................သူ
အခုတော့ဖြင့် သူ့ရဲ့ မိသားစု သူ့ရဲ့ ပရိဿတ်၊ သူရဲ့ ရှမ်းရိုးမ အပါအ၀င်
သူနဲ့ပါတ်သက်သမျှ အရာအားလုံးကို ချန်ရစ်ခဲ့ပြီး ခရီးဆက်လက် ထွက်ခွာသွားခဲ့ပါပြီ။
ကျွန်တော်တို့ အားလုံးရဲ့ နှလုံးအိမ်ထဲမှာ “ကိုထီး(ခ) စိုင်းထီးဆိုင်”ဟာ
ထာဝရ တည်ရှိနေမှာပါဗျာ................
(မိသားစုနဲ့အတူ ထပ်တူထပ်မျှ ခံစားရပါတယ်ဗျာ......)