Monday, March 31, 2008

ရင်ခုန်နှစ်သစ်

ဗဟိုမဏ္ဍပ်ကြီးပေါ့ဗျာ။

တိုင်းရင်းသားပေါင်းစုံမဏ္ဍပ် ဖြစ်မယ်။

ဒါက ဗိုလ်ချုပ် ပန်းခြံနားက မဏ္ဍပ်တခု

ဒီမဏ္ဍပ်က ပြိုကျ ဖူးတယ်

ကမ္ဘောဇဘဏ် မဏ္ဍပ်



သင်္ကြန်ဆိုတာ မြန်မာတိုင်းအတွက် ရင်ခုန်စရာ နှစ်ကူးပါ။ တောင်ကြီးမြို့မှာလည်း သင်္ကြန်နဲ့ ပတ်သက်ပြီးတော့ စတင်ပြင်ဆင်နေကြပါပြီ။ သူငယ်ချင်းတစ်ယောက်က ပြောဖူးပါတယ်။ တန်ဆောင်တိုင်ပြီးတော့ သင်္ကြန်ကိုမျှော်မိတယ်တဲ့။ သင်္ကြန်ပြီးတော့လည်း တန်ဆောင်တိုင်ကို မျှော်မိပြန်ပါသတဲ့။ ဒီနှစ်တောင်ကြီး သင်္ကြန်က ခါတိုင်းနှစ်လိုပါပဲ သိပ်မထူးခြားပါဘူး။ မဏ္ဍပ်တွေကလည်း မပြောင်းလဲပါဘူး။ ဗဟိုမဏ္ဍပ်ကြီးပဲ နည်းနည်းပြောင်းလဲ သွားတယ်။ နှစ်တိုင်းဆောက်နေကြ ညဈေးတန်းနေရာလေးမှာ မဟုတ်ပဲ ရှေ့တလမ်းကို တိုးဆောက်လိုက်တယ်။ sony showroom အဟောင်းနဲ့ sweet dream hotel ကြားထဲက လမ်းထဲမှာ ဖြစ်သွားတယ်။ ကမ္ဘောဇဘဏ် မဏ္ဍပ်ကတော့ ထုံးစံအတိုင်း အကြီးကြီးကို ဆောက်ထားတယ်။ lazy club အဖွဲ့ နဲ့ အတူ နာမည်ကြီး အဆိုတော်တွေ လာပြီး ဖျော်ဖြေကြမှာ။ သင်္ကြန်ရက်အတွင်းမှာလည်း ဓါတ်ပုံတွေ ကို တင်ပေးနိုင်အောင် ကြိုးစားနေပါတယ်။ အခု တစ်ရက် ၊ နှစ်ရက် အတွင်းမှာ မိုးတွေလည်း အုံးပြီး နည်းနည်း ပြန်အေးနေသလိုပဲ။ ပိတောက်ပန်းတွေလည်း သင်္ကြန်အမှီ ပွင့်တန်ကောင်းပါရဲ့ ။

5 comments:

  1. ဟုတ်ပ...တောင်ကြီးသား တောင်ကြီးသူတွေအတွက် တန်ဆောင်တိုင်ပြီးရင် ...သင်္ကြန်ကို မျှော်မိတာပါပဲ...ဘယ်မြို့မှာ ဘယ်လောက်ပဲ စည်တယ်ပြောပြော...နွေရာသီ..ရေအေးအေး..မိုးလေးတအုံ့အုံ့နဲ့
    ဆင်နွှဲရတဲ့ ကိုယ့်မြို့လေးရဲ့ သင်္ကြန်ကိုပဲ တမ်းတမိတာပါပဲ...

    ReplyDelete