Saturday, November 8, 2008

ပရိတ်သတ်များရဲ့ ကျေးဇူးတင်လွှာ ( ၂၀၀၈ တန်ဆောင်တိုင် )

အခုဆိုရင် တောင်ကြီးတန်ဆောင်တိုင်ပွဲကြီး ကျင်းပနေတာ ၃ ရက်ကျော်လာပါပြီ။

တန်ဆောင်တိုင်ပွဲကို ကိုယ်တိုင်ကိုယ်ကျ ဆင်နွှဲရတဲ့ သူတွေအတွက် သိပ်မထူးဆန်းပေမယ့် အဝေးရောက်နေတဲ့ တောင်ကြီးသူတောင်ကြီးသားများအနေနဲ့ကတော့ တန်ဆောင်တိုင်ပွဲကို တမ်းတမိကြပါသည်။ ထိုဆန္ဒကို ဖြည့်ဆည်းပေးရန်အတွက်လည်း တောင်ကြီးမှာရှိနေတဲ့ တောင်ကြီးချယ်ရီအဖွဲ့သားများက စိတ်ရောကိုယ်ပါ နှစ်ပြီး ဒီလို တိုက်ရိုက်ကြည့်ရှု့ နိုင်ရန်အတွက် အပင်ပန်းခံ ထုတ်လွှင့်ပေးနေသည်မှာလည်း အားလုံးအသိပါ။

မနှစ်ကတော့ လူအင်အားများများနဲ့ ဘက်ပေါင်းစုံမှ အသီးသီးတာဝန်ယူကာ ထုတ်လွှင့်နိုင်ခဲ့၍လည်း ရှိုးပွဲတွေ၊ ပွဲဈေးတန်းအလှတွေ၊ မီးပုံးပျံလွှတ်တင်ပုံတွေကို ဓါတ်ပုံအနေနဲ့ကော၊ ဗီဒီယို ဖိုင်အနေနဲ့ပါ ရိုက်ကူးနိုင်၍ ပိုပြီး အားရမှုရှိပါသည်။ ဒီနှစ်မှာတော့ လူအင်းအား နည်းသွားသည်ကတစ်ကြောင်း ၊ ထုတ်လွှင့်မှု ကန့်သတ်ချက်တွေကြောင့် တစ်ကြောင်း မီးပုံးပျံလွှတ်တင်မှုတစ်ခုတည်းကိုသာ အလေးပေးလုပ်ဆောင်နိုင်ခဲ့တဲ့ အတွက် ကြည့်ရှု့သူများထံမှ အားမလို ၊ အားမရ အသံများကြာရပါသည်။ ဒါတွေကို နားလည်စေချင်တာကတစ်ကြောင်း၊ ရတဲ့ အခြေအနေနဲ့ အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်ပေးနေတာကို သိစေလိုတာကတစ်ကြောင်း ဒါကို ရှင်းပြခြင်းဖြစ်ပါတယ်။

နောက်တစ်ခုက ဒီလို ထုတ်လွှင့်ဖို့အတွက် ဘယ်လို ကြိုးစားခဲ့ရတာကိုပါ။

မြန်မာနိုင်ငံမှာ ပထမဆုံးအနေနဲ့ ဒီလိုပွဲမျိုးကို online ကနေတိုက်ရိုက်ထုတ်လွှင့်ဖို့ အတွက် အခက်အခဲတွေအမျိုးမျိုးရှိခဲ့တယ်ဆိုတာကို အားလုံးလဲသိမှာပါ။ လွှင့်ဖို့ အဆင်ပြေအောင် လူအင်အား၊ စက်အင်အား၊ အချိန် ၊ငွေ တွေ အကုန်အကျ ဆိုတဲ့ အပိုင်းရောက်လာတော့ သူတို့ရဲ့ စိတ်ထားကို သိလာရပြီလေ။ တော်ရုံစိတ်မျိုးနဲ့ မလုပ်နိုင်ဘူးဆိုတာကို သိစေချင်တာပါ။

ဒီနှစ်မှာလည်း ဒီလိုအခက်အခဲတွေကို ကျော်လွှားပြီး ဒီင်္အတိုင်းအတာအထိ ပြသပေးနိုင်အောင် ကြိုးစားပေးခဲ့တဲ သူတွေရဲ့ စေတနာ ကျွန်တောာ်တို့ အားလုံးအသိအမှတ်ပြုရမှာပါ။ ဒါကြောင့်လည်း ကျွန်တော်တို့ လို အွန်လိုင်းကနေအားပေးကြတဲ့ သူတွေအနေနဲ့ သူတို့ရဲ့ မွန်မြတ်တဲ့ စေတနာကို တုံ့ပြန်တဲ့ အနေနဲ့ ဒီပိုစ့်လေးမှာ ၀င်ရောက်ပြီး သူတို့အပေါ် ပြောချင်တဲ့ ကျွန်တော်တို့ ခင်ဗျားတို့ ရင်ထဲက စကားများကို ပြောကြရအောင်လားဗျာ။

ကျွန်တော်တို့အားလုံးဟာ သူတို့ရဲ့ စေတနာထားပြီး အနစ်နာခံတဲ့ စိတ်ထားကို အသိအမှတ်ပြုနေတာကို စိတ်ထဲက တင်မဟုတ်ပဲ စကားလုံးတွေနဲ့ ပြောကြမယ်ဆိုရင် သူတို့အားလုံးလဲ ဒီထက်ပိုပြီး အားရှိမှာပါ။ ဒီလိုလုပ်ခြင်းအားဖြင့်လည်း ဒီနှစ်တန်ဆောင်တိုင်ပွဲကို အွန်လိုင်းမှ ဘယ်သူတွေကြည့်ရှု့တယ် ဆိုတာလေးဟာလည်း အမှတ်တရအနေနဲ့ ရှိသွားမယ်လို့ စဉ်းစားမိပါတယ် ။ ဒါကြောင့် တောင်ကြီးတန်ဆောင်တိုင်ပွဲကို စိတ်ဝင်တစားကြည့်ရှု့ကြတဲ့ သူတွေအားလုံးကို ဖိတ်ခေါ်ပါတယ်။

ကဲ ခင်ဗျားတို့ ကျွန်တော်တို့ရဲ့ ရင်ထဲက သူတို့ကို ပြောချင်တဲ့ စကားတွေပြောရင်း ဒီပိုစ့်လေးအောက်မှာ တစုတစည်းတည်း အမှတ်တရ သိမ်းထားကြစို့လား….

22 comments:

  1. taunggyi mar che ta lo nel par kin sar lo ya aung se sin pay tal taunggyi cherryland yay....a htu thz................

    ReplyDelete
  2. တောင်ကြီးချယ်ရီရေ......အထူးကျေးဇူးတင်ကြောင်း ပြောဖို့ကတော့အတိုင်းထက်အလွန်ပေါ့ဗျာ။ တကယ်ပါ .. တော်ရုံစေတနာနဲ့ ဒီလိုအစီအစဉ် မျိုး ဖြစ်လာဖို့မလွယ်ဘူး ဆိုတာသိသာထင်ရှားပါတယ်။အခြေအနေအရ ကိုယ့်မွေးရပ်မြေကိုခွဲခွာနေနေကြရတဲ့သူတွေအတွက် ဒီလိုအစီအစဉ်တွေကတကယ်အဖိုးတန်ပါတယ်။ မနှစ်ကလည်းအဝေးကနေဒီလိုပဲစောင့်ကြည့်ခဲ့ရတာ။
    ဒီနှစ်လည်းတစ်ရက်မှမပျက်သေးဘူး။စီဗောက်ကအစ်ကို အစ်မတို့ကိုလည်းထုတ်လွှင့်ပေးနေတဲ့သူတွေရဲ့ အခက်အခဲကိုနားလည်ပေးကြပါလို့ပြောချင်ပါတယ်။
    တောင်ကြီးချယ်ရီမြေကိုကျေးဇူးတင်ကြောင်းနဲ့ နောင်နှစ်တွေမှာလည်းဒီ့ထက်ကောင်းတဲ့အစီအစဉ်များ
    တင်ဆက်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ။

    ReplyDelete
  3. အဝေးရောက်နေပေမယ့် တကယ့်ပွဲထဲကို ရောက်သွားတဲ့အတိုင်းခံစားမိပါတယ်.. ဒီလိုမျိုး အချိန် ငွေ လူအင်အားများနဲ့ လုပ်ပေးတဲ့ အဖွဲ့သားအားလုံးကို အတိုင်းမသိ ကျေးဇူးတင်ပါတယ်.. ကျွန်တော်တို့တောင်ကြီးသားတွေက စိတ်ရင်းစေတနာ ဘယ်လောက်ထက်သတန်သလဲ.. ပြီးတော့ ကိုယ့်ရဲ့မွေးရပ်မြေကို ခွဲခွါပြီး အဝေးတစ်နေရာကိုရောက်နေကြတဲ့ ကျွန်တော်တို့လို လူမျိုးတွေကို ကြည့်ရူ့ခံစားခွင့်ပေးတဲ့အတွက်လည်း တော်ရုံတန်ရုံစိတ်နဲ့ဆိုရင် ဘယ်လုပ်နိုင်ပါ့မလဲ..။ အခုက တစ်ကမ္ဘာလုံးမှာရှိကြတဲ့ မြန်မာလူမျိုးတွေတင်မက တစ်ခြားသော နိုင်ငံခြားသားတွေပါ စိတ်ပါလက်ပါ ကြည့်ရူ့နေတာကို မြင်ရတော့.. အားလုံးအတွက် ဂုဏ်ယူမိပါတယ်.. ဘာဘဲပြောပြော တောင်ကြီးသားတစ်ယောက်ဖြစ်ရတာ.. အမြဲဂုဏ်ယူနေပါတယ်...

    အားလုံးကို ကျေးဇူးတင်စွာဖြင့်...
    ကြယ်စင်မင်း။
    www.kingofstar7.com

    ReplyDelete
  4. Thank u very much everybody, thank u, really thanks to everybody especially on who has done everythings for this blog & live.

    ReplyDelete
  5. ကိုအောင်မိန်းတို့ ကိုနေလင်းတို့ ကိုကျော်စွာတို့ အားလုံးအားလုံးကို အရမ်းအရမ်း ယင်းလီပါတယ်ဗျို့

    တနှစ်လုံးလွမ်းလာသမျှ ဒီလိုက်ဖ်ကလေးနဲ့ ဖြေရပါတယ် ပထမဆုံးမီးပုံးတက်လာတုန်းက မျက်ရည်တောင်ကျမိပါတယ်

    အရမ်း ကျေးဇူးတင်တယ် အရမ်းလွမ်းတယ် တောင်ကြီးရေ ပွဲခင်းရေ မီးပုံးရေ တောင်ချွန်းရေ အစားအသောက်တွေရေ ဂျီစီစီရေ

    ခင်မင်သော
    ပိတောက်လမ်း

    ReplyDelete
  6. “ကျေးဇူးတင်ပါတယ်၊ အခုလို ကြည့်ရှူခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်” ဆိုတဲ့ စကားနှစ်ခွန်းနဲ့ မလုံလောက်မှန်း သိပေမယ့် တောင်ကြီးချယ်ရီမြေအဖွဲ့သားရဲ့ စေတနာကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါတယ်။

    အခုလို ရှမ်းပြည်နယ် တောင်ကြီးမြို့ရဲ့ အစည်ကားဆုံး ပွဲတော် “တန်ဆောင်တိုင်ပွဲ” ကို မြန်မာပြည်ရဲ့ အွန်လိုင်းကနေ ဒုတိယအကြိမ် တိုက်ရိုက်ထုတ်လွှင့် ပြသနိုင်ခဲ့တဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်။ ကြားသာကြားဖူးပြီး မရောက်ဖူးကြတဲ့ လူတွေ ကြည့်ရှူနိုင်အောင် အခုလို တိုက်ရိုက်ထုတ်လွှင့်ပေးပြီး တောင်ကြီးတန်ဆောင်တိုင်ကို မိတ်ဆက်ပေးခဲ့တဲ့အတွက်လည်း ဝမ်းသာလှပါတယ်။

    တကယ်တော့ တောင်ကြီးချယ်ရီမြေအဖွဲ့သားတွေ အင်အားမများပါဘူး။ ၁ဝယောက်တောင် မရှိဘူးလို့ ထင်ပါတယ်။ ဒီလောက်လူနည်းနည်းနဲ့ LIVE အစီအစဉ်ကို အမှားအယွင်းမရှိ၊ ဘက်ပေါင်းစုံကနေ ကြည့်ရှူနိုင်အောင် စီစဉ်ပြသပေးတဲ့ တောင်ကြီးသားတွေရဲ့ စည်းလုံးမှုကို ဒီတိုက်ရိုက်ထုတ်လွှင့်တဲ့ LIVE အစီအစဉ်က သက်သေပြနေပါပြီ။

    စည်ကားတဲ့ “တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲ”ကို ကမ္ဘာ့အရပ်ရပ်က မြန်မာတွေ သိမြင်ခံစားခွင့်ရအောင် စီစဉ်ဆောင်ရွက်ပေးတဲ့ တောင်ကြီး ချယ်ရီမြေအဖွဲ့သားအားလုံး စိတ်ကျန်းမာ၊ ကိုယ်ကျန်းမာကြစေဖို့ ဒီတန်ဆောင်တိုင် မီးထွန်းပွဲနဲ့အတူ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

    တောင်ကြီးချယ်ရီမြေအဖွဲ့သား အားလုံး မှိုင်းဝတဲ့ မီးပုံးပျံလို အတက်သို့ အမြဲပျံတက်နိုင်ပါစေ...း)

    ခင်တဲ့
    နိုင်းနိုင်းစနေ

    ReplyDelete
  7. အနော် ကချင်လေး ငချက်လဲ ဒီမှာ လာရေးပေးပါတယ်။ ခင်တဲ့ညီအစ်ကို တွေရဲ့ ကြိုးပမ်းမှုကြောင့် ဒီလို မျိုး ကျွန်တော်တို့လို အိမ်နဲ့ဝေးနေတဲ့လူတွေ ဘာဘဲ ပြောပြော အမှတ်တရ အနေနဲ့ဒီလို ပွဲကိုကြည့်နိုင်အောင် ကြိုးစားပေးတဲ့ ညီအစ်ကို များကို ကျေးဇူးတင်ပါတယ်ဗျာ။ကျွန်တော့်ကို သူငယ်ချင်းတွေက ကချင်နဲ့ တောင်ကြီးပွဲဘာဆိုင်လဲတဲ့ ဒါပေမဲ့ မြန်မာပြည်မှာ မွေးမြန်မာပြည်မှာ ကြီးပြီးတော့ ပွဲကို တစ်ခေါက်သာရောက်ဘူးတဲ့ ကျွန်တော့်အတွက် က မွေးရပ်မြေက ပွဲလမ်းသဘင်တိုင်းဟာ မမေ့နိုင်တဲ့အရာတွေမို့လို့ပါ။

    ReplyDelete
  8. ကျေးဇူးတင်ပါတယ်၊ အခုလို ကြည့်ရှူခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်” ဆိုတဲ့ စကားနှစ်ခွန်းနဲ့ မလုံလောက်မှန်း သိပေမယ့် တောင်ကြီးချယ်ရီမြေအဖွဲ့သားရဲ့ စေတနာကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါတယ်။

    ReplyDelete
  9. Thanks millions for those who tried for web casting of our Hot Air Balloons Festival of Taunggyi.And the c box of taunggyicherryland.com should get the world most fastest c box chatting :P...

    ReplyDelete
  10. အားလုံးကိုကျေးဇူးတင်ပါတယ်။ တိုက်ရိုက်ထုတ်လွှင့်ပေးတဲ့ စတူဒီယို ၃၅၊ ကိုကျော်စွာ၊ကိုအောင်မိန်း ၊ကိုတေဇာ၊ အဝေးရောက် ကိုရဲမြန်မာ စသည်တောင်ကြီးချယ်ရီအဖွဲ့သားအားလုံးကို ကျေးဇူးပါ။ တောင်ကြီးသူမဟုတ်ပေမယ့် တန်ဆောင်တိုင်ကို နှစ်တိုင်းလိုလိုသွားရောက်အားပေးခဲ့သူပါ။မနှစ်က မထင်မှတ်ပဲ တိုက်ရိုက်ထုတ်လွှင့်မယ် ဆိုတာသိရကတည်းက အသိတွေကို ဝမ်းသာအားရလိုက်ကြော်ငြာခဲ့တာ။ ဒီလိုမျိုးစောင့်ကြည့်အားပေးသူတွေအများကြီးရှိပါတယ် လို့ ပြောပါရစေ။ထုတ်လွှင့်ပေးသူတွေ အားပိုရှိအောင်ပါရှင်။ ကျွန်မတို့လိုအဝေးရောက် မြန်မာတွေက နီးစပ်ရာနိုင်ငံခြားအသိုင်းအဝိုင်းတွေကို ဒီလိုရိုးရာပွဲမျိုးပြောပြရင်း ဂုဏ်ယူနေကြပါတယ် လို့။ရွှင်လန်းချမ်းမြေ့ပါစေ ။

    ReplyDelete
  11. ပြောမပြတတ်လောက်အောင် ကျေးဇူးတင်မိပါတယ်၊ ရင်းနှီးမှုတွေ ဒီထက် ခိုင်မြဲပါစေဗျာ။

    ReplyDelete
  12. Thz Q so much all my bro!_! Miss tgi ..

    ReplyDelete
  13. ကျေးဇူးတင်တဲ့အကြောင်းကို အမှတ်တရ ရေးထားခဲ့တယ်....
    Taunggyi တင်ထားတဲ့ပို့စ်တွေထဲက စာသားတစ်ခုကို လဲ သတိတရ လေးစားစိတ်နဲ့ ထပ်ရေးလိုက်တယ်
    "ငါကတော့သူများတွေအလင်းရနိုင်အောင်..ခဏတာ အမှောင်ပျောက်လို့ငါ့ကိုယ်ငါ လောင်မြိုက်ရမယ်ဆိုရင်လဲ..ပိုးစုံးကြူးတစ်ခုသာသာ အလင်းဖြစ်ပါစေရဲဝံ့စွာနဲ့ ငါ စတေးရဲတယ်..ဒီလမ်းကိုပဲ ငါရွေးမယ်."
    အဝေးမြေကနေ ငါတို့တွေကြည့်ခွင့်ရတာထက်...အိုးစည်သံတွေကြောင့် အလွမ်းနဲနဲဖြေသာနိုင်သွားတာတွေထက် တောင်ကြီးဆိုတဲ့ စိတ်တစ်ခုထဲနဲ့ မင်းတို့ လုပ်ဆောင်နိုင်တာ ကို ငါဂုဏ်ယူတယ်.. ..
    တစ်နှစ်တော့ အရောက်ပြန်ခဲ့မယ်.. ကိုယ့်အကိုမောင်နှမတွေကို ကူညီရုံသက်သက်ပေါ့...

    ReplyDelete
  14. ဘယ်လိုပြောပြီး ကျေးဇူးတင်ရမှန်းကို မသိပါဘူးဗျာ.. တကယ်ကို ၀မ်းသာပီတိဖြစ်ရပါတယ် ကျနော်တို့လို ကိုယ်မြို့လေးနဲ့ ခွဲနေရတဲ့သူတွေအတွက် ဒီဆိုဒ်လေးဟာ အဖိုးမဖြတ်နိုင်အောင် တန်ဖိုးကြီးမားလှပါတယ် အကိုတို့ရေ... အရမ်းဝမ်းသာတယ်ဗျာ တောင်ကြီးသားဖြစ်ရတာ ဂုဏ်ယူတယ်ဗျာ ကျနော်တို့ တောင်ကြီးသားတွေ လူများတကာနဲ့ ကောင်းကောင်း ယှဉ်ဘောင်တန်းနိုင်တယ် ဆိုတာ ကျနော် လက်တွေ့မြင်နေရပြီဗျ... ကိုအောင်မိန်း၊ကိုနေလင်း၊ကိုကျော်စွာတို့ တဖွဲ့သားလုံးကို ရင်ထဲကနေ ကျေးဇူးအထူးတင်မိပါတယ် နောက်နှစ်များမှာလဲ ဒီလိုမျိုး ထပ်လွှင့်ပေးနိုင်ပါစေလို့ ကျနော် ဆုတောင်းပေးနေပါတယ်...

    ReplyDelete
  15. ကျေးဇူးအထူး။ ဝမ်းသာပါတယ်၊ ဝမ်းလဲနည်းတယ် ဒီနှစ်ဘာမှ မကူညီပေးနိုင်တဲ့အတွက်

    အားလုံး ကျန်းမာရေးလဲ ဂရုစိုက်ကြဦးနော်

    ReplyDelete
  16. မင်္ဂလာပါ တောင်ကြီးချယ်ရီမြေ

    ကျနော်ကတော့ တောင်ကြီးသားတစ်ယောက်မဟုတ်သလို တောင်ကြီးကိုလည်း တစ်ခေါက်မှ မရောက်ဖူးပါဘူး။ ဒါပေမယ့် ဒီပွဲကိုတော့ အားလုံးသောတောင်ကြီးသားတွေနဲ့ အတူ အားရပါးရ အားပေးမိတယ်။

    ကိုယ့်နိုင်ငံက ရိုးရာယဉ်ကျေးမှု အစဉ်အလာတွေကို အားလုံးသိအောင် အခက်အခဲတွေကြားက ကြိုးစားတင်ပြပေးတဲ့ အပင်ပန်းခံပေးတဲ့ တောင်ကြီးသားတွေကို ချီးကျူးပါတယ်ဗျာ။ နောက်ပြီး မအားမလပ်ကြတဲ့ကြားထဲက ဒီပွဲကို အချိန်ပေးပြီးအားပေးကြတဲ့ တောင်ကြီးသားတွေရဲ့ စည်းလုံးညီညွတ်မှုကိုလည်း အားကျအတုယူမိပါတယ်။

    နောက်နှစ်များမှာလည်း ဒီလိုမျိုး လွှင့်ပေးနိုင်ပါစေဗျား။

    ReplyDelete
  17. '' မုန်းလတန်ဆောင် ဒီလက်ဆောင် ''
    ဆေးပေါင်းခတဲ့
    ဒီမုန်းလမှာ
    နှင်းရည်ပက်ကျဲ
    တန်ဆောင်ပွဲ၌
    မီးတစ်လုံးပျံ
    မျက်တစ်ပေါက်ခ
    လွမ်းလှပါဘိလေ...

    မျက်မြင်တည့်ထိ
    မမြင်ရလည်း
    ရုပ်နှင့်အသံ
    လွမ်းပြေကြည့်ရန်
    စီမံဖန်ဆင်း
    ချယ်ရီ land အား
    ကျေးဇူးထူးတင်လေ...

    မျိုးနှင့်ရိုးရာ
    ဤပွဲတော်အား
    စဉ်လာမပျက်
    ခရီးဆက်ရန်
    တောင်ပိုင်းနွယ်ဖွား
    တောင်ကြီးသားတို့
    မွေခံထိုက်နိုင်စေ...

    ရပ်ဝေးမြေခြား
    တောင်ပိုင်းသားတို့
    ပွဲတော်တန်ဆောင်
    မြဲစဉ်ပျော်အောင်
    မြောက်ပိုင်းနွယ်ဖွား
    လားရှိုးသားမှ
    တောင်းဆုမေတ္တာဝေ...

    တောင်ပိုင်းသားများ အတွက် လက်ဆောင်ပါ..

    စိုင်းလားရှိုး

    ReplyDelete
  18. ကျနော်လည်း ဘယ်လိုပြောရမှန်းမသိပါဘူးဗျာ.... ဒီလိုမျိုးစိတ်နဲ့ online မှာ ပြသပေးလိုက်တဲ့ အစ်ကိုတွေအစ်မတွေ တောင်ကြီးချယ်ရီလမ်းအဖွဲ့ သားတွေကို လေးစားတယ်ဗျာ.... လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်ဗျာ..... နောင်နှစ်တွေမှာလည်း ဒီလိုဘဲ အဆင်ပြေစွာ ပြသနိုင်ပါစေလို့  ဆုတောင်းပါတယ်ဗျာ.... တောင်ကြီးချယ်ရီလမ်းအဖွဲ့  အောင်မြင်ပါစေဗျာ..

    အမြဲလေးစားလျက်...
    ညီလေး စနေသား(နိုင်နိုင်)

    ReplyDelete
  19. Thanks a lot to look your web and it makes me happy and amusing....as i can't return to Taunggyi and want to participate in it a lot.... ... အဝေးရောက်နေသူတွေအတွက် တကယ်ကို တန်ဖိုးမဖြတ်နိုင်တဲ့ link လေးပါ။ တောင်ကြီးချယ်ရီမြေ အဖွဲ့သားအားလုံးကို အခက်အခဲတွေကြားက ကြိုးစားပြီး အားလုံးမြင်နိုင်အောင် မျှဝေပေးတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်... အဝေးရောက်နေသူတွေ အတွက် တကယ့်ကို တောင်ကြီးမြေရဲ့ တန်ဆောင်တိုင်ပွဲကို အလည်ပြန်ရောက်ခွင့်ရလိုက်သလိုပါပဲ။

    ReplyDelete
  20. ချယ်ရီမြေအဖွဲ့သားတွေရဲ့ ကြိုးစားမှုကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ အဝေးမှာရောက်နေပေမယ့် တောင်ကြီးတန်ဆောင်တိုင်ရဲ့ရင်ခုန်သံတွေကို လတ်လတ်ဆတ်ဆတ် ခံစားခွင့်ရနိုင်တာဟာ ဒီ web လေး ကျေးဇူးကြောင့်ပါ။ သူငယ်ချင်းတွေကိုလည်းမျှဝေပေးလိုက်ပါတယ် ချယ်ရီမြေရေ....

    ReplyDelete
  21. ကျမတို့လို ကိုယ့်မြို့လေးကနေ ရပ်ဝေး တနယ်တကျေးရောက်နေတဲ့၊ တန်ဆောင်တိုင်ချစ်တဲ့ သူတွေ အတွက် တောင်ကြီးချယ်ရီမြေဆိုတဲ့ တောင်ကြီးသားတွေ တောင်ကြီးကိုချစ်တဲ့သူတွေ ဆုံဆည်းရာ ဘလော့ဂ်လေးက တောင်ကြီးတန်ဆောင်တိုင်ရဲ့ပုံရိပ်လေးတွေကို ပွဲတော်ညတိုင်း တိုက်ရိုက်ထုတ်လွှင့်ပြသပေးခဲ့တာကို ကျေးဇူးသိပ်တင်မိပါတယ်။

    နောက်ပြီးတော့ ဒီလိုလွှင့်ပေးတဲ့ ကိုအောင်မိန်း၊ ကိုကျော်စွာ၊ ကိုနေလင်းတို့ ချယ်ရီမြေ အဖွဲ့ကို တကယ် ကျေးဇူးတင်ပါတယ်။ နောက်ပြီး အခက်ခဲတွေကြားက ဒီလိုဖြစ်အောင် လုပ်ပေးလို့ ကြိုးစားပေးလို့ ချီးကျူးပါတယ် လေးစားပါတယ်။

    အိုင်တီနည်းပညာတွေ ထွန်းကားလာတာကိုလည်း ကျေးဇူးတင်ရမှာပါ။ တိုက်ရိုက်ထုတ်လွှင့်ချိန် အတွင်းမှာဆိုရင် ကျမတို့ တောင်ကြီးသူတောင်ကြီးသားတွေသာ မကပါဘူး တောင်ကြီးတန်ဆောင်တိုင်ကို မြတ်နိုးကြသူတွေဟာလည်း ဒီဘလော့ဂ်လေးကို တက်ကြည့်ကြတာ ပျော်စရာပါ။

    ကျမတို့ အဝေးရောက် တောင်ကြီးသားတွေမှာတော့ အဲဒီ ဘလော့ဂ်မှာ တက်ကြည့်ကြပြီး ဘေးနားလေးက Cbox မှာ တယောက်တပေါက် ထင်မြင်ချက်တွေပေးကြ၊ ထွေရာလေးပါးတွေ ပြောကြ၊ မိတ်ဖွဲ့ကြ၊ စကြ နောက်ကြနဲ့ တကယ့်ကို မီးပုံးပျံလွှတ်တဲ့ ကွင်းထဲကို ရောက်သွားသလိုပါပဲ။

    မီးပုံးပျံများ တက်လာပြီဆိုရင်ဖြင့် “ဝေး ဝေး လှတယ်ကွာ” စသဖြင့် စာတွေ Cboxထဲမှာ အလုအယက်ရိုက်ကြတာ ဖတ်လို့တောင် လိုက်မမှီနိုင်အောင်ပါပဲ။ အပြင်မှာသာဆိုရင် ဒီလူအုပ်နဲ့ တော်တော်ဆူညံလိုက်မယ့် အဖွဲ့ပါပဲ။

    ဒီကြားထဲမှာ သူတို့ရဲ့ ကွန်ပြူတာမှာ ကြည့်မရလို့ “ထစ်နေပြီ လုပ်ပါအုံး တို့တော့ မမြင်ရဘူး၊ ဘာမီးလဲ၊ တက်သွားပလား၊ လှလားဟင်” ဆိုပြီးမေးတဲ့ စာတွေကလည်း ပလူပျံလို့။ “တက်နေပြီ၊ မမြင်ရရင် ဒီလိုလုပ်”ဆိုပြီး ပြန်ကူညီ ပြောပြပေးတဲ့ စာလေးတွေကလည်း အပုံအပင်။

    ကျမ ကိုယ်တိုင်လည်း အင်တာနက် connection ကျသွားလို့ မမြင်ရလို့ Cbox ထဲမှာ အော်ဖူးတယ်လေ။ အဲ .. တိုက်ရိုက်လွှင့်နေတာမှာ အိုးစည်သံတွေ ကြားပြီး သူများတွေ ကနေပြီ ဆိုရင်ဖြင့် မနေနိုင်အောင်ကို လိုက်ဆို လိုက်ကမိတာ။ အခန်းထဲ တယောက်ထဲ ရှိပေလို့သာပဲ။ မဟုတ်ရင် ရူးနေတယ်များ ထင်မှတ်ရလောက်အောင်ကို ကျမတို့ တောင်ကြီးသားတွေရဲ့ မီးပုံးပျံပိုးက ရှိတာ။

    ဒီဆိုဒ်ကို တက်ကြည့်နေတဲ့ အဝေးရောက် တောင်ကြီးသားတွေရော၊ တောင်ကြီးကိုချစ်တဲ့သူတွေရော အားလုံးသာ တောင်ကြီးက မီးပုံးပျံကွင်းထဲသာ ရောက်သွားလိုက်ရင်ဖြင့် ကွင်းတခုလုံး ဆူညံနေမှာပဲနော်။

    ဘာပဲ ဖြစ်ဖြစ်ပါ .. ၂၀၀၈ မီးပုံးပျံပွဲကတော့ ပြီးသွားပြီ။ နောင်နှစ် နောင်နှစ်တွေမှာလဲ တို့တောင်ကြီးသားတွေ ဒီတောင်ကြီး ချယ်ရီမြေမှာ ပျော်ပျော်ပါးပါး ပြန်ဆုံကြတာပေါ့နော်။

    ReplyDelete