အလွမ်းတစ်ဆင်စာ ဆင်မြန်းထားတဲ့...ည
ဒီဇင်ဘာရနံ့က သူစိမ်းဆန်လွန်းတယ်..
ပက်ကြားအက် ရင်ဘတ်ထဲ မီးလင်းဖိုလေးတစ်ခုက
မြူမှုန်ရိပ်တွေနဲ့... ရဲရဲတောက်
ဟောဒီနယ်မြေရဲ့ ဒိုင်ယာရီစာအုပ်ကြားမှာ
တပတ်နွမ်း ခွာညိုခြောက်တွေ သုံးခါမြောက်သေခဲ့ပြန်ပြီ ...
...လစ်ဟခြင်းတွေ တောင်စင်ရေမရဘူး...
လေအဝှေ့မှာ လွှင့်ဝင်လာတဲ့ မြို့ပြလျှပ်ရောင်ထဲ
တဖျက်ဖျက်လက်နေခဲ့...
" ဆွေးမျက်ရည်"
SeinLae Vs မြငြိမ်းငယ်
30th-Dec-2008
Monday, December 29, 2008
Wednesday, November 26, 2008
2008 တန်ဆောင်တိုင်မီးပုံးပျံအခွေ
ကျွန်တော်တို့ တောင်ကြီးချယ်ရီမြေအဖွှဲ့သားတွေ ရိုက်ကူးထားတဲ့ ဒီနှစ် မီးပုံပျံအခွေကို တင်ပေးလိုက်ပါပီ ဒီအခွေကို ကျွန်တော်တို့ အပြင်မှာ အခကြေးငွေနဲ့ ရောင်းချခြင်းမျိုး လုံးဝမရှိပါ အင်တာနက်ပေါ်မှ အားပေးတဲ့အဝေးရောက် တောင်ကြီးကသူငယ်ချင်းတွေ အတွက် အမှတ်တရ အနေနဲ့ တင်ပေးရခြင်း ဖြစ်ပါတယ်..
မှတ်တမ်း (၁)
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
မှတ်တမ်း (၂)
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
မှတ်တမ်း (၃)
အပိုင်း(၁)
အကုန်တင်ပေးလိုက်ပါပီဗျာ... ကြိုက်သလိုအဆင်ပြေသလိုယူသုံးနိုင်ပါတယ်ဗျာ..
မှတ်တမ်း (၁)
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
မှတ်တမ်း (၂)
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
မှတ်တမ်း (၃)
အပိုင်း(၁)
အကုန်တင်ပေးလိုက်ပါပီဗျာ... ကြိုက်သလိုအဆင်ပြေသလိုယူသုံးနိုင်ပါတယ်ဗျာ..
2008 တန်ဆောင်တိုင်နှင့် ကျေးဇူးတင်လွှာ
ပထမဆုံးအနေနဲ့ တောင်ကြီးအထိ လာပြိး တိုက်ရိုက်ထုတ်လွှင့်ပေးတဲ့ studio 35 အဖွှဲ့သားများနှင့် ကျွန်တော်တို့ အခက်ခဲတွေ့ တိုင်း ကူညီပေးတဲ့ ကိုအာကာ( studio 35 ) အင်တာနက် လိုင်း အခမဲ့ အသုံးပြုခွင့်ပေးတဲ့ မြန်မာ့ဆက်သွယ်ရေး ပြည်နယ်မန်နေဂျာ အစစအရာရာ စီစဉ်ပေးတဲ့ ဦးစိုင်းလုံကျော် ( MCPA ) အင်တာနက် လိုင်းလာရောက်တပ်ဆင်ပေးတဲ့ ဦးမျိုး (ADSL) တို့ကို ဒီနေရာကနေ တောင်ကြီးချယ်ရီ ဘလော့မှ လှိုက်လဲစွာကျေဇူးတင်ပါတယ် ။ နောက် ပြီးတော့ Media Server account ဝယ်ဖို့ လှူဒါန်းပေးတဲ့ ကိုခွန်လေဇာ နှင့် မနန်းကြာမွန်း .... အကောင့်ဝယ်ပေးတဲ့ မွန်မွန်း နဲ့ သူရိန်ညို သူတို့ကင်မရာလေးတွေကို ယုံကြည်စွာနဲ့  ငှားလိုက်ကြတဲ့ ကိုချမ်း ကိုရဲမြန်မာ ကိုကလော တို့ကိုလဲ ကျေဇူးအထူးတင်ရှိပါတယ် ... နောက်ဆုံးအနေနဲ့ အိပ်ရေးအပျက်ခံပြီး အားပေးကြတဲ့ အွန်လိုင်းပေါ်မှ သူငယ်ချင်းများ ... အဝေးရောက်နေကြတဲ့ တောင်ကြီး သူ တောင်ကြီးသားများ ကို လဲ ကျေဇူးအထူးတင်ရှိပါတယ် ...
အထူးကျေးဇူးတင်ပါသည် ( ၂၀၀၈ တန်ဆောင်တိုင် )
ဓါတ်ပုံတွေ အားလုံးအတွက် ကျေးဇူးပါ..တန်ဆောင်တိုင် ပြီးသွားပေမယ့်လည်း ညတိုင်း စီဘောက်စ်မှာ လူတွေ စည်ကားစဲပဲ။ ကျွန်တော်တို့ အားလုံးအတွက် မမေ့နိုင်တဲ့ အမှတ်တရ များစွာထဲက တစ်ခုအနေနဲ့ ရင်ထဲမှာ အမြဲရှိနေမှာပါ....
တိုက်ရိုက်ထုတ်လွှင့်ပေးခဲ့တဲ့ studio 35 ရယ် ၊ အွန်လိုင်း ပရိတ်သတ်များအတွက် တောင်ကြီးမြို့ပေါ်ကနေ အားကြိုးမာန်တက် စိတ်ရော ကိုယ်ပါ နှစ်ပြီး ကြိုးစားပေးခဲ့ကြတဲ့ ကိုအောင်မိန်း၊ ကိုကျော်စွာ၊ ကိုတေဇာ၊ ကိုအောင်မိုး ၊ ကိုအောင်ပန်းတောင်း ရယ် ၊ ပြီးတော့ ငွေအားဖြင့် ကူညီပေးခဲ့တဲ့ ကိုခွန်လေဇာ နှင့် မနန်းကြာမွန်း တို့အားလုံးကို နာမည်နှင့် တကွ ထုတ်ဖော်ရေးသားဂုဏ်ပြုလိုပါတယ် ။ နောက်ပြီး ဒီအစီအစဉ် ဖြစ်မြောက်အောင် စတင်ကောင်အထည်ဖော်ရာမှာ ပါဝင်ခဲ့တဲ့ ကိုရဲမြန်မာ ၊ ကိုချမ်းတို့ ကိုလည်း ကျေးဇူးတင်ရှိနေပါကြောင်း အမှတ်တရ ရေးသားချင်ပါသေးတယ် ။
သူတို့အားလုံးကို ကိုလားရှိုး ( ရှင်ရဲထွတ် ) ရဲ့ အမှတ်တရ ကဗျာလေးနဲ့ မနိုင်းနိုင်း စနေနဲ့ မစိမ်းလဲ့ တို့ရဲ့ ကောမန့် ထဲက စာသားလေးတွေနဲ့ ထပ်မံဂုဏ်ပြုချင်ပါတယ်..။
ကိုလားရှိုး....
မနိုင်း....
မစိမ်းလဲ့....
Taunggyi တင်ထားတဲ့ပို့စ်တွေထဲက စာသားတစ်ခုကို လဲ သတိတရ လေးစားစိတ်နဲ့ ထပ်ရေးလိုက်တယ်...
နောင်နှစ်များမှာ ဒီလိုကြည့်ရှု့ဖို့ အခွင့်အရေး ရှိအုံးမယ့်သူတွေအားလုံး ဒီနေရာလေးမှာပဲ ပျော်ပျော်ပါးပါး ပြန်ဆုံကြရအောင်........

"မျက်မြင်တည့်ထိ
မမြင်ရလည်း
ရုပ်နှင့်အသံ
လွမ်းပြေကြည့်ရန်
စီမံဖန်ဆင်း
ချယ်ရီ land အား
ကျေးဇူးထူးတင်လေ"
"မျိုးနှင့်ရိုးရာ
ဤပွဲတော်အား
စဉ်လာမပျက်
ခရီးဆက်ရန်
တောင်ပိုင်းနွယ်ဖွား
တောင်ကြီးသားတို့
မွေခံထိုက်နိုင်စေ"
မမြင်ရလည်း
ရုပ်နှင့်အသံ
လွမ်းပြေကြည့်ရန်
စီမံဖန်ဆင်း
ချယ်ရီ land အား
ကျေးဇူးထူးတင်လေ"
"မျိုးနှင့်ရိုးရာ
ဤပွဲတော်အား
စဉ်လာမပျက်
ခရီးဆက်ရန်
တောင်ပိုင်းနွယ်ဖွား
တောင်ကြီးသားတို့
မွေခံထိုက်နိုင်စေ"
မနိုင်း....
“ကျေးဇူးတင်ပါတယ်၊ အခုလို ကြည့်ရှူခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်” ဆိုတဲ့ စကားနှစ်ခွန်းနဲ့ မလုံလောက်မှန်း သိပေမယ့် တောင်ကြီးချယ်ရီမြေအဖွဲ့သားရဲ့ စေတနာကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါတယ်"
မစိမ်းလဲ့....
Taunggyi တင်ထားတဲ့ပို့စ်တွေထဲက စာသားတစ်ခုကို လဲ သတိတရ လေးစားစိတ်နဲ့ ထပ်ရေးလိုက်တယ်...
"ငါကတော့သူများတွေအလင်းရနိုင်အောင်..ခဏတာအမှောင်ပျောက်လို့ငါ့ကိုယ်ငါ လောင်မြိုက်ရမယ်ဆိုရင်လဲ..
ပိုးစုံးကြူးတစ်ခုသာသာ အလင်းဖြစ်ပါစေရဲဝံ့စွာနဲ့ ငါ စတေးရဲတယ်..ဒီလမ်းကိုပဲ ငါရွေးမယ် "
"အဝေးမြေကနေငါတို့တွေကြည့်ခွင့်ရတာထက်...အိုးစည်သံတွေကြောင့် လွမ်းနဲနဲဖြေသာနိုင်သွားတာတွေထက်
တောင်ကြီးဆိုတဲ့ စိတ်တစ်ခုထဲနဲ့ မင်းတို့ လုပ်ဆောင်နိုင်တာ ကို ငါဂုဏ်ယူတယ် "
ပိုးစုံးကြူးတစ်ခုသာသာ အလင်းဖြစ်ပါစေရဲဝံ့စွာနဲ့ ငါ စတေးရဲတယ်..ဒီလမ်းကိုပဲ ငါရွေးမယ် "
"အဝေးမြေကနေငါတို့တွေကြည့်ခွင့်ရတာထက်...အိုးစည်သံတွေကြောင့် လွမ်းနဲနဲဖြေသာနိုင်သွားတာတွေထက်
တောင်ကြီးဆိုတဲ့ စိတ်တစ်ခုထဲနဲ့ မင်းတို့ လုပ်ဆောင်နိုင်တာ ကို ငါဂုဏ်ယူတယ် "
နောင်နှစ်များမှာ ဒီလိုကြည့်ရှု့ဖို့ အခွင့်အရေး ရှိအုံးမယ့်သူတွေအားလုံး ဒီနေရာလေးမှာပဲ ပျော်ပျော်ပါးပါး ပြန်ဆုံကြရအောင်........
Wednesday, November 12, 2008
Monday, November 10, 2008
Sunday, November 9, 2008
Saturday, November 8, 2008
ပရိတ်သတ်များရဲ့ ကျေးဇူးတင်လွှာ ( ၂၀၀၈ တန်ဆောင်တိုင် )
အခုဆိုရင် တောင်ကြီးတန်ဆောင်တိုင်ပွဲကြီး ကျင်းပနေတာ ၃ ရက်ကျော်လာပါပြီ။
တန်ဆောင်တိုင်ပွဲကို ကိုယ်တိုင်ကိုယ်ကျ ဆင်နွှဲရတဲ့ သူတွေအတွက် သိပ်မထူးဆန်းပေမယ့် အဝေးရောက်နေတဲ့ တောင်ကြီးသူတောင်ကြီးသားများအနေနဲ့ကတော့ တန်ဆောင်တိုင်ပွဲကို တမ်းတမိကြပါသည်။ ထိုဆန္ဒကို ဖြည့်ဆည်းပေးရန်အတွက်လည်း တောင်ကြီးမှာရှိနေတဲ့ တောင်ကြီးချယ်ရီအဖွဲ့သားများက စိတ်ရောကိုယ်ပါ နှစ်ပြီး ဒီလို တိုက်ရိုက်ကြည့်ရှု့ နိုင်ရန်အတွက် အပင်ပန်းခံ ထုတ်လွှင့်ပေးနေသည်မှာလည်း အားလုံးအသိပါ။
မနှစ်ကတော့ လူအင်အားများများနဲ့ ဘက်ပေါင်းစုံမှ အသီးသီးတာဝန်ယူကာ ထုတ်လွှင့်နိုင်ခဲ့၍လည်း ရှိုးပွဲတွေ၊ ပွဲဈေးတန်းအလှတွေ၊ မီးပုံးပျံလွှတ်တင်ပုံတွေကို ဓါတ်ပုံအနေနဲ့ကော၊ ဗီဒီယို ဖိုင်အနေနဲ့ပါ ရိုက်ကူးနိုင်၍ ပိုပြီး အားရမှုရှိပါသည်။ ဒီနှစ်မှာတော့ လူအင်းအား နည်းသွားသည်ကတစ်ကြောင်း ၊ ထုတ်လွှင့်မှု ကန့်သတ်ချက်တွေကြောင့် တစ်ကြောင်း မီးပုံးပျံလွှတ်တင်မှုတစ်ခုတည်းကိုသာ အလေးပေးလုပ်ဆောင်နိုင်ခဲ့တဲ့ အတွက် ကြည့်ရှု့သူများထံမှ အားမလို ၊ အားမရ အသံများကြာရပါသည်။ ဒါတွေကို နားလည်စေချင်တာကတစ်ကြောင်း၊ ရတဲ့ အခြေအနေနဲ့ အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်ပေးနေတာကို သိစေလိုတာကတစ်ကြောင်း ဒါကို ရှင်းပြခြင်းဖြစ်ပါတယ်။
နောက်တစ်ခုက ဒီလို ထုတ်လွှင့်ဖို့အတွက် ဘယ်လို ကြိုးစားခဲ့ရတာကိုပါ။
မြန်မာနိုင်ငံမှာ ပထမဆုံးအနေနဲ့ ဒီလိုပွဲမျိုးကို online ကနေတိုက်ရိုက်ထုတ်လွှင့်ဖို့ အတွက် အခက်အခဲတွေအမျိုးမျိုးရှိခဲ့တယ်ဆိုတာကို အားလုံးလဲသိမှာပါ။ လွှင့်ဖို့ အဆင်ပြေအောင် လူအင်အား၊ စက်အင်အား၊ အချိန် ၊ငွေ တွေ အကုန်အကျ ဆိုတဲ့ အပိုင်းရောက်လာတော့ သူတို့ရဲ့ စိတ်ထားကို သိလာရပြီလေ။ တော်ရုံစိတ်မျိုးနဲ့ မလုပ်နိုင်ဘူးဆိုတာကို သိစေချင်တာပါ။
ဒီနှစ်မှာလည်း ဒီလိုအခက်အခဲတွေကို ကျော်လွှားပြီး ဒီင်္အတိုင်းအတာအထိ ပြသပေးနိုင်အောင် ကြိုးစားပေးခဲ့တဲ သူတွေရဲ့ စေတနာ ကျွန်တောာ်တို့ အားလုံးအသိအမှတ်ပြုရမှာပါ။ ဒါကြောင့်လည်း ကျွန်တော်တို့ လို အွန်လိုင်းကနေအားပေးကြတဲ့ သူတွေအနေနဲ့ သူတို့ရဲ့ မွန်မြတ်တဲ့ စေတနာကို တုံ့ပြန်တဲ့ အနေနဲ့ ဒီပိုစ့်လေးမှာ ၀င်ရောက်ပြီး သူတို့အပေါ် ပြောချင်တဲ့ ကျွန်တော်တို့ ခင်ဗျားတို့ ရင်ထဲက စကားများကို ပြောကြရအောင်လားဗျာ။
ကျွန်တော်တို့အားလုံးဟာ သူတို့ရဲ့ စေတနာထားပြီး အနစ်နာခံတဲ့ စိတ်ထားကို အသိအမှတ်ပြုနေတာကို စိတ်ထဲက တင်မဟုတ်ပဲ စကားလုံးတွေနဲ့ ပြောကြမယ်ဆိုရင် သူတို့အားလုံးလဲ ဒီထက်ပိုပြီး အားရှိမှာပါ။ ဒီလိုလုပ်ခြင်းအားဖြင့်လည်း ဒီနှစ်တန်ဆောင်တိုင်ပွဲကို အွန်လိုင်းမှ ဘယ်သူတွေကြည့်ရှု့တယ် ဆိုတာလေးဟာလည်း အမှတ်တရအနေနဲ့ ရှိသွားမယ်လို့ စဉ်းစားမိပါတယ် ။ ဒါကြောင့် တောင်ကြီးတန်ဆောင်တိုင်ပွဲကို စိတ်ဝင်တစားကြည့်ရှု့ကြတဲ့ သူတွေအားလုံးကို ဖိတ်ခေါ်ပါတယ်။
ကဲ ခင်ဗျားတို့ ကျွန်တော်တို့ရဲ့ ရင်ထဲက သူတို့ကို ပြောချင်တဲ့ စကားတွေပြောရင်း ဒီပိုစ့်လေးအောက်မှာ တစုတစည်းတည်း အမှတ်တရ သိမ်းထားကြစို့လား….

Friday, November 7, 2008
Thursday, November 6, 2008
Tuesday, November 4, 2008
လွှတ်တင်မည့်မီးပုံးပျံစာရင်းများ
* စာရင်းမှားနေလို့ အသစ်ပြန်တင်ပေးထားပါတယ်
စိန်နာပန်း - ၃၀ လုံး
မီးကြီး - ၅၂ လုံး ( မီးပုံးပျံသမိုင်းမှာ မီးကြီး အများဆုံးနှစ်လို့သိရပါတယ် )
စုစုပေါင်း - ၈၂ လုံး
Sunday, November 2, 2008
တန်ဆောင်တိုင် နီးလာပြီ

တန်ဆောင်တိုင်ကြီးလည်း နီးလာပြီ။ အားလုံးကလည်း အဝေးရောက် တောင်ကြီးသူ၊ တောင်ကြီးသားတွေအားလုံးကလည်း online မှ မလွတ်တမ်း ညလုံးပေါက် အားပေးမယ်ဆိုတဲ့ စိတ်နဲ့ အားမွေးနေကြပြီ။ မနှစ်တုန်းကလည်း ကျွန်တော်တို့အားလုံး မီးပုံးပျံပွဲကြည့်ရင်း တစ်လုံးတက်သွားပြီးတိုင်း cbox မှာ ဘယ်သူက ဖြင့်ဆုမှန်းနိုင်တယ်..ဘယ်သူကဖြင့် ဘယ်လိုဆိုပြီး ဆွေးနွေးကြ၊ တစ်ယောက်နဲ့ တစ်ယောက်ခင်မင်စွာ စကြနောက်ကြရင် အဝေးရောက် တန်ဆောင်တိုင်ပွဲကို ပါဝင်ဆင်နွှဲခဲ့ကြသည်ကို ပြန်အမှတ်ရနေမည်မှာ အမှန်ပါ။တောင်ကြီးမြို့မှာ ရှိတဲ့ တောင်ကြီးချယ်ရီအဖွဲ့ သားများကလည်း ကျွန်တော်တို့ကို ၀က်သားချဉ် ၊ ဟင်းထုပ်တွေကို ရိုက်ပြရင်း စားကြအုံးမလားဆိုပြီး သွားရည်ကျအောင် လုပ်ကြပုံများမှာလည်း မမေ့နိုင်စရာပါ။ အခုလည်း သူတို့ အားလုံး တန်ဆောင်တိုင်ပွဲတော် ထုတ်လွှင့်ဖို့အတွက် အလုပ်ရှုပ်နေကြမည် ထင်ပါသည်။ ဒီအချိန်မှာ ကိုရဲမြန်မာကိုလည်း သတိရမိပါသည်။ သူကတော့ တောင်ကြီးချယ်ရီဘလော့လေးကို ဓါတ်ပုံများဖြင့် ဝေေ၀ဆာဆာ ဖြစ်အောင် တန်ဆာဆင်ပေးခဲ့သူတစ်ယောက်လည်း ဖြစ်သလို ဒီဘလော့လေးဖြစ်မြောက်လာဖို့ အတွက် အဓိကကျတဲ့ အခန်းမှ ပါဝင်ခဲ့သူလည်း ဖြစ်ပါသည်။ အခုတော့ သူက တောင်ကြီးမြို့ရဲ့ အဝေးမှာပေါ့။ သူ့လိုပဲ တောင်ကြီးမြို့ကို မခွဲချင်မခွာချင်ပဲ ဘ၀ရည်မှန်းချက်အတွက် ခွဲနေရသူများလည်း ရှိပါတယ်။ ကျွန်တော်သိသလောက် နောက်တစ်ယောက်က ကိုချမ်း ။ အခုတော့ စင်္ကာပူမှာပေါ့။ သူကလည်း ဘလော့ banner ဒီဇိုင်းလေးကို မရိုးအောင် ပြောင်းပေးတတ်သူတစ်ယောက်ပေါ့။
မနှစ်ကလောက် လူအင်အားမတောင့်တော့ပေမယ့် ကျွန်တော်တို့ လို အဝေးရောက်နေသူများကို ရှိတဲ့ အင်အားနဲ့ ပြသနိုင်ဖို့ ကြိုးစားနေတဲ့ အဖွဲ့သားများရဲ့ စေတနာမှာလည်း လေးစားဂုဏ်ပြုစရာပါ ။
အိုးစည် ဗုံမောင်း သံကြားတိုင်း ထပြီးကချင်တဲ့ စိတ်ကလည်း ကျွန်တော်တို့ တောင်ကြီးသူ ၊ တောင်ကြီးသားတွေ ရဲ့ ပိုးလို့ဆိုရမည်မလား။ ကျွန်တော်တို့ တောင်ကြီးချယ်ရီက မနိုင်းနိုင်းဆိုရင်လည်း ကျောင်းတုန်းက အကတော်သော ကျွန်တော်တို့ရဲ့ အစ်မကြီးပါ။ ကျွန်တော်ဆိုရင်လည်း သိပ်ပြီးမကတတ်ပါဘူး...ပုံကိုသာရှု့ စားတော်မူပါလေ....
ဒီပုံလေးကို ကြည့်ရင်း ကျွန်တော်တို့ ရဲ့ ငယ်စဉ်ဘ၀ကိုလည်း ပြန်လည် အမှတ်ရမိကြမည်ထင်ပါသည်။ ကျွန်တော်ပြောတာယုံပြီမလား။ ကျွန်တော်တို့အားလုံးဟာ သွေးထဲကနေ တန်ဆောင်တိုင်ကို ချစ်ကြတယ်ဆိုတာ။ တချို့ နားမလည်တဲ့ သူတွေပြောသလို လောင်သွားတဲ့ မီးပုံးပျံကို ကြည့်ရင်း မင်းတို့ဟာက ပိုက်ဆံကို မီးရှို့တာနဲ့တူနေဘူးလားကွာ ဆိုတိုင်း သူတို့နားလည်အောင် ရှင်းပြနိုင်တဲ့ စကားလုံးတွေကို ရှာမနေချင်တော့ပါဘူး..ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ သွေးထဲက လာတဲ့ ဆန္ဒကို သူတို့ ဘယ်လိုမှ ခံစားနိုင်မယ် မထင်လို့ပါ..( ကျွန်တော့် စိတ်ထဲပေါ်လာတဲ့ အမြင်လေးပါ)။
အခုလည်း သတင်းတွေဖတ်ရင်း သိရှိလာရတဲ့ သတင်းလေးကို မျှဝေရင်းအမှတ်တရ ရေးသားလိုက်ခြင်းသာ။ နောက်ဆက်တွဲ update သတင်းများကိုလည်း ကျွန်တော်တို့ အားလုံးစောင့်မျှော်နေပါကြောင့်နဲ့ အဖွဲ့သားတွေအားလုံး အဆင်ပြေပါစေကြောင်း ဆုတောင်ရင်း .....
နေလင်း
Wednesday, October 29, 2008
Aurora Way ကလေးပန်းချီပြပွဲ ပန်းချီကားများ
ကလေးတွေရဲ့လက်ရာတွေကိုခံစားကြည့်ဖို့တင်ပေးလိုက်ပါ။

“သူငယ်ချင်းရဲ့မွေးနေ့ပွဲ”
စိုင်းအောင်ဘုန်းမြတ်
col or pastel on col or- paper
35cm X 21cm

“အိမ်”
စိုင်းအောင်ဘုန်းမြတ်
col or pastel on col or- paper
35cm X 21cm

“ယုန်ကလေး”
Lဆိုင်းလီအောင်
col or pastel on col or- paper
35cm X 21cm

“တောင်ချွန်း”
Lဆိုင်းလီအောင်
col or pastel on col or- paper
35.5cm X 26.3cm

“လေကြမ်း”
စိုင်းအောင်ဘုန်းမြတ်
col or pastel on col or- paper
35cm X 21cm

“သမင်”
စိုင်းအောင်ဘုန်းမြတ်
col or pastel on col or- paper
35cm X 21cm

“ဆောင်းဦးနေ့”
စိုင်းအောင်ဘုန်းမြတ်
col or pastel on col or- paper
35cm X 21cm

“ဆင်ဖြူလေး”
စိုင်းအောင်ဘုန်းမြတ်
col or pastel on col or- paper
35cm X 21cm

“တန်ဆောင်တိုင်နေ့”
စိုင်းအောင်ဘုန်းမြတ်
col or pastel on col or- paper
35cm X 21cm

“ချောင်းသာည”
စိုင်းအောင်ဘုန်းမြတ်
col or pastel on col or- paper
35cm X 21cm

“မီးကြီးည”
Lဆိုင်းလီအောင်
col or pastel on col or- paper
35cm X 21cm

“တောင်ပြာတန်း”
Lဆိုင်းလီအောင်
col or pastel on col or- paper
35cm X 21cm

“ပန်းသီး”
Lဆိုင်းလီအောင်
col or pastel on col or- paper
35cm X 21cm

“ကမ်းခြေပြာ”
စိုင်းအောင်ဘုန်းမြတ်
col or pastel on col or- paper
35cm X 21cm

“ကမ်းခြေ”
Lဆိုင်းလီအောင်
col or pastel on col or- paper
35cm X 21cm

“သူငယ်ချင်းရဲ့မွေးနေ့ပွဲ”
စိုင်းအောင်ဘုန်းမြတ်
col or pastel on col or- paper
35cm X 21cm

“အိမ်”
စိုင်းအောင်ဘုန်းမြတ်
col or pastel on col or- paper
35cm X 21cm

“ယုန်ကလေး”
Lဆိုင်းလီအောင်
col or pastel on col or- paper
35cm X 21cm

“တောင်ချွန်း”
Lဆိုင်းလီအောင်
col or pastel on col or- paper
35.5cm X 26.3cm

“လေကြမ်း”
စိုင်းအောင်ဘုန်းမြတ်
col or pastel on col or- paper
35cm X 21cm

“သမင်”
စိုင်းအောင်ဘုန်းမြတ်
col or pastel on col or- paper
35cm X 21cm

“ဆောင်းဦးနေ့”
စိုင်းအောင်ဘုန်းမြတ်
col or pastel on col or- paper
35cm X 21cm

“ဆင်ဖြူလေး”
စိုင်းအောင်ဘုန်းမြတ်
col or pastel on col or- paper
35cm X 21cm

“တန်ဆောင်တိုင်နေ့”
စိုင်းအောင်ဘုန်းမြတ်
col or pastel on col or- paper
35cm X 21cm

“ချောင်းသာည”
စိုင်းအောင်ဘုန်းမြတ်
col or pastel on col or- paper
35cm X 21cm

“မီးကြီးည”
Lဆိုင်းလီအောင်
col or pastel on col or- paper
35cm X 21cm

“တောင်ပြာတန်း”
Lဆိုင်းလီအောင်
col or pastel on col or- paper
35cm X 21cm

“ပန်းသီး”
Lဆိုင်းလီအောင်
col or pastel on col or- paper
35cm X 21cm

“ကမ်းခြေပြာ”
စိုင်းအောင်ဘုန်းမြတ်
col or pastel on col or- paper
35cm X 21cm

“ကမ်းခြေ”
Lဆိုင်းလီအောင်
col or pastel on col or- paper
35cm X 21cm
Thursday, October 23, 2008
2008 - မီးပုံးပျံ ပြိုင်ပွဲဝင်များ ၏ ပြင်ဆင်နေမှု များ
TaunggyiFamily မှ ပုံများကို ပြန်လည်စုစည်းထားသည်။
Wednesday, October 22, 2008
2008 ခုနှစ် - တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲ web casting
2008 ခုနှစ် - တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲကို Studio 35 နှင့် တောင်ကြီးချယ်ရီမြေ ဘလော့ တို့ ပူးပေါင်း၍ web casting ဖြင့် တိုက်ရိုက်ပြသပေးပါမည်။
Live Url
http://www.taunggyicherryland.com/live
တိုက်ရိုက်ကြည့်ရှု့ရန်လိုအပ်ချက်များ
browser: Mozilla 3.0
Plugin: Windows Media 11 plugin for Mozilla
Media: Windows Media Player 11 (0r) WVC1 codec
တိုက်ရိုက်ထုတ်လွှင့်မည် နေ့ရက် အချိန်
နေ့ရက် - နိုဝင်ဘာ ၅ မှ ၁၃ ရက်နေ့အထိ
အချိန် - ည ၆ နာရီမှ စတင်ပါမည် ( မြန်မာစံတော်ချိန်)

" ကြယ်စုံမဲ့ ချယ်ရီည ''
သတိရပါတယ်ဆိုမှ
တိမ်တွေက လာငိုပြနေတယ်...
မိုးချုပ်နေ၀င် လျှောက်ဖူးတဲ့လမ်းတွေ
အခုတော့... ဘယ်လောက်တောင် သူစိမ်းဆန်နေခဲ့ပြီလဲ
အလွမ်းတစ်ခုက လွဲပြီး
အရာရာဟာ... တိတ်တဆိတ်လင်းနေတဲ့ ကြယ်
မြူနှင်းတွေနဲ့ ကွယ်ဝှက်ထားလိုက်ရအောင်
မနက်ခင်းတွေက...
ရေမွှေးဆွတ်ရင်း နှိုးထနေရတာမို့.....
ချယ်ရီရေ...
မင်းနဲ့ခပ်ဆင်ဆင် ပါးပြင်က အပန်းရောင်မိတ်ကပ်တွေအတွက်လဲ
ခွင့်မလွှတ်ပါနဲ့တော့...
ရှေ့ဆက်မဲ့လမ်းမှာ အတ္တတွေနဲ့ မွန်းကြပ်နေတယ်ပြောရင်
မဲ့ပြုံးနဲ့ မင်းတစ်ယောက်ငိုနေမှာစိုးတယ်...
''မယ်ဇလီဖူးက ရယ်ဒီမိတ်မရှိဘူး"...
အဲဒီအသံက ဟောဒီရင်ဘတ်မှာ
ပဲ့တင်ထပ်နေတာ... ဘယ်နှစ်နှစ်ကြာခဲ့ပြီလဲ
ပြန်ဆုံပါရစေ...
ကျိုးနွံခြင်းနဲ့အတူ... တောင်းဆိုပါတယ်
...ကံကြမ္မာရယ်...
ချယ်ရီတွေနဲ့အတူ လင်းလက်နေမဲ့
ကြယ်စုံညကလေး... ငါ့ကို ခဏလောက် ပြန်ပေးပါ....
..."သစ္စာ"...
SeinLae
22/10/2008
12:08 am

Tuesday, October 21, 2008
ဂုဏ်ယူစရာ သတင်း
ညီလေးတစ်ယောက်သတင်းပေးလို့ ဂုဏ်ယူစရာ သတင်းတစ်ပုဒ်ကို အမှတ်တရ တင်လိုက်ပါတယ်...
ဒီသတင်းကို WEEKLY ELWVEN JOURANL မှ ယူထားခြင်းဖြစ်ပါသည်။

ဒီသတင်းကို WEEKLY ELWVEN JOURANL မှ ယူထားခြင်းဖြစ်ပါသည်။