Friday, June 29, 2007

Burger House

ညနေ ၆ နာရီလောက် ကျွန်တော် တို့ သူငယ်ချင်းများ စုမိကြသည်။ အော်... ဟုတ်သည။် ကျွန်တော် မေ့နေသည် ဒီနေ့ ပထမ၀ါဆို လပြည့်နေ့။ မရည်ရွယ်ဘဲနှင့် ကျွန်တော် တို့ burger house သို့ ရောက်သွားကြသည်။ သူငယ်ချင်း တစ်ယောက်က ငါတို့ ထိုင်လို့ ကောင်းသော ဆိုင်များ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ ဒီဆိုင်အကြောင်း ထည့်ရင်ကောင်းမယ် လို့ အကြံပြု လာပါသည်။...ဒီလိုနှင့် ဆိုင်ရှင်ကို ကျွန်တော် တို့ သိလိုသည်များကို မေးမြန်းဖြစ်ခဲ့သည်။

Burger House ကို အရှေ့  မြို့  ပတ်လမ်း နှင့် သပြေလမ်းထောင် ၊့ သစ်တော ရပ်ကွက် တွင် ဖွင့်လှစ်ထားသည်။ ၁၉၉၅ ဖေဖော်ဝါရီ ၁၄ valentine day နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ unplugged show ဖျော်ဖြေ မှု များလည်း ရှိသည်။ Monday to Friday ရှိသည်။ Saturday, Sunday တွေမှာ လည်း အထူး unplugged show များရှိသည်။ အစား အသောက် တွေအနေနှင့်လည်း ဥရောပ၊ ထိုင်း ၊ တရုတ် အစား အစာများ ရသည်။ Beer နှစ်သက်သူများ အတွက်လည်း Tiger စည် Beer ကို စီစဉ်ထားသည်။ Coffee သမား များ အတွက် လည်း အမျိုးစုံလင်သည်။ ဆိုင်၏ နှစ်ပတ်လည် အထိမ်းအမှတ် နေ့ ဖြစ်သော valentine day နေ့တွင် 20% discount ဖြင့် ရောင်းချပေးသည်။ ဆိုင် အဆင်အပြင် သပ်သပ်ရပ်ရပ်ဖြင့် ထိုင်လို့ ကောင်းသည်။ အေးအေးဆေးဆေး ရှိသည်။ ကိုရဲမြန်မာအောင် ကိုလည်း ဒီတစ်ခေါက် ကောင်မလေး လာလည် ခဲ့ရင် Burger House မှာ အတူတူ ထိုင်ဖြစ်အောင် ထိုင်လိုက်ပါလို့ တိုက်တွန်းပါရစေ။

ကျွန်တော်တို့ သိလို့တဲ့ အကြောင်းအရာတွေကို စိတ်ရှည်ရှည်နဲ့ ဖြေကြားပေးတဲ့ Burger House ပိုင်ရှင် ကိုအောင် + မမီး ကိုလည်း အထူး ကျေးဇူးတင်ရှိပါသည်။





12 comments:

  1. ကျနော် ဒီ ပိုစ်ကို ကြိုက်တယ်ဗျာ ။ ဓါတ်ပုံတွေနဲ့ ဆိုတော့ ကိုယ်တိုင်ရောက်နေသလို ခံစားရတယ် ။ ဆက်ရေးပါဗျ ။ စောင့်ဖတ်နေမယ် ။

    ReplyDelete
  2. အ...အ သူနဲ့ အမြဲ သွားထိုင်ဖူးခဲ့တယ် နေရာ..
    လွမ်းသွားပြန်ပြီ...:(

    ReplyDelete
  3. အခုမှ admin ရဲ့ Post ကို သေသေချာချာ ဖက်မိလို့… စိတ်သာချ.. ခေါ်သွားမယ်.. ဒါပေမဲ့ သူကိုပြန် တွေ့အောင်တော့ Admin အရင် ရှာပေးဦးလေ.. 

    ReplyDelete
  4. Burger House ??? haha
    memorable times when im in tauggyi

    ReplyDelete
  5. one of my memorable places.

    ReplyDelete
  6. ချစ်သူနဲ့အတူထိုင်ခဲ့ဖူးတယ်...
    အမှတ်တရတွေအများကြီးပဲ..
    သူ့မျက်နှာကိုငေးရင်းစားတာဆိုပေမဲ့ငါးခေါင်းဟင်းရည်ရဲ့အရသာကိုလဲအပြည့်အ၀ခံစားခဲ့ဖူးပါတယ်..
    ချစ်သူနဲ့ဘယ်တော့မှမဆုံနိုင်တော့ပေမဲ့ဘယ်တော့မှမမေ့နိုင်မဲ့နေရာလေးကိုမြင်ခွင့်ရတဲ့အတွက်ဒီပိုစ့်လေးအတွက်ကျေးဇူးတင်ပါတယ်...

    ReplyDelete
  7. This is the best blog I have ever read thank you!

    ReplyDelete
  8.ိုဒိုးလုံးရဲ့..
    ချစ်ဦးမေသီချင်းဒီကစခဲ့တာပေါ့...




    သစ်တောသားတစ်ယောက်

    ReplyDelete
  9. ကျွန်တော်လည်းအဲဒိအိမ်ရှေ့ကကောင်မလေးကိုစိတ်ဝင်စားခဲ့ဖူးတယ်...



    သစ်တောသားတစ်ယောက်

    ReplyDelete