Friday, June 8, 2007

Café de Angle

ထိုင်လို့ ကောင်းသော ဆိုင်များ ဆိုတဲ့ ခေါင်းစဉ်နဲ့ အကျုံးဝင်မဲ့ ဆိုင်ကောင်းကောင်းတွေ တောင်ကြီးမြို့မှာ အခုဆို တော်တော် များများ ရှိနေပါပြီ။ အရင်ကလို Customer အတွက် မစဉ်းစားပေးပဲ၊ ပိုက်ဆံရဖို့ တစ်ခုထဲကို ကြည့်တဲ့ ဆိုင်မျိုးတွေ တစ်ဖြည်းဖြည်းနဲ လာပါပြီ။ ဆိုင်တိုင်း ဆိုင်တိုင်း Customer တွေရဲ့ လိုအပ်မှုတွေကို ဖြည့်စည်းပေး တတ်လာပါပြီ။ ပြင်ပြင် ဆင်ဆင်လေးတွေ လုပ်လာကြပါပြီ။ အစားအသောက်အပြင် ပိုမို စွဲဆောင်မှု ရှိတဲ့ အခင်းအကြင်း လေးတွေ ပြုလုပ်ဖို့ ခြေလှမ်းတွေ လှမ်းလာကြပါပြီ။ အခုဆိုရင် တောင်ကြီးမြို့မှာ အသစ်ဖွင့်တဲ့ ဆိုင်တိုင်းလိုလို Customer တွေအတွက် ရသတစ်ခု ပေးနိုင်အောင် ကျိုးစား လာကြပါပြီ။ အဲ့ဒီ အသစ်ဖွင့်လာတဲ့ ဆိုင်တွေထဲမှာတော့ ပုံစံတစ်မျိုးနဲ့ ဆန်းသစ်ထားတဲ့ ကော်ဖီ စစ်စစ်ဦးစားပေး Angle Café ဆိုတဲ့ ဆိုင်လေးအကြောင်း ပြောပြချင်ပါတယ်။

အသိတစ်ယောက် Café သောက်ရအောင်ဆိုပြီး ဆိုင်တစ်ဆိုင်ကိုခေါ်ခဲ့ လို့ အဲ့ဒီ ဆိုင်ကို စရောက် ဖြစ်ခဲ့ ပါတယ်။ အရင်က မမြင်ဖူးလို့ အသစ်လားလို့ မမေလိုက်တော့ မနေ့က ဖွင့်တာပါတဲ့။ (၁)ရက်သား Café လေးရဲ့ အပြင်အဆင်ကို သဘောကျမိတာတော့ အမှန်ပဲ။ အရောင်သုတ်ထားပုံ၊ အခင်းအကြင်း၊ အနေအထား တော်တော်လေး ဆန်းသစ်ထား ပါတယ်။ Instrumental, Classical တီးလုံးတွေကို ဖွင့်ထားပေးတာလဲ အရသာ အသစ် ဖြစ်နေပါတယ်။

ဘာမှ မမှာရသေးခင် ဆိုင်က လူတစ်ယောက်က ရေသန့် တစ်ခွက်ဆီ လာချပေး ပါတယ်။ သောက်ကြည့် လိုက်တော့ သံပရာ အနံ့နဲ့ သံပရာ အရသာ ခပ်ပြော့ပြော့လေး ရလိုက်တယ်။ သံပရာ ဖတ်လေးတွေလဲ သေသေ ချာချာကြည့်မှ တွေ့လိုက်တယ်။ အရင်ဆုံး ခံတွင်းရှင်းဖို့ သံပရာ ကွင်းလေးတွေ စိမ်ထားတဲ့ သံပရာရည် ဖြစ်နေမှန်း သိလိုက်ရတယ်။ Style အဆန်းလေး ပါပဲ။ အဲ့ဒီနောက် ဘာတွေ ရလဲလို့ မေးလိုက်တော့ Coffé နဲ့ ပါတ်သက် တာတွေ တော်တော် များများ ရပါတယ်လို့ Menu လာချ ပေးတဲ့ ဆိုင်ရှင် ကိုယ်တိုင်က ပြောတယ်။

Menu ကို ကြည့်တော့လဲ ရန်ကုန်က လိုမျိုး အဆင့်မြင့် Café Style တွေ အားလုံး နည်းပါး ပါနေတာ တွေ့လိုက် ရတယ်။ ဈေးနှုန်း ကလဲ အရမ်းကြီး မကြီးတာ တွေ့ရ ပါတယ်။ ဒီလို ဆိုင်မျိုး တောင်ကြီးမှာ အရင်က မတွေ့မိ သေးတဲ့ အတွက် Impress ဖြစ်မိ လိုက်တယ်။ ရန်ကုန် မှာတော့ ဒီလို ဆိုင်မျိုး တော်တော် များများ ရှိနေပြီ။ ဆိုင်ရှင် ကိုယ်တိုင် Café တစ်မျိုးစီ အကြောင်း အသေးစိတ် ရှင်းပြတော့ စိတ်ဝင်စား စရာ ကောင်းပါတယ်။ တစ်မျိုးခြင်းစီရဲ့ ပုံစံ၊ အရသာ၊ ပါဝင်မှု အစုံပါပဲ။

ဆိုင်မှာ အနောက်တိုင်း Style Café တွေ ရနေတဲ့ အတွက် သိချင်တာနဲ့ မေးကြည့် လိုက်တော့ Coffee နဲ့ ပါတ်သက်ပြီး အပြင်မှာ သွားသင် လာခဲ့တာ ဖြစ်ကြောင်း၊ Coffee ကို ၀ါသနာ ပါလို့ ဖွင့်ဖြစ် သွားကြောင်း သိလိုက် ရပါတယ်။ ကော်ဖီ အစေ့တွေက နိုင်ငံခြားက မှာတာလားလို့ မေးကြည့်တော့၊ ရှမ်းပြည် တ၀ိုက်က ထွက်တဲ့ Local Coffee စေ့ တွေနဲ့ လုပ်ထား တာပါလို့ ပြောတယ်။ Coffee စေ့တွေ ရောင်းတာလဲ တွေ့ရပါတယ်။ Coffee စေ့တွေကို စက်နဲ့ ချက်ခြင်း ကျိတ်ပြီး အဲ့ဒီအမှန့်ကို သာသုံးကြောင်း ရှင်းပြပါတယ်။ အဲ့ဒီနောက် ဆက်ပြီး Coffee မှန့်တွေကို ပေါင်းတဲ့ဘူးထဲ ထည့်ပြီး ရေနွေးငွေ့နဲ့ ပေါင်းကြောင်း၊ အဲ့ဒီ ပေါင်းခံလို့ရတဲ့ ကော်ဖီ ငွေ့ရည် နဲ့သာ ကော်ဖီ ဖျော်ကြောင်းလဲ ရှင်းပြပါတယ်။

ကျွန်တော်၊ ဆိုင်ရဲ့ Special Café ဖြစ်တဲ့ Angel Café တစ်ခွက်မှာပြီး မည်းစမ်း ကြည့်တော့ အရသာအသစ် တွေ့ရ ပါတယ်။ နောက်ပြီး Café ထည့်တဲ့ ခွက်ကလေး တွေကလဲ တစ်မျိုးနဲ့ တစ်မျိုး မတူဘဲ၊ ဆန်းဆန်း လေး တွေပါ။ စိတ်ကြိုက် Vanilla, Chocolate နဲ့ အခြားအနံ့ံ့တွေ ထည့် သောက်လို့ ရအောင်လဲ အမှုန့် ဘူးလေးတွေ လာချ ပေးပါတယ်။ ကျွန်တော်တို့ အားလုံးလဲ ကိုယ့်စိတ်ကြိုက် ကော်ဖီ တစ်ခွက်စီ မှာသောက်ရင်း တောင်ကြီးရဲ့ ညနေစောင်း အလင်းရောင်မှာ အသစ် အသစ်တွေကို ခံစားခဲ့ကြရ ပါတယ်။ အဲ့ဒီနေ့က ကျွန်တော်တို့ တစ်တွေ ကော်ဖီ သောက်ရင်း စကား တွေပြော၊ စကားပြောရင်း ကော်ဖီသောက်နဲ့ မိုး တော်တော်ချုပ်မှ လမ်းခွဲခဲ့ကြ ပါတယ်။ နောက် ဆိုရင်တော့ အဲ့ဒီ ဆိုင်မှာပဲ အမြဲထိုင်ပြီး စကားပြော ဖြစ်တော့မယ်နဲ့ တူပါတယ်။ သစ်လွင်မှုတွေ၊ ကောင်းတာ တွေကို ကျွန်တော်တို့ အရင်ကထက်ပိုမို နှစ်သက်လာခဲ့ ပါပြီ။


ရန်ကုန်က ဆိုင်တွေလို အပြင်အဆင် လိုမျိုး တောင်ကြီးမှာလဲ လုပ်လာကြ ပါပြီ။ အဲ့ဒီ အတွက်လဲ ကျွန်တော်တို့ အားလုံးက ကြိုဆို ပါတယ်။ အခုဆို Café အသည်းစွဲ တောင်ကြီး သားတွေ ရန်ကုန်သား တွေလို အဆင့်မီ Café တွေ သောက်နေနိုင် ပါပြီ။ သစ်လွင်တဲ့ ဆိုင်အပြင်အဆင် အခင်းအကျင်း အရသာ ကိုလဲ တန်းတူ ခံစားနိုင် နေပါပြီ။

မိန်းကလေးတွေ အတွက်လဲ အလှအပနဲ့ ကျန်းမာရေး အကျိုးပြုမဲ့ သစ်သီး ဖျော်ရည်တွေလဲ ရတယ်ဆိုတာ ကျွန်တော် မပြောမိလို့ စိတ်ဆိုး ကုန်ကြမလား မသိပါဘူး။ စိတ်ဆိုးလဲ ဆိုးပါစေ အဲ့ဒီမှာ အသားအရည် လှစေတဲ့ ဖျော်ရည်တွေ ရတယ်ဆိုတာ ကျွန်တော့ ကောင်မလေးကိုပဲ ကပ်တိုးလေး ပြောပြလိုက်တော့မယ်။


ကောင်မလေးရေ မင်း တောင်ကြီးကို လာလည်ရင် ငါ့အတွက် Coffe တစ်ခွက် ကောင်းကောင်းရတဲ့၊ မင်း အတွက်လဲ အကြိုက်တွေ့စေမဲ့ သစ်သီး ဖျော်ရည်တွေ ရတဲ့ Angel Café ကို ငါ ခေါ်သွားမယ်။ ငါတို့တွေ အတူတူထိုင်ပြီး၊ ကုန်လွန်သွားမဲ့ အချိန်တွေကို မေ့ထားလိုက် ကြမယ်။ အဲ့ဒီ အချိန်လေးတွေဟာ ငါတို့ နှစ်ယောက် အတွက် အမှတ် တရလေးတွေ ဖြစ်စေမယ်။ နောက်ပြီး တောင်ကြီးမြို့ဟာ လာလည်ဖို့ အကောင်းဆုံး မြို့တစ်မြို့ ဖြစ်တယ်ဆိုတာကိုလဲ မင်းကို ငါ သက်သေပြ မယ်။ မင်း သဘောတူမယ် ဆိုရင်တော့ ငါစောင့်နေပါမယ်။ ဒါပေမဲ့ အချိန်တွေက တားထားလို့ မရနိုင်တဲ့အတွက် ငါတို့နှစ်ယောက် အတူနေချိန်တွေ နဲသွားမှာဆိုးလို့ ခပ်မြန်မြန်တော့ လာခဲ့စေချင် ပါတယ်။

ဒါပေမဲ့ အဲ့ဒီ ကောင်မလေး ဆိုတာကို အခုထိ ရှာမတွေ့သေးတာ ခက်တယ်။

19 comments:

  1. သူငယ်ချင်းရေ...ငါတော့ တောင်ကြီး ကို ချစ်ချစ်နဲ့ လာချင်လာပြီ...ဟီးဟီး....ရဲမြန်မာ this blog ကမင်းရေးတာနော်....

    ReplyDelete
  2. ငါ တစ်ယောက်ထဲ ရေးတာမဟုတ်ပါဘူး။ တောင်ကြီးနဲ့ ပါတ်သတ်သူတွေ အားလုံးဝိုင်းရေးထားကြတာပါ။ အမြဲဝင်ကြည့်တဲ့ မင်းကို ငါကျေးဇူးတင်ပါတယ်ကွာ။

    ReplyDelete
  3. တောင်ကြီး ပြန်ရောက်ရင် အဲဒီဆိုင်ကို သွားဖြစ်အောင် သွားဦးမယ်။

    ReplyDelete
  4. thx for uploading abt new coffee shop. really miss tgi n wana hav sm coffee @ dat shop.. :(
    hope that day ll come soon!!!

    ReplyDelete
  5. စမ်း သောက်ကြည့်ဦးမယ်
    ပြီးမှ ကောင်း၊ မကောင်းပြောပြမယ်

    ReplyDelete
  6. THANK YOU SO MUCH ALL THE INFO OF ALL SHOPS!

    Although I'm a native of Taunggyi and my parents and siblings are still living in TGI, I never been to all the shops you mentioned.

    How pitiful I'm! :(

    Anyway, I'd try to go to one of the shops when I go back to my every most beautiful native (Taunggyi) this time.

    All the best!
    TaunggyiThu

    ReplyDelete
  7. Wow...i's thrilled to bits! Meanwhile, i had a long face...
    The flash of memories with Sir. U Tun Aung Kyaw and pals at Yuthadan 's prompted out from my mind. wanna see ya!!

    huu...taunggyi is like the oxygen i breathe (that's what sir. taught us :P )

    ReplyDelete
  8. ဆိုင်လိပ်စာက .. ?

    ReplyDelete
  9. ha ha , i remember that Coffe Shop, such a nice Coffee shop that i have ever teasted in TGI. if u wanna know the add, here u r just infront of "Myat Sa Pel" :P

    sincerely
    Danny

    ReplyDelete
  10. OMG, I can't label myself as Taunggyi Thar anymore. It is now very different from fifteen years ago, when I left for Taiwan. Well, there will always be an opportunity to explore those places if I get back to my "Home Town".

    ReplyDelete
  11. Man, really want to know how can you be that smart, lol...great read, thanks.

    ReplyDelete