မီးစာဆိုသည်မှာ မီးပုံပျံကို မီးအားနှင့်မှိုင်းအားထုတ်ပေးရန်အထောက်အကူ ပြုသော အရာဖြစ်သည်။ မီးစာပြုလုပ်ရန် ပထမဆုံး သံချောင်းများကို အမြင့်ပေ (၇) ပေ / (၈) ပေထိဆက်ကာပြုလုပ်ရပါတယ်။ ထို့နောက် ရေနံချေးကို ကျိုထားရပါတယ်။ ကျိုထား သောရေနံချေးထဲသို့ ဖျင်ကြမ်းစောင်အစကို အလျား (၄) လက်မလောက် ဖြတ်ကာစိမ် ထားရပါတယ်။ ပြီးလျှင် သံချောင်ပေါ်မှနေပြီး စိမ်ထားသောဖျင်ကြမ်းစောင်စများကို တစ်ထပ်ချင်းစီ ကျစ်ရပါတယ်။ ထို့ကဲ့သို့ ကျစ်ပြီးလျှင်နေပူထဲတွင်ခံကာ ရေနံချေးကို အရည်ကျိုထားပြီး မီးစာထိပ်မှ နေပြီး လောင်းချပေးရပါတယ်။ ထိုကဲ့သို့ (၄) / (၅) ရက်လောင်းပြီးနောက်မှာတော့ ရေနံချေးလောင်းထားသောမီးစာကို ညှစ်ကြရပါတယ် ။ ထိုကဲ့သို့ ညှစ်ပြီးတဲ့နောက်မှာတော့ နောက်ဆုံးအဆင့်နေဖြင့်သင်္ကန်းကို တစ်ဆင့်ပြီး တစ်ဆင့်ကျစ်ရပါတယ် ။ ထို့နောက် မီးပုံပျံတစ်လုံးအတွက်မီးစာတစ်ခုကိုရရှိပါတယ်။
P.S ( အချို့မီးပုံပျံအဖွဲ့များ က မီးစာကို ဖယောင်းဖြင့်ကျိုပြီးပြုလုပ်ကြပါတယ်။)
၃။ မီးကျည်ဂွေပြုလုပ်ပုံ
မီးကျည်ဂွေကို ၀ါးဖြင့် ပြုလုပ်ရပါတယ်။ ပုံစံအမျိုးမျိုး အဆင့်အမျိုးမျိုးပြုလုပ်ကျပါတယ်။ မီးကျည်ဂွေထဲတွင် မီးရှူး ၊ ခိုပျံ ၊ လောက် (ကျွန်တော်တို့အခေါ်) ၊ အရောင်ထုပ် ၊ လေထီး ၊ ဗုံးကဒ် (ကျွန်တော်တို့အခေါ်) ၊ ပုလဲပေါက်စသည် ဖြင့် အမျိုးမျိုးတပ်ဆင်ကြပါတယ်။
(က) မီးရှူးပြုလုပ်ပုံ
မီးရှူးပြုလုပ်ရန် အတွက်ကျွန်တော်တို့ ပထမဦးဆုံး မီးရှူးပြောင်းများ ပြုလုပ်ရပါတယ်။ မီးရှူးပြောင်းများကို ကဒ်ထူပြားများကို ကော်သုတ်ကာ ပြောင်းလုပ်ရပါတယ်။ ထိုကဲ့သို့ပြောင်း လုပ်ပြီးနောက်ရွှံမှုန့်ကို ပထမဦးဆုံး ရိုက်ထည့်ရပါတယ်။ ထိုကဲ့သို့ရွှံရိုက်ထည့်ပြီးနောက် ယမ်း (ခံယမ်း) ကိုရိုက်ထည့်ရပါတယ် ။ ခံယမ်းရိုက်ပြီးနောက် အရောင် (ဖြူ ၊နီ ၊ ၀ါ၊ ပြာ) စသည်တို့ကို ရိုက်ထည့်ရပါတယ်။ ရွှံပိတ်ထားသောအပိုင်းကို အပေါက်ဖောက်ရပါတယ်။ အပေါက်ဖောက်ထားသော အပိုင်းကို ယမ်းသိပ်ပြီး မီးရှူးစနစ်ကိုတတ်ရပါတယ်။ ထို့နောက် အချောတတ်သောဝါးကို မီးရှူးပြောင်းနားတတ်ကာ မီးရှူးကိုရရှိပါတယ်။
(ခ) ခိုပျံပြုလုပ်ပုံ
ခိုပျံပြုလုပ်ရာတွင် မီးရှူးပြုလုပ်နည်းကဲ့သို့ ပြောင်းကိုပြုလုပ်ပါတယ်။ ရွှံဖောက်ရာမှ တော့ မီးရှူးကဲ့သို့ ပြောင်ဖင်က မဖောက်ဘဲ ဘေးဖက်ကဖောက်ရပါတယ်။ အချောတတ်ထားသော ၀ါးမတတ်တော့ဘဲ ကဒ်ထူစက္ကူကိုတောင်ပံပြုလုပ်ကာတတ်ရပါတယ်။
ထိုကဲ့သို့ပြုလုပ်ပြီးစီးသော မီးရှူးခိုပျံစသည်တို့ကို မီးကျည်ဂွေပေါ်မှတပ်ဆင်ကြပါတယ် ။ မီးကျည်ဂွေတွင် မိးရှူး၊ ခိုပျံ ၊ အရောင်ထုပ် ကိုမီးကူးစေရန် စနစ်(ပင်မစနစ်) တင်ထားရပါတယ်။ အဆင့်ဆင့်တပ်ဆင်ပြီးနောက် မှာတော့ မီးကျည်ဂွေကို ရရှိပါတယ်။
ထိုကဲ့သို့မီးပုံပျံ ၊ မီးစာ ၊ မီးကျည်ဂွေ များကို အဆင့်ဆင့် ပြုလုပ်ပြီးမှ ပြိုင်ပွဲဝင်မီးပုံပျံမီးကျည်ကိုရရှိပါတယ်။
ပြိုင်ပွဲဝင်မီးကျည်မီးပုံပျံပုံ
Maybe I`ll be Captain Obvious, but... it's only few days to New Year last, so let's be happy!
ReplyDeleteHoho3ho!)
cheap jordans
ReplyDeletefalcons jersey
longchamp outlet
carolina panthers jersey
michael kors handbags sale
ray ban sunglasses
nike store
louboutin shoes
supreme clothing
ray ban sunglasses