Sunday, July 8, 2007

မူကြိုတက်ခွင့်ရပြီ..တောင်ကြီးချယ်ရီရေ...

တောင်ကြီးချယ်ရီကို ၂၀၀၇ခုနှစ် ဇွန်လ၊ ၅ရက်၊ နေ့မှာ စတင် Publish လုပ်ခဲ့တာမို့ blog သက်တန်း ၁ လ ကျော်ပြီ။ ၅ရက်နေ့တုန်းက မွေးနေ့ပွဲလေး လုပ်ချင် ပေမဲ့လဲ အကြောင်းကြောင့် မလုပ်နိုင်ခဲ့တဲ့ အတွက် အခုမှပဲ Back Date နဲ့ Post ပြန်တင်ပေး လိုက်တာပါ။
အိပ်ရေးပျက်မှု၊ ငြင်းခုန်မှု၊ ဝေဖန်မှုတွေ စတဲ့ အခက်ခဲကြားမှ အောင်မြင်စွာ ရပ်တည်နိုင်ခဲ့ပါပြီ။ ၄င်း အောင်မြင်မှုများ ကြာရှည် တည်မြဲ နိုင်ရန် အတွက်လည်း ၀ိုင်းဝန်း ကြိုးပန်းကြဖို့ လိုပါတယ်။ ၀င်ရောက် ရေးသား နေသူများ အားလုံးကိုလည်း ကျေးဇူးတင်သည်။
တောင်ကြီး ချယ်ရီမြေ၏ ကိုယ်ပိုင် domain www.taunggyicharryland.com ဖြင့် မကြာမှီ လွင့်တင် ဖို့ အစီအစဉ် ရှိပါတယ်။ Author များအတွက်လဲ taunggyicherryland.com ဖြင့် email တစ်ခုစီ ပေးနိုင်ဖို့ စီစဉ်နေသည်။
ဝင်ရောက် ရေးသား နေသူများ အားလုံး ယခုလာမည့် တောင်ကြီးတန်ဆောင်တိုင်မှာ မိတ်ဆုံစားပွဲ လေးကျင်းပပေးပါမည်။

တောင်ကြီးမြို့၏ ထင်ရှားသောနေရာ၊ စားသောက်ဆိုင်၊ တန်ခိုးကြီးဘုရား၊ အေးမြသော ရာသီဥတု စသည့် တို့ကို တောင်ကြီးမြို့ ကို မရောက် ဖူးသေးသော သူများ တောင်ကြီးချယ်ရီမြေမှ ကြိုတင် ခံစား သိရှိ နိုင်ရန် ဖြစ်သည်။ မည်သူမဆို ကိုယ့်ရပ်၊ ကိုယ့်ဒေသကိုတော့ လွမ်းတတ်သည်။ အပြင်ရောက် နေသူများ ကို တောင်ကြီးချယ်ရီမြေမှ တဖက်တလမ်းက ထောက်အကူ ပေးနိုင်သည် ဟုဆိုလျှင် ကျွန်တော်တို့ ကျေနပ်ပါပြီ။

မှတ်ချက်။ Author များ comments ထဲတွင် မိမိတို့ ပြုလုပ်လိုသည် အစီအစဉ်များ ၀င်ရေးပေးပါ။

10 comments:

  1. မိတ်ဆုံစားပွဲက အလကား ကျွေးမှာလား..စိတ်ဝင်စာတယ်..
    စားပွဲပဲလား..သောက်ပွဲ ပါရင်ပိုကောင်းမယ်။ :)

    ReplyDelete
  2. Admin တကယ်ပြောတာလားဗျ။ Transportation & Living Charges ပါ Free လား။ ကြည့်လဲလုပ်ဦးနော် admin ရ။ တကယ်လာမယ်ဆိုတဲ့ သူတွေကြီးပဲ။ ကျွန်တော်က ရှေ့ဆုံးကနော်။ :D

    ReplyDelete
  3. တောင်ကြီးချယ်ရီမြေ ၁ လ ပြည့်သွားပြီနော်။

    Happy Birhtday TaungyiCherry!!! :)

    တောင်ကြီးချယ်ရီမြေ ဒီထက့်မက အောင်မြင်ပါစေ။

    (Admin ဆီက တောင်ကြီးတန်ဆောင်တိုင်မှာ မိတ်ဆုံစားပွဲဆိုလို့ ပိုလို့တောင် စိတ်ဝင်စားသေးတယ်.. :P)

    ReplyDelete
  4. ကိုယ်ပိုင် domain မြန်မြန်ဝယ်ကြပါဗျို့ . . . ။
    ...KC...

    ReplyDelete
  5. Transportation နဲ့ Living Charges တော့ ကိုယ့်စရိတ်နဲ့ ကိုယ်ပါ.. Dinner ကတော့ အ၀ကျွေးပါမယ်..
    အဲ..သောက်တတ်တဲ့ သူတွေ အတွက်လည်း အစီအစဉ်ရှိပါတယ်..

    ReplyDelete
  6. မိုက်တယ်နော် ... တောင်ကြီးချယ်ရီမြေရဲ့ တစ်လပြည့်ပုံလေးက ... စိတ်ကူးကောင်းတယ် ... Happy Birthday ပါ

    ReplyDelete
  7. အဝေရောက် နေသူအတွက် ဒီဆိုဒ်လေးက အရမ်း အသုံးဝင်ပါတယ်။ ကျွန်တော်တော့ လွမ်းတိုင်း ဒီဆိုဒ်ကိုကြည့်ဖြစ်ပါတယ်။
    ကျေးဇူးတင်ပါတယ်
    ကျွန်တော့်နာမည် ဖိုးတုတ်ပါ။

    ReplyDelete