Tuesday, July 10, 2007

ခံစားချက်များစွာကိုမွေးဖွားပေးသော

တစ်နေ့က တောင်ကြီးချယ်ရီကို ၀င်ဖြစ်တော့ admin ရဲ့ မုကြိုတက်ခွင့်ရပြီ တောင်ကြီးချယ်ရီရေ ဆိုတဲ့ post လေးကို ဖတ်လိုက်ရတယ်။ အဲဒီထဲက စာကြောင်းလေး တစ်ကြောင်းဟာ ကျွန်တော့်စိတ်တွေကို ဖမ်းစားသွား တယ်လေ။

ချယ်ရီမြေတွင် ၀င်ရောက်ရေးသား နေသူများ အားလုံး ယခုလာမည့် တောင်ကြီး တန်ဆောင်တိုင်တွင် မိတ်ဆုံစားပွဲ ကျင်းပပေးမည် ဆိုတာလေးပါ။ ထိုစာလေးကို ဖတ်ရင်း
တန်ဆောင်တိုင်ဆိုတဲ့ ဝေါဟာရလေးဟာ ယခုတိုင် ကျွန်တော့်ရင်ကို လှုပ်ရှားစေတုန်းပဲ ဆိုတာကို သတိထားမိသည်။ ဘာလိုလိုနဲ့မွေးရပ်မြေနှင့် ခွဲခွာ လာနေ ရသည်မှာ (၇)နှစ်ပြည့်တော့မည်ပဲ။ အင်းလေ ကိုယ့်အဖြစ်ကလည်း ပျော်ရာမှာ မနေရ၊ တော်ရာမှာ နေရတဲ့ အဖြစ်လေ။

နှစ်စဉ်နှစ်တိုင်းယူတဲ့မီး …… မီး……. မီး၊ …….မီးကို နိုင်ချင်ရင် ဆယ်နှစ်ဆယ်မိုး ကြိုးစားပါဦး ဆိုတဲ့ နှစ်စဉ် ဆုဆွတ်ခူးနိုင်သည့် ရပ်ကွက်ကိုယ်စားပြု အဖွဲ့များမှ အိုးစည်၊ ဘုံမောင်းများ တီးကာ ကခုံ၍ သံပြိုင် ဟစ်ကြွေးသော အသံများ၊ ပြိုင်ပွဲဝင်အဖွဲ့များရဲ့ သံချပ်သံများကို မကြားရသည်မှာလည်း ကြာခဲ့ပြီ။ ငယ်ငယ်က ဆိုလျှင် တန်ဆောင်မုန်းလ မရောက်ခင်ကတည်းက မီးပုံးပျံလုပ်ဖို့မုန့်ဖိုးများကိုစုသည်။ ကိုယ် လွှတ်တင်လိုက် သည့် မီးပုံးပျံ လေထဲတက်သွားတာကို ကြည့်ပြီးကြည်နူးသည်။

ပျော်ရွှင်သည်။ တက်သွားသောမီးပုံးပျံလေးကို ကြည့်ရင်း ကွေးနေအောင် ကရသည်မှာလည်း အရသာ။ မတက်ဘဲ မီးလောင်သွားလျှင် ၀မ်းနည်းရသည်။ အလကား အားအားယားယား ပိုက်ဆံကို မီးရှို့နေတယ်ဟုပြော
ချင်ပြောပါလေ။
ဗျောက်အိုး သံလိုလို၊ မီးရှူး၊ မီးပန်းပေါက်သံတွေ ကြားရပြီဆိုလျှင် အိမ်ပြင်ပြေးထွက်ကာ ငေးကြည့်ရတာ အမော။ တန်ဆောင်မုန်းလ ရောက်တိုင်း ကျွန်တော့် ရင်ခုံသံတွေ နွေးထွေးဆဲ။ အဲဒီခံစားမှုလေးကို ကျွန်တော် နှစ်သက်သည်။ ကုန်လွန်ခဲ့သော တန်ဆောင်တိုင်များစွာကို သတိရဆဲ။ တမ်းတခြင်းနှင့်အတူ ဖြတ်ကျော်ရမယ့် အချိန်များအတွက် ရင်ခုံသံမြန်ဆဲ။ နောင်လာမယ့် တန်ဆောင်တိုင်များ အတွက် ငတ်မွတ်စွာ စောင့်စားဆဲ။

ခံစားမှုများစွာကို ရင်မှာပိုက်ရင်း

6 comments:

  1. Aw, this was a very nice post. Taking the time and actual effort to produce a superb article… but what can I say… I procrastinate a whole lot and never manage to get anything done.
    Yeh Rishtey Hain Pyaar Ke Episode Online

    ReplyDelete
  2. I Love your website design, colour. I procrastinate a whole lot and never manage to get anything done.
    Startup consultants in Kochi

    ReplyDelete