Monday, July 2, 2007

တောင်ကြီး တက္ကသိုလ် ၁၄ ကြိမ်မြောက် ဘွဲ့ နှင်းသဘင်

တောင်ကြီး တက္ကသိုလ် ၁၄ ကြိမ်မြောက် ဘွဲ့ နှင်းသဘင် အခမ်းအနားကို တောင်ကြီး တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမသစ် တွင် ဒုတိယကြိမ်မြောက် ပေးအပ်နိုင်ခဲ့ပြီဖြစ်သည်။ ဘွဲ့ရမောင်မယ်များ အား ၂၈.၆.၂၀၀ရ ရက်နေ့တွင် အစမ်းလေ့ကျင့် ခြင်းပြုလုပ်ခဲ့ပြီး ၃၀.၆.၂၀၀၇ ရက်နေ့ နှင့် ၁.၇.၂၀၀၇ နေ့တို့တွင် ဘွဲ့လက်မှတ် များ ပေးအပ်ခဲ့သည်။ ထူးခြားမှု တစ်ခုမှာ ၃၀.၆.၂၀၀၇ ရက်နေ့တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်း လည်းထွက်ရှိခဲ့သည်။ တက္ကသိုလ်မှ နောက်ဆုံးနှုတ်ဆက်သူများ နှင့် တက္ကသိုလ်သို့ စတင်ဝင်ရောက်တော့မည့်သူများ အတွက် ပျော်ရွှင်၊၀မ်းနည်း ခြင်း နေ့လည်း ဖြစ်သည်။








4 comments: