Thursday, July 5, 2007

တောင်ကြီးရာပြည့်နှစ်

တောင်ကြီး ရာပြည့်နှစ်အကြောင်း ပြောပြချင်ပါတယ်။
၉၄၊ ၉၅ လောက်တုန်းက ထင်တယ်။ မြို့တည် ရာပြည့်နှစ်ကျင်းပတယ်။ ကိုလေးဖြူ၊ အငဲနဲ့ စိုင်းထီးဆိုင်တို့ သီချင်းလာဆိုကြတယ်။ တီးဝိုင်းက ကျွန်တော်တို့မြို့ကပဲ။ ပန်းနုရောင်။ လိဒ်တီးတာက ကိုထွန်းခိုင်၊ ဒရမ်တီးတာက ကိုဘိုဖြူ (ခွေမထုတ်သေး)၊ ကီးဘုတ်က တော့မမှတ်မိတော့ဘူး။ ကျောက်တိုင်ကွင်းထဲမှာ လုပ်တာ။ ပိုက်ဆံ မပေးရဘူး။

မှတ်မိတာတစ်ခုက ကိုလေးဖြူ မဥူရီ သီချင်းကိုဆိုတော့ အင်ထရိုတီးတာက ထူးအိမ်သင်ရဲ့ အကြင်နာအိပ်မက် intro ကြီးဗျ။ ကိုလေးဖြူတော့ ဘယ်နှယ့်နေမလဲမသိဘူး။ ကျွန်တော်တော့ အခုထိမှတ်မိနေသေးတယ်။
နောက်ဆုံး စိုင်းထီးဆိုင်အလှည့်ရောက်တော့ ကိုထီးက ကြေငြာတယ်။ သူ့အနောက်မှာ အဆိုတော်တွေ အများကြီးရှိပါတယ်။ အဲ့ဒါသူပါပဲဆိုတော့ ရယ်ရသေးတယ်။

ကျွန်တော်က ငယ်တဲ့ အရွယ်ဆိုတော့ လေးဖြူကိုပဲကြိုက်လို့ ( အခုအထိပါပဲ) ပြန်လာခဲ့တယ်။ အခုတော့ ကိုထီးကိုလည်း ကြိုက်နေပါပြီ။

ဘာပဲဖြစ်ဖြစ် သူတို့အားလုံးဟာ သူတို့ မြို့အတွက်လာပြီး ကျေးဇူးဆပ် ဖျော်ဖြေတာပါ။
ကောင်းပါတယ်။ နောက်လည်း အဲ့ဒီလို ပွဲတွေကို ဖြစ်စေချင်ပါသေးတယ်။
(ပိုက်ဆံလည်းမပေးရဘူးလေ)

နောက်ရာပြည့်နှစ်တော့ မမှီနိုင်တော့ဘူးလေ။

ခင်မင်စွာဖြင့်
ကိုမျိုး

4 comments:

  1. ဟုတ်တယ်..ငါလဲ မှတ်မိတယ်...
    မှတ်မှတ်ရရ ပထမဆုံးကြည့်ဖူးတဲ့ စတိတ်ရှိုး..
    လေးဖြူကိုလဲ အရှင်လတ်လတ် စမြင်ဖူးတဲ့ စတိတ်ရှိုး...
    အရမ်းပူဆာလွန်းလို့ အဖေက လိုက်ပို့ပေးတာ...
    အပြီးထိကြည့်ပြီးမှ ပြန်ကြတယ်...

    ReplyDelete