Sunday, July 29, 2007

Positive Thinking

ဖန်တစ်ခွက်နဲ့ ရေတ၀က်ကို
မင်းလဲမြင်တယ် ငါလဲတွေ့တယ်
ဒါပေမဲ့ မျက်လုံးချင်းတော့ ကွာတယ်။

ငါက
တ၀က်ပြည့်နေတာလို့ပြောမယ်
မင်းက
တ၀က်လျော့နေတာလို့ ငြင်းမယ်။

ဒါနဲ့ပဲ မင်းနဲငါ ရန်တွေဖြစ်ကြမယ်။

တကယ်တော့ ရေရယ်၊ ဖန်ခွက်ရယ်
သူဘာသာသူ ရှိနေကြတယ်။

တ၀က်လျော့တယ်လို့ ဆိုကတည်းက
အရင်က ပြည့်နေတယ်လို့ မင်းယူဆလို့ ဖြစ်မယ်။

တကယ်တော့ တ၀က်လျော့နေတာမဟုတ်ဘူး..
အခုမှ တ၀က်ပြည့်လာတာ
ဒါကို မင်းမေ့လိုက်လို့ဖြစ်မယ်။

ငါတို့တွေ သိတာပဲ
အရင်က ဖန်ခွက်တစ်ခွက်
ဗလာနတ္ထိ
ဘယ်မှာ ရေရှိလို့လဲ။

အခု ရှိပြီ
တ၀က်တောင်ရောက်လာပြီ
နောက်ဆို ပြည့်လာလိမ့်မယ်။

မပြည့်ဘူးလို့စဉ်းစားရင်
ထက်ပြည့်လာအောင်
မင်း လုပ်ချင်မှာမဟုတ်။

မင်းရဲ့စိတ်တွေ
ကျန်ဖန်ပြီး
အပစ်ရှာလိမ့်မည်။

မကောင်းတာတွေတွေးရင်
မကောင်းတာတွေ
မင်းလုပ်မိလိမ့်မည်။

ဒါတွေ ပြောရင်း
မင်းနဲ့ငါ ထက်ငြင်းကြမည်။
နောက် အခန့်မသင့်ရင်
ရန်သူတွေဖြစ်ကြမည်။

ဒါနဲ့ပဲ ရေထပ်ဖြည့်ဖို့
ငါတို့တာဝန်တွေ
လစ်ဟင်း ကုန်မည်။

ဒါမျိုးတွေ ငါတို့
ထက်မဖြစ်သင့်
ကြာရင်လုံးပါးပါးမည်။

အခု
ငါတို့ အတွက် တ၀က်ရှိပြီ
သူတို့တွေ တ၀က်ရအောင်လုပ်ခဲ့ပြီ
နောက် တ၀က် ငါတို့ထက်ဖြည့်မည်။

ဒီလိုနဲ့ပဲ ငါတို့တွေ
ပြည့်လာမည်။


ဒိထက် မလျော့ဖို့တော့
မင်းရောငါမှာ တာဝန်ရှိသည်။

တ၀က်မရှိတာ
ငါတို့မတွေး
တ၀က်ပြည့်ကို
ငါတို့ကြည့်မည်။

ဒီလိုနဲ့
ထက်ပြည့်လာဖို့
ငါတို့လုပ်မိမည်။

ဆိုးယုတ်ခြင်း အတွေးတွေကို ဖယ်ကြမည်။

6 comments:

  1. ဖန်ခွက်ထဲ ရေတ၀က် ပြည့် အောင် ကျွန်တော် တို့ ဘယ်လောက် စောင့်ရသလဲ.. တကယ်ရော တ၀က် ပြည့်ပြီလား.. အကုန်ပြည့်ဖို့ ဆိုရင် ဘယ်လောက် ထပ်စောင့်ရမလဲ.. အကုန်လုံးမှာ တာဝန်ရှိ တာတော့ မှန်ပါတယ် ..ဒါပေမယ့် အရေးကြီးဆုံးက what?

    ReplyDelete
  2. တကယ် ကျွန်တော် ရေးလိုက်တုန်းက ဒီထက်များပါတယ်။ ချန်လှပ်ထားတဲ့ အပိုဒ်တွေရှိပါတယ်။ အဲ့ဒါတွေ ပြောနေရင်လဲ ဘယ်သူ့ကိုယ်မှ အကျိုးမရှိမှာ ဖြစ်တဲ့အတွက် ချန်ခဲ့လိုက်တာပါ။ ကျွန်တော်ဆိုလိုချင်တာက Positive Thinking ဆိုတာပါ။

    အရေးကြီးဆုံးက အမြင် Vision ပါ။ နောက် အဲ့ဒီ ကလာတဲ့ လုပ်ဆောင်ချက် Work Out ပါ။ နောက်ဆုံး ရလဒ် Result ပါ။
    ကောင်းတာကို တွေးနေတဲ့လူတစ်ယောက်က ကောင်းတဲ့ စိတ်အစဉ်ဖြစ်ပြီး။ ကောင်းတာတွေပဲ လုပ်မိမယ်လို့ ဆိုလိုချင်တာပါ။

    ReplyDelete
  3. ဟုတ်ပါတယ်....ကောင်းတာကိုတွေးနေတဲ့လူတစ်ယောက်မှာ ကောင်းတဲ့ စိတ်အစဉ်တွေဖြစ်ပါတယ်.....
    လူတိုင်းဒီစိတ်မျိုးရှိဖို့ လိုအပ်တယ်လို့ ထင်တယ်လေ......
    ဒါမှလည်းလူဘောင်အဖွဲ့ အစည်းတစ်ခုလုံးဟန်ချက်ညီညီ
    တို့ တက်လာမယ်လို့ ထင်တယ်လေ....ကျွန်တော်အမြင်ပါ...အက်တမင်ရေ
    ဗုဒ္စရဲံ့ ဆို ဆုံးမမူနဲ့ နေထိုင်သွားနိုင်ရင်..........
    လူတိုင်းကောင်းတဲ့ စိတ်အစဉ်အမြင်တွေစဉ်ဆက်မပြတ်..
    ဖြစ်ပေါ်နေမှာပါ...........

    ReplyDelete
  4. ဟုတ်ကဲ့ ကိုအောင်မိန်းရေ ကျွန်တော်တို့ အခုလို နေတာ အဲ့ဒါပါ။

    တရားရှာရင်တော့ အပျက်တွေကို ရအောင်ကြည့်ရမှာပေါ့။ အခုတော့ မြန်မာလူငယ်တွေက တရားသဘောတွေ အမြဲကြားနေရလို့နဲ့ တူတယ်. တွေ့တဲ့ဟာတိုင်းကို အပျက်တွေပဲ မြင်နေကြတာလေ။ အဲ့ဒါက ကျွန်တော်တို့ အတွက် ကြာရင် မကောင်းဘူး။ အဲ့ဒီလို မဖြစ်သင့်တော့ဘူးဗျ။

    ကျွန်တော်လဲ တက်နိုင်သမျှ Postitive Thinking ဖြစ်အောင် ကျိုးစားနေရတုန်းပဲ။ စိတ်လေးကလဲ မကောင်းတာပဲ လုပ်ချင်၊ တွေးချင်နေတော့လဲ ခက်သားဗျ။

    ReplyDelete
  5. ကျွန်တော်လဲ လက်ခံတယ်..

    အခု လူငယ်တွေ ရေးနေကြ၊ တွေးနေကြတာတွေကို တွေ့ရ၊ မြင်ရတာတွေ အားလုံးက စိတ်ကို ညစ်ညူးစေတာတွေပဲ ဖြစ်နေတယ်.. အဲ့ဒါတွေ ဖက်မိရင် စိတ်ကို နောက်ပြီး.. နေလို့ မကောင်းတော့ဘူး.. ကျွန်တော်တို့တွေ လိုအပ်နေတဲ့ အားမာန်တွေ ယုတ်လျော့သွားစေတယ်.. Admin ပြောသလိုပဲ ကောင်းတဲ့ စိတ်တွေ မဖြစ်လာတော့ဘူး.. အဲ့ဒီတော့ ကျွန်တော်တို့တွေ ကောင်းတာ တွေ မလုပ်နိုင်တော့ဘူးပေါ့.. ဟုတ်တယ် အဲ့ဒီ အတွေးတွေကို ကျွန်တော်တို့ တတွေ ဖယ်ပစ်ရမယ်...

    ဒီ Blog မှာတော့ ကောင်းတာတွေကို ပဲ ဒီထက် တက်နိုင်သမျှ ရေးပေး၊ ဆွေးနွေးပေးရင် ပိုကောင်းမယ်ထင်တယ်.. ဒါမှပဲ စိတ်ကြည်ကြည်လင်လင်နဲ့ အင်အားတွေ ကျွန်တော်တို့ လူငယ်တွေ ရလာမယ်လို့ ကျွန်တော်ထင်တယ်..

    ReplyDelete
  6. ကောင်းပါတယ် . . .
    ရေတစ်ခွက်ကို အတူတူဖြည့်ပြီး
    အတူတူသောက်ကြမယ်ဆိုရင် ။

    ReplyDelete