Wednesday, August 1, 2007

တစ်ခါတုန်းက အမှတ်တရ

ဟို ဂျူးလက်ကျန်ကို ဆက်မရိုက်ဖြစ်ဘဲ ကျွန်မ နောက်တစ်ပုဒ် ထပ်ရေးပြန်ပြီး) ရေးလိုက်ရင်လည်း ဟိုးလွန်ခဲ့တဲ့ နှစ်တွေက သူငယ်ချင်းနဲ့ လည်ဖြစ်တာတွေချည်းပဲမို့ ဖတ်ပေးတဲ့ လူတွေကို အားတောင်နာလာပြီ။ မြို့နဲ့ ခွဲနေတာ နှစ်တွေကြာနေလို့ မြို့အကြောင်း အသစ်အသစ် မတင်နိုင်တာကို နားလည်ပေးကြမယ်လို့ မျှော်လင့်ပါတယ်။ တောင်ကြီးက လူတွေတင်ပေးတဲ့ မြို့ရဲ့ ပြောင်းလဲပုံတွေကို အမြဲ ဖတ်ရလို့လည်း ဒီဘလော့ဂ်နဲ့ ဘလော့ဂ် ဖန်တီးသူတွေကို အထူးပဲ ကျေးဇူးတင်မိတယ်။ ပုံတွေကြည့် စာတွေဖတ်ပြီး ကိုယ်တိုင် အိမ်ပြန်ရောက်သွားသလို ခံစားရတယ်။ ခုလည်း သူငယ်ချင်းတွေနဲ့ ရှေးဟောင်းနှောင်းဖြစ်ကို ပြန်ဖော်လိုက်ပါတယ်။ သည်းခံပေးကြပါလို့...

ကျွန်မဆယ်တန်း မအောင်ခင်အထိ အိမ်နဲ့ကျောင်း၊ ကျောင်းနဲ့အိမ်က လွဲလို့ တောင်ကြီးမြို့အနှံ့ သိပ်မရောက်ဖြစ်ခဲ့ဘူး။ ဆယ်တန်းအောင်လို့ တက္ကသိုလ်တက်ဖို့ စောင့်နေချိန်မှ တရုတ်ကျောင်းတက်ခဲ့လို့ တရုတ်ကျောင်းက သူငယ်ချင်းတွေနဲ့ ပေါင်းပြီး တောင်ကြီးတင်မက ပတ်ဝန်းကျင် မြို့တွေပါ ရောက်ဖြစ်ခဲ့တယ်။ ကျောင်းလစ်တိုင်း ကျွန်မတို့ ရောက်ဖြစ်တဲ့ နေရာတွေထဲမှာ ဟိုပုံးမြို့လည်း အပါအ၀င်ပါ။ (တောင်ကြီးနဲ့ ဘယ်နှမိုင်ဝေးလဲ မသိဘူး) ပအိုဝ့်နဲ့ ဓနုလူမျိုးတွေ အများဆုံးနေထိုင်တဲ့ မြို့ကလေးပါ။ ဟိုပုံးမြို့မှာ ထူးထူးဆန်းဆန်း ဘာမှမရှိပေမယ့် မြို့ပြင်မှာရှိတဲ့ ဟိုပုံးဆည်က ကျွန်မတို့အတွက် စံပျော်ရာ နေရာလေးပါ။ အတန်းထဲက သူငယ်ချင်းတစ်ယောက်ရဲ့ ကားနဲ့ လူတွေ အပြည့်တင်ပြီး အဲဒီဆည်မှာ ကျွန်မတို့ ရေသွားသွား ဆော့ကြတယ်။ ဆည်သွားရာလမ်းမှာ ရှိတဲ့ ကားလေထိုး ဆီဖြည့်ဆိုင်မှာ ကျွတ်တွေ ငှားပြီး ရေသွားကစားကြတယ်။

ဆည်က သိပ်မကြီးပါဘူး။ တောင်ပေါ်သားတွေပီပီ ရေမကူးတတ်ကြတဲ့ လူတွေက ကျွတ်ကွင်းစီးပြီး ဆည်ထဲမှာ ရေစိမ်ကြတယ်။ ရေစီးကျတဲ့ ကုန်းလျောနေရာမှာ ရေညှိတွေနဲ့ ချောနေတာကြောင့် တစ်ချို့က အဲဒီနေရာမှာ ရှောစီးကြတယ်။ ပြန်တက်ရင် ကုန်းလျောကနေ ပြန်တက်ရမှာမို့ ရေညှိတွေနဲ့ ချော်နေတာကြောင့် ခြေမခိုင်ရင် ဟပ်ထိုးလဲကျနိုင်တဲ့အတွက် ကျွန်မ တစ်ခါမှ မစီးခဲ့ဘူး။ မှတ်မှတ်ရရ သူငယ်ချင်း ယောက်ျားလေးတစ်ယောက် ပြန်အတက်မှာ ခြေချော်ပြီး မှောက်ရက်လဲပါတော့တယ်။ ကုန်းလျောက အင်္ဂတေနဲ့ လုပ်ထားတာကြောင့် အရှိန်နဲ့ လဲကျသွားတဲ့ သူ့မှာ ရှေ့သွားနှစ်ချောင်း ကျိုးသွားခဲ့တယ်။ အိမ်က ဆူပြီး သွားပြန်မစိုက်ပေးတာ ကြောင့်လား မသိ ရှေ့သွားမပါဘဲ သူကျောင်းတက်ခဲ့ရတယ်။ နောက်နှစ်တွေကြာလို့ ပြန်တွေ့တော့မှ သွားအတု စိုက်ထားတာ တွေ့တော့တယ်။

ရှေ့သွားအတုနှစ်ချောင်းကို မြင်တိုင်း ဟိုပုံးဆည်နဲ့ သူငယ်ချင်းတွေကို သူသတိရ မရ မပြောတတ်ပေမယ့် ကျွန်မက သွားကျိုးလေးတွေမြင်တိုင်း သူနဲ့ သူငယ်ချင်းတွေကို သတိရနေပါတယ်။ သူငယ်ချင်းတွေနဲ့အတူ ရောက်ခဲ့ဖူးတဲ့ နေရာလေးတွေ၊ ပျော်ခဲ့ဖူးတဲ့ ရက်စွဲတွေကို ပြန်အောက်မေ့သတိရရင် ရင်ထဲမှာ ကြည်နှုးမှုတွေ ဖြစ်စေတယ်။ ၀မ်းစာအတွက်၊ ဘ၀ရှေ့ရေးအတွက် ကမ္ဘာထောင့်နေရာ အသီးသီးကို သူငယ်ချင်းတွေ ခွဲခွာသွားခဲ့ကြရပေမယ့် ဟိုတုန်းက အမှတ်တရတွေက ကျွန်မရင်ထဲ၊ အတွေးထဲမှာ တစ်စုတစ်စည်းထဲ ရှိနေဆဲပါ။

ကျေးဇူးတင်ပါတယ်
နိုင်းနိုင်းစနေ

6 comments:

  1. နိုင်းနိုင်းအန်တီ ပြောပြမှပဲ အဲ့ဒီမှာ ဆည်ရှိပြီး.. ရေကူးလို့ရမှန်းသိတယ်.. ရေမြင်ရင် မထိရ၊ မကိုင်ရ၊ မဆင်းရ မနေနိုင်တဲ့.. ကျွန်တော့်အဖို့ အခုလို စကားလုံးတွေလဲ ကြားရော မနေနိုင်တော့ဘူး.. ဖြစ်နိုင်ရင် အခုကို သွားပြီး.. ဆော့ပစ်လိုက်ချင်တယ်..

    ဒီ Real Life ဖြစ်နိုင်မဲ့ပုံ မပေါ်ဘူး.. အဲ Second Life - Dream World မှာတော့ ရနိုင်ကောင်းပါရဲ့နော်. အဲ့ဒီမှာပဲ သွားကူးတော့မယ်..
    နောက် ဆေးတစ်ခွက်ကလဲ အရှိန်မပြယ်သေးဘူးလေ.. ကာလနဂါး တစ်ကောင်တော့ အိပ်ပြီးရင်းကို အိပ်နေရတော့တာပဲ.. ဒေါက်တာအန်တီကလဲ ဘာဆေးတွေ ပေးသွားမှန်းကို မသိဘူး.. လူကခေါင်းကို မထောင်နိုင်တော့ဘူး.. 再见了,阿姨 :)

    ReplyDelete
  2. ma ma
    mhat mi par thay lar
    ta thi' ya mhat mi thay tel so yin
    mail send par
    always ta thi' ya nay par tel
    mail address shi' thay tel ma lar
    a ku bel mhar lel
    khinezaw.linmyint@gmail.com
    always wait nay par tel
    KZLM

    ReplyDelete
  3. ma ma
    ma ma ka ta kel yae: tat dar bel
    a yin ka tel: ka taw dar par
    ma ma yae: dar twey ko a yin ka lel read phuu par tel
    very good ...........
    always ta thi' ya nay par tel
    KZLM

    ReplyDelete
  4. ma ma
    sat yae: par
    time ya yin read par own mel....:D :D
    :P :P
    a yan kg par tel
    ma ma MM ko pyan yout yin pyaw par
    KZLM

    ReplyDelete
  5. ma ma
    nout ma MM lo lel tat pyi: d mhar yae: pay: own mel
    a ku font ma ya thay lo.
    ......:P :P :D :D
    KZLM

    ReplyDelete