Saturday, August 4, 2007

၂ လ ပြည့် လက်ဆောင်


တားမရ ဆီးမရ
မိုးသည်းတဲ့လ ၊
စိတ်ကူးကိုဖွင့် အိပ်မက်ကို ရွက်လွှင့်တော့
တစ်နေရာက ရင်ဘတ်တခြမ်း
အဝေးက အိမ်အလွမ်း နဲ့
အပန်းရင့်ရင့် ချယ်ရီ
မွေးဖွားခဲ့ လေပြီ ။

တားမရ ဆီးမရ
အိမ်ပြန်ချင်တဲ့ည ၊
ပြတင်းတံခါးကိုဖွင့် browser ကို click တော့
တစ်နေရာက တောင်ပြာတန်း
အဝေးက ထင်းရှူးလမ်း နဲ့
အလွမ်းသင့် ချယ်ရီ
ကမ်းလင့်လို့ ကြိုနေသည် ။

တားမရ ဆီးမရ
နှလုံးသားတို့က ၊
ရင်ခုန်သံကိုဖွင့် သံယောဇဉ် နှောင်ရစ်တော့
တစ်နေရာက မှတ်တမ်း
အဝေး(အတိတ်)က ဇာတ်လမ်း နဲ့
ဆက်လျှောက် နေမည်
တောင်ကြီး ချယ်ရီ . . .

6 comments:

  1. ကောင်းတယ်ဗျို့ ... သူလည်းကဗျာဆရာပဲ ထင်တယ်...ကဗျာဆရာမဟုတ်ရင်တောင် အလားအလာရှိတယ်
    အားပေးတယ်ဗျို့ ... ကျွန်တော်က ကဗျာရေးတတ်ဘူး..
    အားကျတယ်

    ReplyDelete