Tuesday, August 7, 2007

ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသား လူမျိုးစုများ

ကျွန်တော် မှတ်သားမိသော ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသား လူမျိုးစုများ

1. ရှမ်း
2. လအို
3. ကြီ
4. ဖျဉ်
5. သအို
6. စနော
7. ပလေး
8. အင်
9. စုံ
10. ခမူ
11. ကော် အခါ အီကော
12. ကိုးကန့်
13. ခန္ထီး
14. ဂုံ
15. တောင်ရိုး
16. ဓနု
17. ပလောင်
18. မြောင်ဇီး
19. ယင်းကြား
20. ရှမ်းကလေး
21. ယင်းနက်
22. ရှမ်းကြီး
23. လားဟူ
24. လွယ်လ
25. အင်းသား
26. အိုက်တွယ်
27. ပအိုဝ့် တောင်သူ (ပအိုဝ်း)
28. တိုင်းလွယ်
29. တိုင်းလျမ်း
30. တိုင်းလုံ
31. တိုင်းလေ
32. မိုင်သာ
33. မောရှမ်း

ရှမ်းတိုင်းရင်းသား


ပလောင်တိုင်းရင်းသား

Riang တိုင်းရင်းသား

အခါတိုင်းရင်းသား

ဝတိုင်းရင်းသား

Lahta တိုင်းရင်းသား

လားဟူတိုင်းရင်းသား

လားဟူနက်

လားဟူနီ

ပအိုဝ့် (ပအိုဝ်း)တိုင်းရင်းသား

တောင်ရိုး (ဓနု)တိုင်းရင်းသား

မှားတာရှိရင်လဲ ပြင်ပေးပါ... လက်လှမ်းမီသလောက် ပုံလေးတွေပါ... Fascinating Myanmar CD နဲ့ တခြား CD တွေကရတဲ့ ပုံတွေပါ...

မှတ်ချက်။ ။ပထမ ရှမ်းလူမျိုးများအစား အဲ့ဒီထက် ပိုမိုသင့်လျှော်တဲ့ တိုင်းရင်းသားလူမျိုးစုများဟု ပြန်လည် ပြင်ဆင်လိုက် ပါတယ်...

တိုင်းရင်းသား။ ။ မိမိနေထိုင်သည့်တိုင်းပြည်တွင် မွေးဖွားသူ။
လူမျိုး။ ။ဘာသာစကား၊ ရိုးရာ၊ ဓလေ့၊ အနွယ် စသည် အတူအညီ ခံယူဆင်းသက်လာသောလူစု။
လူမျိုးစု။ ။ ဘာသာစကားကွဲပြားသော်လည်း ပင်ရင်း အခြေစိုက်ဒေသ၊ မျိုးနွယ်နှင့် ဓလေ့ထုံးတမ်းတူညီသော လူမျိုး အသိုင်းအ၀ိုင်း။ (မြန်မာ အဘိဓာန် အကျဉ်းချုပ်)

13 comments:

  1. ဟား..ဟား.. နိုင်းနိုင်းတို့ လားဟူက အမိုက်စားလေးပဲ
    အနီ အနက်ရှိမှန်း ခုမှပဲ သိဖူး မြင်ဖူးတော့တယ်...
    မိုက်ဂိုက်ကြီးနဲ့.. လာမစမ်းနဲ့နော်.. မီးပွင့်သွားမယ်..း)

    ရဲမြန်မာရေ... ကျေးဇူး တင်ပြီးရင် တင်ရင်းပါ...
    အဆင်ပြေရင် အဲ လားဟူပုံတွေကို ယူပါရစေနော်..

    ReplyDelete
  2. :) ဟုတ်ကဲ့ ပါ.. စိတ်ကြိုက် ယူသုံးပါ.. ဒါနဲ့ မနိုင်းနိုင်းက အနီလား၊ အနက်လား.. ? :) ..

    ReplyDelete
  3. ရှမ်းလူမျိုးဆို်င်ရာများ ကြည့်ရှူရသည့် အတွက်ဝမ်းသာမိပါကြောင်း။ ဒီထက်ပြည့်စုံအောင် ဖော်ပြသွားစေလိုပါတယ်။် ရှမ်းပြည်နယ်ရှိ ရှမ်းလူမျိုးများဆို်င်ရာ အချက်အလက်ုံ်အပြည့်အစုံကို ရှမ်းစာပေနှင့်ယဉ်ကျေးမှုပြတိုက်မှ ရရှိနိုင်ပါတယ်။
    ရှမ်းပြည်နယ်ရှိ ရှမ်းလူမျိုးအကြောင်း အရေအတွက် အနေအထိုင် အစားအသောက် ပုံစံများကို သရုပ်ပြပုံ
ုံနှင့်ရိုးရာယဉ်ကျေးမှုအားလုံးကို တောင်ကြီးမြို့ရှိ ရှမ်းယဉ်ကျေးမှုပြတိုက်တွင် ရယူနိုင်ပါတယ်။ ထို့ပြင်
    ကိုရဲမြန်မာတို့ လိုအပ်နေသော တိုင်းရင်းသားများ၏ အချက်အလက်များနှင့် အခြားဗဟုသုတ အချက်အလက်များကိုလည်း ရှမ်းစာပေနှင့်ယဉ်ကျေးမှုပြ တိုက် ရှိ စာကြည့်တိုက်မှ များစွာအထောက်အကူပြု ပါလိမ့်မယ်။၎င်းမှ ရရှိသောအချက်အလက်များ ကို လည်း အခါအခွင့်သင့်သလို ဓါတ်ပုံနှင့်တကွ ဘလောက်တွင် ဖော်ပြပေးစေလိုပါတယ်ရှင်။
    ယိင်းယိင်း

    ReplyDelete
  4. ကိုရဲမြန်မာရေ... ရှမ်းလူမျိုးများ ဆိုတဲ့ ခေါင်းစဉ်အစား ရှမ်းပြည်နယ်မှ လူမျိုးစုများ (သို့) ရှမ်းပြည်နယ်မှ တိုင်းရင်းသားများ ဆိုတာမျိုးက ပိုဆီလျော်မယ်ထင်ကြောင်း အကြံပေးချင်ပါတယ်...
    ဘာလို့လဲဆိုတော့ ရှမ်းပြည်မှာနေသော်လည်းပဲ ရှမ်းမဟုတ်တဲ့ တခြားတိုင်းရင်းသားတွေက သူတို့ကိုရှမ်းလူမျိုးလို့ပြောတာ မကြိုက်ပါဘူး... ရှမ်းလူမျိုးတွေကိုယ်တိုင်လဲ
    သူတို့ကိုဗမာလူမျိုးလို့ပြောရင်ကြိုက်မှာမဟုတ်ပါဘူး... ဘာလို့လဲဆိုတော့သူတို့မှာလဲ ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ သမိုင်းကြောင်းရှိတဲ့အတွက် ကိုယ့်လူမျိုးနာမည်ပဲအခေါ်ခံချင်ကြတာပါ...
    ရှမ်းလူမျိုးဆိုင်ရာ ဆိုတဲ့ content ကလဲ ရှမ်းပြည်နယ်မှာရှိကြတဲ့ တခြားတိုင်းရင်းသားတွေကို ကိုယ်စားမပြုဘူးလို့ခံစားရပါတယ်... ရှမ်းပြည်တွင်းရှိ တခြားတိုင်းရင်းသားတွေနဲ့လဲဆိုင်တဲ့ title လေးတစ်ခု စဉ်းစားရင်ကောင်းမယ်လို့ တဆက်ထဲ အကြံပေးချင်ပါတယ်....
    ကျွန်တော်လေ့လာမိသလောက် ဆွေးနွေးလိုက်တာပါ... တိုင်းရင်းသားအားလုံး အပြန်အလှန်လေးစားမှုနဲ့ ချစ်ခင်ရင်းနှီးစေချင်တဲ့စေတနာနဲ့ပါ.....

    ReplyDelete
  5. ကိုဇေယျာပြောမှပဲ ကျွန်တော် တော်တော် ဦးနှောက်ခြောက်သွားတယ်.. စာအုပ်တွေ ဘာတွေ ပြန်လှန်လိုက်ရတယ်...

    တိုင်းရင်းသား ဆိုတဲ့ ခေါင်းစဉ်ကတော့ ကျွန်တော် Post မှာ ဖော်ပြထားတဲ့ အတိုင်း၊ ဒီတိုင်းပြည်မှာ မွေးဖွားတဲ့ သူတိုင်းကို ခေါ်တယ်လို့ သိရတဲ့ အတွက်နဲ့.. ကျွန်တော်တို့ အားလုံးကို ကိုယ်စားပြုလို့ "တိုင်းရင်းသား" လို့ သုံးလိုက်ပါတယ်.. အခု ဖော်ပြထားတဲ့ လူမျိုးတွေက တော့ ရှမ်းလူမျိုးစု (၃၀)ကျော် ထဲမှာ ပါတဲ့ အတွက် "ရှမ်းလူမျိုးစုများ"လို့ ပြောင်းလိုက်ပါတယ်..

    ရှမ်းပြည်နယ်အတွင်းရှိ အခြားတိုင်းရင်းသား တွေဆိုရင် အရမ်းကျယ်ပြန့်သွားမှာ ဖြစ်ပါတယ်.. တိုင်းရင်းသား လူမျိုးစုပေါင်း ၁၀၀ ကျော်ကို ဖော်ပြရ သလို ဖြစ်သွားပါလိမ့်မယ်.. အခု ကျွန်တော်တို့ အဓိကထားတာကတော့ ရှမ်းလူမျိုးစု၊ ရှမ်းအနွယ်ဝင် အကြောင်းတွေ ဖြစ်တာကြောင့် အဲ့ဒီ Lable ကိုလဲ ရှမ်းလူမျိုးစုများလို့ပဲ ပေးလိုက်ပါတော့မယ်..

    ပအိုဝ့်ကိုတော့ ပအိုဝ်းလို့ ထပ်ဖြည့်လိုက်ပါတယ်...

    သေချာတာက အဲ့ဒီ Issue က အရမ်းကျယ်ပြန့် လေးနက်ပါတယ်.. အားလုံးကို ရှမ်းလူမျိုးစုများလို့ ပြောရင်လဲ အင်းသားတွေက ပါနေပြန်တယ်.. တကယ်တော့ အင်းသားတွေက ဗမာလူမျိုးမှာ ပါမယ်နဲ့ တူပါတယ်.. ကျွန်တော် ဂဂဏဏ သိအောင်တော့ ပြန်လေ့လာလိုက်ပါဦးမယ်.. ဒီအတွက်ကိုတော့ သိပ်ပြီးတော့ Serious မဖြစ်စေချင်ပါဘူး.. ကျွန်တော်တို့က မြန်မာပြည်မှာ မွေးတဲ့ တိုင်းရင်းသား ညီနောင်တွေဖြစ်ပါတယ်.. အားလုံး စည်းစည်းလုံးလုံး နဲ့ သိုက်သိုက်ဝန်းဝန်း ရှိကြရပါမယ်.. ချစ်ချစ်ခင်ခင် နေကြဖို့လဲ လိုပါတယ်...

    ReplyDelete
  6. ကိုရဲမြန်မာရေ... ဂရုတစိုက်ဆွေးနွေးတာကျေးဇူးပါ.. ကျွန်တော်ကလဲ အသုံးအနှုန်းအပေါ် serious ဖြစ်လို့မဟုတ်ပါဘူး... အားလုံးအတွက် ကျယ်ကျယ်ပြန့်ပြန့်လေး အကျုံးဝင်မဲ့ အသုံးအနှုန်းလေးတွေ သုံးနိုင်ရင်ပိုကောင်းမယ် ဆိုတဲ့သဘောလေးပါ...

    ReplyDelete
  7. ကိုရဲမြန်မာရေ ရှမ်းပြည်မှာ ရှိတဲ့ တိုင်းရင်းသားလူမျိုးစုတွေကို တင်ထားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်...

    ဒါပေမယ့် တခုတော့ ထောက်ပြပါရစေ...ငွေပလောင်...ရွှေပလောင်ဆိုပြီး ကိုရဲမြန်မာက ဓာတ်ပုံနဲ့ တကွ တင်ပြထားတာကို မြင်တွေ့ရတော့ လွဲမှားနေပါတယ်ခင်ဗျား...

    တအာင်းဆိုတဲ့ ပလောင်လူမျိုးစုမှာ မျိုးနွယ်ကွဲပြားမှု အများကြီး ရှိပါတယ်... ရွှေပလောင် ငွေပလောင် စသဖြင့် ၁၃ မျိုးကျော် ကွဲပြားပါတယ်....

    ကိုရဲမြန်မာရဲ့ ပုံမှာ ဘာလွဲမှားသွားသလဲဆိုရင်.... တအာင်း(ခေါ်) ပလောင်လူမျိုးနြ့ ကယန်း(ခေါ်) လည်ပင်းရှည် ကရင်(နီ)(ခေါ်) ပဒေါင်လူမျိုးပဲ ဖြစ်ပါတယ်ခင်ဗျား၊

    အဲဒီလူမျိုးစုတွေ အများစုနေထိုင်ကြတာကတော့ ရှမ်းပြည် တောင်ပိုင်းနဲ့ ကယားပြည်နယ် နယ်စပ် ဖယ်ခုံ.. မိုင်းပြဲ... နောက် ကယားပြည်နယ်အတွင်းထဲမှာလည်း နေကြတာကို တွေ့ရပါတယ်ခင်ဗျား...

    ဒီလိုထောက်ပြရတာက ကျနော်က ပလောင်လူမျိုးလည်း မဟုတ်သလို ပဒေါင်လူမျိုးတဦးလည်း မဟုတ်ပါ... ကျနော်ဟာ ပအိုဝ်းအမျိုးသား တစ်ယောက်ဖြစ်ပါတယ်...

    တောင်ကြီးက အကြောင်းတွေ အချိန်အခါသင့်ရင် ကျနော်လည်း ကိုယ်တွေ့လေးတွေ ရေးချင်ပါတယ်...

    ကျေးဇူးတင်ပါတယ် တောင်ကြီး ချယ်ရီကို ဖန်တီးပေးတဲ့အတွက်

    ReplyDelete
  8. ကိုKhunang ပြောမှပဲ ကျွန်တော် သေသေချာချာ ပြန်ကြည့်မိပါတယ်.. ဟုတ်ပါတယ်.. ကျွန်တော်က ပလောင်နဲ့ ပဒေါင်ကို အတူတူ အောက့်မေ့ပြီး ဖော်ပြလိုက်မိတာပါ.. ပဒေါင်လုမျိုးက ရှမ်းလူမျိုးထဲမှာ မပါဘူးနဲ့ တူပါတယ်.. အဲ့ဒါကြောင့် ဖြုတ်ခဲ့လိုက်ပါတယ်.. အခုလို သေသေချာချာ ဖတ်ရှု ရှင်းပြတဲ့အတွက် အရမ်းဝမ်းသာမိပါတယ်.. တကယ်လဲ ဗဟုသုတရပါတယ်.. အဲ့ဒီလိုမျိုးလဲ နောက်ထက် ၀င်ရောင်ဆွေးနွေး ပြင်ဆင်ပေးပါဦးလို့ ပြောလိုပါတယ်… ကျေးဇူးအထူး တင်ပါတယ်..

    ReplyDelete