Saturday, August 18, 2007

မောင်၊မယ် သစ်လွင် ကြိုဆိုပွဲ ပအို(၀်)

တောင်ကြီး တက္ကသိုလ် ပအို(၀်) အမျိုးသား စာပေနှင့်ယဉ်ကျေးမှု ဆပ်ကော်မတီမှ ကြီးမှူးကျင်းပသော မောင်မယ် သစ်လွင်ကြိုဆိုပွဲကို ၁၈.၈.၂၀၀၇ ရက်နေ့တွင် တောင်ကြီးတက္ကသိုလ် ကျိုင်းတုံခန်းမ တွင် ပြုလုပ်ခဲ့သည်။ တောင်ကြီး တက္ကသိုလ် တာဝန်ခံ ပါမောက္ခချုပ် ဦးရေချမ်း နှင့် ပအို(၀်) အမျိုးသား အဖွဲ့ချုပ် အတွင်းရေးမှူး ဦးခွန်စံလွင် မှ အဖွင့် အမှာ စကားပြောကြား ပြီး အခန်းအနားကို စတင်ဖွင့်လွင့်ပေးခဲ့ပါသည်။ ကျောင်းသူ ၊ကျောင်းသား များမှ တက်ရောက်လာသော ဧည့်သည်တော်များအား အဆို၊ အက များ ဖြင့် ဖျော်ဖြေ ခဲ့ပြီး အခန်း အနားကို ညနေ ၅ နာရီတွင် အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ပါသည်။






9 comments:

  1. တောင်ကြီး တက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို တင်ပြပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်ခင်ဗျား။

    နောက်ထပ် အသစ်အသစ်တွေလည်း ဆက်လက်တင်ပေးပါအုံးခင်ဗျား၊

    ဒါပေမယ့် တခုတော့ အကြံပြုခွင့်ပေးပါ... လူမျိုးတမျိုးရဲ့ နာမည်ဟာ အဲဒီလူမျိုးရဲ့ အမျိုးသား ဂုဏ်ကို ဆောင်တယ်ဆိုတာ အားလုံး လက်ခံမယ်လို့ ကျနော်မြင်ပါတယ်...

    ဥပမာ... တအာင်း(ခေါ်) ပလောင် လူမျိုးကို ပလောင်းလို့ ဖျက်ခေါ်လို့ မရသလို လားဟူ လူမျိုးကိုလည်း လဟူး လို့ ခေါ်ရင်လည်း နစ်သက်ကြမှာ မဟုတ်ပါဘူး... ထို့အတူ ရှမ်း(သျှမ်း) လူမျိုးကိုလည်း ရှမ်... ရှပ်... သျှန်း လို့ ခေါ်မယ်ဆိုရင် အဲဒီလူမျိုးကလည်း နစ်သက်လက်ခံကြမှာ မဟုတ်ပါဘူးခင်ဗျား... အဲဒါကြောင့် ပအိုဝ်း ဆိုတဲ့ လူမျိုးကိုလည်း ပအို.... ပအို(၀်)... ပအို့(၀်) ပအိုး လို့ ခေါ်ရင်လည်း နစ်သက်ကြမှာ မဟုတ်ပါဘူး...အဲဒါကြောင့် နောက်နောင် လူမျိုးတမျိုးရဲ့ အမည်နာမည်ကို ထည့်ရေးမယ်ဆိုရင် မှန်မှန်ကန်ကန် ရေးသားခေါ်ဆိုပေးပါလို့ အကြံပြုောတင်းဆိုပါရစေ ခင်ဗျား..

    ကျေးဇူးတင်ပါတယ်

    ခွန်အောင်(ခွန်လင်းချစ်သူ)

    ReplyDelete