Friday, August 31, 2007

ရှမ်းစာစကား(၁)

ကျွန်တော် အခုတစ်ခေါက် ခရီးသွားရင်း ပဒေါင်ရွာတွေ၊ လားဟူရွာတွေ၊ ပအိုဝ်း ရွာတွေ ရောက်ခဲ့ပါတယ်.. သူတို့ တတွေအားလုံးက မြန်မာစကားမပြောတက်တော့ သူတို့ ပြောတဲ့အကြောင်းအရာတွေကို ကျွန်တော် နားမလည်ခဲ့ဘူး.. ကျွန်တော်ပြောတာတွေကိုလဲ သူတို့ မသိဘူး.. အဲ့ဒီမှာပဲ ကျွန်တော် ရှမ်းစကားလေး အခြေခံလောက် သင်ခဲ့ရင် ကောင်းသားလို့ အတွေးပေါ်ခဲ့ပါတယ်..

ရှမ်းပြည်ကို ကျွန်တော်စရောက်ကတည်းက ဆိုရင် ၄နှစ်ကျော်ရှိပြီ.. တကယ်ဆို ရှမ်းစကားလေး ၁ခု၊ ၂ခုလောက်တော့ ထမင်းစားရေသောက် ပြောနိုင်ရမှာ.. အဲ့ဒီလိုသာ ပြောနိုင်ခဲ့ရင် တိုင်းရင်းသားတွေကို သူတို့ ဘာသာစကားနဲ့ နှုတ်ဆက်နိုင်မယ်.. ရင်းနီးနိုင်ခဲ့မှာ..

ကျောင်းတက်တုန်းကတော့ ရှမ်းသူငယ်ချင်း တစ်ယောက်ဆီမှာ ရှမ်းစာ၊ စကား သင်ဖြစ်ခဲ့ပါသေးတယ်.. ဒါပေမဲ့ အသံထွက် ကာ၊ ကာ,၊ ကာ; ၊ ကား၊ ကာ့ ငါးမျိုးသင်ရင်းနဲ့ အချိန်တော်တော် ကုန်သွားခဲ့တယ်.. ဘယ်လိုမှ မထွက်တက်ဘူး ဖြစ်သွားတယ်..
ရှမ်းသူငယ်ချင်းကလဲ သင်ပေးရှာပါတယ်.. ဒါပေမဲ့ ကာ; တစ်လုံးကို ဘယ်လိုမှ မပြောတက်ခဲ့ဘူး.. ကျောင်းမှာ အချိန်ရတိုင်းလဲ တစ်လုံးစ၊ နှစ်လုံးစ သင်ဖြစ်ခဲ့တာလဲ မေ့မေ့ ပြောက်ပြောက်တွေ ဖြစ်ကုန်ခဲ့တယ်..

အခုတော့ ရှမ်းစကားလေး ထမင်းစား၊ ရေသောက်၊ အလာပသလာပလေး ပြောနိုင်အောင်.. သူတို့ ပြောတာလဲ နားလည်နိုင်အောင်လို့ လေ့လာရင်း ရှမ်းစာမသိတဲ့သူတွေ အတွက် တောင်ကြီးချယ်ရီမှာ ဖော်ပြသွားမလားလို့ စဉ်းစားမိတာနဲ့ အခု ရှမ်းစာစကား(၁)ကို ရေးဖြစ်လိုက်ပါတယ်.. ရှမ်းစကားတက်သူတွေကလဲ ဘယ်သူမှ တုတ်တုတ်မလှုပ်လို့ မတောက်တခေါက်နဲ့ပဲ ကျွန်တော် အနည်းငယ် ရွှီးကြည့်ပါတော့မယ်.. အမှားများပါရင်လဲ ပြင်ပေးကြပါလို့...

ပထမဆုံး သင်ဖြစ်ခဲ့တဲ့ စကားလုံးလေးတွေ က..
ရည်းစားကို `စု´
ကွမ်းကို `ပု´
ခရုကို `ဟွယ်´
တောင်ကို `လွယ်´
ထမင်းကို `ခေါက်´
အရက်ကို `လောက်´
ခရမ်းသီးကို `မက်ခေ´
ကျားကို `ဆေ´

စားတာကို `ကင်´
သောက်တာကို `အောက်´

ထမင်းစားရင် `ကင်ခေါက်´
ရေသောက်ရင် `ကင်နမ့်´
သောက်ရေဆိုရင် `နမ့်ကင်´
ချင် (want) ဆိုရင် `ခိုက်´
No ဆိုရင် `အမ်´
Yes ဆိုရင် `အေ(၀်)´

အဲ့ဒီစာလုံးတွေက စပြီး ကျွန်တော် ရှမ်းစာတွေနဲ့ ထိတွေ့ခဲ့ပါတော့တယ်..
ရှမ်းမဟုတ်တဲ့သူက ရှမ်းစာအကြောင်း ပြောပြနေတာ အမြင်မတော်ရင်လဲ ၀င်ရောက် ကူညီနိုင်ပါတယ် နော့်.. :)

30 comments:

  1. ကိုရဲမြန်မာရေ..
    “ပထမဆုံး သင်ဖြစ်ခဲ့တဲ့ စကားလုံးလေးတွေ က..
    ရည်းစားကို `စု´”
    ဆိုတော့ ဖတ်ရင်း နည်းနည်းတော့ ပြုံးမိတယ်.. :)

    ရှမ်းစကားက ထိုင်းစကားနဲ့ ဆင်သလိုပဲ.. အမထင်တာပါ။ ထိုင်းတွေလည်း ထမင်းကို “ခေါက်” လို့ပဲ ခေါ်တယ်။ ကျန်တာတွေတော့ သိပ်မသိပါဘူး။

    ReplyDelete
  2. ကိုရဲမြန်မာရေ
    ကွမ်းကို `ပု´လို့ပြောပါတယ်ပြင်လိုက်ပါအုံး။
    ယိုးဒယားစကားသင်ပေးရမလား

    ReplyDelete
  3. မရန်ကုန်သူ ပျောက်ချက်သားကောင်းလှချီလား..
    သင်ပေးတဲ့သူက ဘာသင်ပေးပေး လိုက်ဆိုရတာပေါ့ဗျ.. :)
    [စု] စရာလဲ မရှိသေးပါဘူး.. အမှတ်လွယ်တာလေး သင်ပေးတာနဲ့ တူပါတယ်.. :) ဟုတ်မယ် ပအိုဝ်း နဲ့ ထိုင်းနဲ့လဲ ဆင်တယ်လို့ ထင်တယ်.. ကြားရတာ နဲနဲတူသလိုပဲ..

    မနန်းရေ `ပု´လိုက် ပါပြီဗျ.. :)
    ထိုင်းဆို လို့ဆာဝါရီခ ဆိုတဲ့ တစ်လုံးပဲ တတ်တယ်.. သင်ပေးမယ်ဆိုရင်တော့ အရမ်းကျေးဇူးတင်ပါတယ်.. :)

    ReplyDelete
  4. OK,မှန်သွားပြီ။

    ReplyDelete
  5. မပျောက်ပါဘူး ကိုရဲမြန်မာရေ.. တောင်ကြီးအတွက် ရေးမယ် ရေးမယ် ဆိုပြီး ဘာရေးလို့ရေးရမှန်းမသိတော့လို့ပါ။ :)

    ReplyDelete
  6. ခရမ်းသီး “မာခေ”
    ကျားကို “ ဆေ”
    ယုန်ကို “ပန်တိုင်း”
    မီးကို “ဖိုင်”
    “ကွာကွာ မားမား” သွားသွားလာလာ
    “ဟောင်ဟတ်ဆူ” ချစ်တယ်

    ရှမ်းပြည်မှာ ကြီးပြီး ရှမ်းစကားကို ကျွန်မလည်း အကျွမ်းတ၀င် မတတ်ခဲ့ဘူး။
    သူငယ်ချင်းတွေက ဓနု၊ ရှမ်းတွေဖြစ်ပေမဲ့ ရှမ်းစကားကို ထမင်းစားရေသောက်လောက်ပဲ
    တတ်ခဲ့တယ်။

    ReplyDelete
  7. ထပ်ပြင်လိုက်အုံးမယ်နော်
    ထိုင်းလိုမိန်းခလေးကပြောရင်`ဆဝပ်ဒီခါး´
    ယောက်ကျားလေးကပြောရင်`ဆဝပ်ဒီခရပ်´လို့ပြောပြီး
    ရှမ်းလိုမီးကို`ဖိုင်း´လို့ပြောပါတယ်။

    ReplyDelete
  8. ကျေးဇူးတင်ပါတယ် မနန်းရေ.. ဆဝပ်ဒီခါး ဆိုတာ ဘာလို့ (၂)မျိုးကွဲနေတာပါလဲ.. မင်္ဂလာပါလို့ ပြောတဲ့ စကားလုံး ဟုတ်ဘူးလား.. နှုတ်ဆက်ရင်ပြောတာ ကြားဖူးလို့ မှတ်ထားတာ.. Meaning တော့ သေသေချာချာမသိဘူး..

    ReplyDelete
  9. `ခါး´က`ရှင်´
    `ခရပ်´က`ခင်ဗျား´လို့ထည့်သုံးပေးရမယ်။မဟုတ်ရင်ယောက်ကျားလေး
    ဖြစ်ပြီး`ခါး´ထည့်သုံးရင်သူများကအခြောက်လားထင်သွားမယ်နော်။
    တယ်သိနေလို့မကဲ့ရဲ့နဲ့နော်၊ကျမကဖိုး၊ဖွား၊မိဘကရှမ်းဖြစ်ပြီးတောင်ကြီးမှာ
ှမွေး၊တောင်ကြီးဇာတိဖြစ်ပါတယ်။ရှမ်းစကားရှမ်းစာပါတတ်ပြီးအခုတော့နဖူး
    စာရွာလယ်ခင်ပွန်းကယိုးဒယားလူမျိုးနဲ့အိမ်ထောင်ကျပြီးလက်ရှိဘန်ကောက်
်မှာနေပါတယ်။ဒီဘလောက်ကိုဖတ်ရတာအတိုင်းအဆမရှိဝမ်းသာရပြီးကို့အိမ်
်ကိုပြန်ရောက်သလိုခံစားရပါတယ်၊ဒါကြောင့်တောင်ကြီးချယ်ရီမြေဘလောက်
    ဖြစ်လာဖို့အတွက်အဖက်ဖက်ကကူညီသူများအားလုံးလဲကျေးဇူးအထူးတင်ရှိပြီး
့်တောင်ကြီးချယ်ရီမြေဘလောက်အတွန့်ရှည်တည်တန့်ခိုင်မြဲပါစေလို့ဆုမွန်
    ကောင်းတောင်းလိုက်ပါတယ်။မအားတဲ့ကြားကဒီဘလောက်အတွက်ကူညီပေး
    လို့ရတာတွေကိုအတတ်နိုင်ဆုံးကူညီချင်ပါတယ်။

    ReplyDelete
  10. အော် ဟုတ်ကဲ့ဗျ.. မနန်းရေ အခုမှ ကိုယ်ပြောတဲ့ စကားက အထီးလား အမလား သိတော့တယ်.. :)

    အခုလို ရှင်းလင်း ဖြည့်စွက်ပေးကြတဲ့ မနိုင်းနိုင်းနဲ့ မနန်းကို ကျေးဇူးအထူး တင်ပါတယ် ခရပ်.. :)

    ReplyDelete
  11. I am a Shan national. But, I cannot speak Shan Langaue very well. So, I wanna learn it to save our national singature. You are welcomed warmly to continue your effort. I will be waiting for your post.
    Yours,
    Saing Khan Tun

    ReplyDelete
  12. တောင်ကြီး အင်းလေး ဒေသတွေနဲ့ ပြန်လည်တွေ့ ထိရတာ
    ကျေဇူးတင်ပါတယ်။

    ဖေါင်တော်ဦးဘုရားပွဲ မရောက်တာကြာပြီ

    ဒီတခါ ဗမာပြည်ပြန်ရင် ဘုရားပွဲအချိန် ပြန်မယ်စိတ်ကူးတယ်။

    ReplyDelete
  13. အသံထွက်တွေမှန်ပါတယ်။ တောင်ကြီးကို မရောက်ဖြစ်တာ တော်တော်ကြာသွားပြီ။ အားလုံးအမှတ်ရ စရာတွေချည်းပါပဲ။ အစ်ကို့ အိမ်ကို ဒါပထမဆုံးရောက်ဖူးတာ ဖြစ်တယ်။
    လေးစားပါတယ်
    ဝင်းဇော်
    www.winzaw-mdy.blogspot.com

    ReplyDelete
  14. ဖတ်ရတာ...တော်တော်လေးကောင်းပါတယ်

    ReplyDelete
  15. ယူလီဟား ..နေကောင်းလား ..
    မိုင်ဆွန်ခ .. မင်္ဂလာပါ ..
    ထည့်မယ်ဆို အများကြီးပဲနော့ ..
    ထပ်ရေးဦးမှာလား

    ReplyDelete
  16. i'm really shan
    sorry,that not my computer,that why i can't use myanmar form.
    if u want to write shan voice *a tan htow* u use english is better.
    coz myanmar (tar ya) have only 3
    shan have 6,if u use myanmar form who read that can wrong,ok?
    sorry about my english.
    if u want to go to really shan (toung paw) contact me .i can help u,but wait for 2 year,ok?.thz

    ReplyDelete
  17. .

    that address..nyinyilay22..gmail

    ReplyDelete
  18. ရှမ်းဖြစ်ပြီးရှမ်းစကားမတတ်လို့ရှက်မိပါတယ်..
    ရှမ်းတွေကိုတော့အသွေးအသားထဲကကိုချစ်တယ်...

    ReplyDelete
  19. ကျွန်တော်လဲ အစ်ကိုအိမ်ကိုလာလည်ပြီးပါပြီ အရမ်းကိုကောင်းပါတယ် ကျွန်တော်က ရှမ်းမဟုတ်ပေ မဲ့ ရှမ်းစကားကို ရှမ်းတွေနဲ့ပြိုင်ပြောနိုင်တဲ့ အဆင့်ရှိပါတယ် အစ်ကိုရေးထားတာတွေမှန်ပါတယ် ဘာဖြစ်လို့လဲဆို တော့ အသံထွက် တိတိကျကျ ရေးလို့မရလို့ဖြစ်မယ်လို့ ယုံကြည်ပါတယ် ကျေးဇူးလည်းတင်ပါတယ် "ယင်းchom ရောက်ခါ" ရှမ်းလိုပါ ရှမ်းမကိုတွေ့ရင် "နောင့်shao ဆူhanလီ တေ့ရောက်(လ်)" လို့ပြောပါ သူပြုံးလိမ့်မယ်
    "ဂှဝ်;ဂှဂ်,သူ" i love you လို့ပြောတာပါ အသံထွက်က "ဟောင်းhart စူ" ပြောဖို့မမေ့နဲ့နော် ကျွန်တော်ကတော့ ကချင်နဲ့လီဆူ ကပြားပါ ကချင်ပြည်မှာမွေးပြီးရှမ်းပြည်မှာကြီးပြင်းလာတာပါ တိုင်းရင်းတာစကား(၇)ကို အထူးတက်ကျွမ်းကျင်ပါတယ် တောင်ကြီးမှာလည်းကျောင်းတက်ဖူးပါတယ် မြေဖြူရပ်ကွက်မှာနေပြီး အ.ထ.က(၉) မှာ ပညာဆည်းပူးခဲ့ပါတယ် ယခုလက်ရှိက မလေးရှားမှာပါ ရှမ်းစကားသင်ချင်ရင်တော့ mbslnhytm@gmail.com & mbslnhytm@hotmail.com ကို လာပါ
    အားလုံးကို ရိုသေလျှက်

    ReplyDelete
  20. ဆောင်လုံ ကို ** အပျိုကြီး **

    ReplyDelete
  21. ဆောင်လုံ ကို ** အပျိုကြီး **

    ReplyDelete
  22. ရှမ်းစကားကို စိတ်ဝင်စားတဲ့ အကို့ကို လေးစားပါတယ်
    ရှမ်းစကားမတတ်တဲ့ရှမ်းတွေအတုယူစေချင်တယ်။

    ReplyDelete
  23. I can help you I live in pyinoolwin
    I am shan nation
    If you more want to know contant me
    my gmail account is thantzinoo049.

    ReplyDelete