Tuesday, August 7, 2007

ရှမ်းတောင် ဂျူဒိုသတင်း

ကျွန်တော်နဲ့ ဂျူဒိုဇာတ်လမ်းက မပြီးသေးပါဘူး... ဒါပေမဲ့လဲ ပြောရင် ဘယ်သူမှ စိတ်ဝင်စားမှာ မဟုတ်တဲ့ အတွက် ဆက်မရေးတော့ပဲ သတင်းတွေသာ ဖော်ပြလိုက်ပါတယ်..

ပထမဆုရသွားတဲ့ မီးရထားဝန်ကြီးဌာန.. ဆုယူနေတဲ့ သူက ရှမ်းတောင်ကပါ

၂၀၀၇ခုနှစ် လူသစ်တန်းနဲ့ အသက် (၂၀)နှစ်အောက် ဂျူဒိုပြိုင်ပွဲကို တောင်ကြီးက ဂျူဒိုဆရာ နဲ့ ရှမ်းတောင် ကိုယ်စားပြု ကစား သမား ၁၆ ယောက် သွားပြိုင်ခဲ့ ပါတယ်.. ၂ပွဲစလုံးမှာတော့ တတိယဆုပဲ ရခဲ့ပါတယ်.. ရွှေ ၆ခု ငွေ ၅ခုရခဲ့ပေမဲ့.. ရွှေရတဲ့ ကစားသမား ၂ယောက်က တစ်ခြား ၀န်ကြီးဌာနကနေ့ ပြိုင်လိုက်ရတဲ့ အတွက် ပထမ ဒိုင်းဆုကြီးနဲ့ လွဲခဲ့ရပါတယ်.. ရှမ်းတောင်က ရွှေရတဲ့ ကစားသမား ၂ယောက်ပါသွားတဲ့ ၀န်ကြီးဌာနကတော့ ပထမဒိုင်းကြီးယူသွားပါတယ်..

သွားပြိုင်ခဲ့တဲ့ ရှမ်းတောင်အသင်း၊ မီးရထားအသင်းနဲ့ အတူ..

တတိယဆုယူခဲ့တဲ့ ရှမ်းတောင် နည်းပြဆရာနဲ့ ကစားသမား

ရယူခဲ့တဲ့ တတိယဆု

တကယ်တော့ ရှမ်းတောင်အသင်းကို ဂျူဒိုမှာ တစ်ခြားအသင်းတွေက တိုးဖို့ မလွယ်ပါဘူး... ဂျူဒိုပဲ မဟုတ်ပါဘူး.. အားကစားတော်တော်များများမှာလဲ ရှမ်းတောင်က အားလုံးထိပ်မှာ ရှိပါတယ်.. ဘောလုံးဆိုရင်လဲ ပထမ ဒိုင်းတွေ ယူထားတာ ကြာပြီ... မြန်မာသိုင်းဆိုရင်လဲ ပထမဒိုင်းယူထားတာ ၃နှစ် မကတော့ပါဘူးတဲ့..

ရှမ်းတောင် ဂျူဒိုအသင်းရခဲ့သော ဆုတံဆိပ်များ

ဘယ်ပြည်နယ်နဲ့ တိုင်းမှ ရှမ်းတောင်ကို မမီတာ သေချာပါတယ်.. ၀န်ကြီးဌာနတွေတောင် ဆုလိုချင်ရင် ရှမ်းတောင်ကို ညစ်ရင်ညစ်.. မညစ်ချင်ရင်လဲ ရှမ်းလက်ရွေးစဉ်တွေ ခေါ်ကစားရပါတယ်.. အခု ဂျူဒိုသွားပြိုင်ခဲ့တာ ပြည်နယ်နဲ့ တိုင်း ၃ခုပဲ ပါတယ်တဲ့.. ကျန်တာတွေကတော့ ၀န်ကြီးဌာနတွေဖြစ်ပါတယ်..

မြန်မာ့သိုင်း ပြိုင်ပွဲဝင်ဖို့ လေ့ကျင့်နေတုန်း ရောက်ခဲ့လို့ ဓါတ်ပုံရိုက်ခဲ့တာပါ... အခုတော့ ရန်ကုန်ဆင်းသွားပါပြီ.. ပထမဒိုင်းသွားယူဖို့လေ.. :)

အခုလာမဲ့ ၉လပိုင်းမှာလဲ ပြည်နယ်နှင့်တိုင်း ဂျူဒိုပြိုင်ပွဲရှိပါတယ်.. တစ်ချို့ အားကစားတွေကတော့ ရန်ကုန်ကို ဆင်းပြီးပြိုင်ပွဲ သွားဝင်နေကြပါပြီ..

မှတ်ချက်။ ၀န်ကြီးဌာနအသင်းကို ဘာလို့ လူပေးပြီး ၀င်ပြိုင်ခိုင်းရသလဲ ဆိုတော့.. တစ်ယောက်က ၀န်ကြီးဌာန အသင်းက ခေါ်ယူ လစာ ပေးထားတဲ့ ကစားသမားဖြစ်လို့ပါ.. နောက်တစ်ယောက်ကတော့ တောင်းလို့ပါ.. ကျွန်တော်တို့ ဂျူဒို အသင်း ရန်ကုန်သွားပြိုင်ရရင်.. အဲ့ဒီမီးရထား ၀န်ကြီးဌာန ပိုင်တဲ့ အဆောက်အဦးမှာပဲ အမြဲ တည်းရပါတယ်... အဲ့မှာ ဂျူဒို လေ့ကျင့်တဲ့ အခန်းလဲ ရှိပါတယ်.. ကျွန်တော်တို့ သွားတုန်းကလဲ အဲ့ဒီမှာ တည်းပြီး.. လေ့ကျင့်ခဲ့ ရပါသေးတယ်.. အဲ့ဒါကြောင့် ပေးလိုက်ရတာပါ..

9 comments:

  1. i respect the martial arts men.Most of thr young people do not intrest now.just drinking and smoking.Thai boxing is top on the world market .They got it from us but they lie to the world that they r the original.

    ReplyDelete
  2. blog.taunggyicherryland.com is very informative. The article is very professionally written. I enjoy reading blog.taunggyicherryland.com every day.
    online cash advance
    payday loans canada

    ReplyDelete