Sunday, August 5, 2007

The Ranch နဲ့ ၂လပြည့် အမှတ်တရပွဲ

ညနေ ကျွန်တော်တို့ တောင်ကြီးချယ်ရီမြေ ၀ိုင်းတော်သားတွေ ၂လပြည့် အမှတ်တရ ပွဲလေးလုပ်ဖို့ The Ranch ဆိုတဲ့ ဆိုင်လေးကို ရွေးဖြစ်ခဲ့ပါတယ်။

စုံဖြစ်ခဲ့တဲ့ သူတွေကတော့ ကိုဇေယျာ၊ ကိုအောင်မိန်း၊ ကိုကျော်စွာ၊ ကိုချမ်း (KC)၊ ကိုရဲမြန်မာ၊ ၅ယောက်ပါ။ ကျွန်တော်ပါ ပါမယ်ဆိုရင်တော့ အားလုံးပေါင်း (၆)ယောက်ပါ။ ရှိတဲ့ Author ၂၁ယောက်မှာ ၆ယောက်ပဲ စုံဖြစ်တာကိုတော့ အားမရပါဘူး။ ကျန်တဲ့ သူတွေများ လာဦးမလားလို့ မျှော်သော်လည်း ဘယ်သူမှ မလာပါ။ ဒါနဲ့ပဲ ကျွန်တော်တို့ ၆ယောက် မှာလိုက်၊ စားလိုက်၊ စကားပြောလိုက်၊ သောက်လိုက်နဲ့ အချိန်တွေ ကုန်မှန်းမသိ ကုန်ခဲ့ကြပါတယ်။ ကျွန်တော်တို့ တတွေ တောင်ကြီးချယ်ရီအကြောင်း တောင်ရောက်မြောက်ရောက် ပြောလိုက်၊ author တွေ အကြောင်း ဟိုရောက်ဒီရောက် ပြောလိုက်၊ ထွေရာလေးပါးအကြောင်းတွေ လျှောက်ပြောလိုက်နဲ့ လေလဲ တော်တော် ကုန်ခဲ့ ကြသေးတယ်။

The Ranch ဆိုတဲ့ ဆိုင်ကတော့ တောင်ကြီးမြို့ရဲ နာမည်ကြီး၊ လူသိများတဲ့ ဆိုင်တစ်ဆိုင်ပါ။ အစားအသောက် စုံလင်ပြီး၊ Unplugged Show လေးတွေလဲ ညတိုင်း ရှိတဲ့ ဆိုင်တစ်ဆိုင်ပါ။

ဆိုင်အပြင်ဘက် အခြမ်းကိုတော့ အစားအစာနဲ့ ဖော်ရည်မျိုးစုံ သောက်တဲ့ စားသောက်ခန်း သီးသန့် စီစဉ်ထား ပါတယ်။ အတွင်းဘက်ကိုတော့ Unplugged KTV & Bar ဆိုပြီးတော့ ပုံစံ တစ်မျိုးနဲ့ ဖွဲ့စည်းထား ပါတယ်။ Unplugged ကတော့ The Ranch ရဲ့ ပင်တိုင် Guitarist တွေ၊ အဆိုတော်တွေ တီးခတ်သီဆိုတဲ့ နေရာလေးပါ။ သီးချင်း အေးအေးလေးတွေပဲ ဆိုတာများပါတယ်။

အဲ့ဒီ Unplugged နဲ့ Bar ရှိတဲ့ နေရာကတော့ အလင်းမှိန်မှိန်လေးကိုပဲ ကစားထားတာ တွေ့ရပါတယ်။ ပန်းချီကား ဆန်းဆန်းတွေကို Lighting သုံးပြီး လှနေအောင် လုပ်ထားပါတယ်။ KTV ကလဲ Karaoke ဆိုဖို့ သီးသန့် အခန်းတွေ ဖြစ်ပြီး၊ သပ်သပ်ရပ်ရပ်လဲ ရှိပါတယ်။

Unplugged နေရာနားမှာတော့ Projector နဲ့ ရုပ်သံ အစီအစဉ်တွေရှိပြပါတယ်။ ဘောလုံးပွဲ ကြိုက်တဲ့ တောင်ကြီးသားတွေကတော့ The Ranch မှာလာပြီး၊ သီချင်းနားထောင်လိုက်၊ ဘောပွဲကြည့်လိုက်နဲ့ အစဉ်ပြေတဲ့ နေရာဖြစ်ပါတယ်။ ကျွန်တော်တို့ လဲ ManU Vs Chelsea: The FA Community Shield ပွဲရှိတာနဲ့ ကြည့်ဖြစ်ခဲ့ပါ သေးတယ်။ လူတွေလဲ တော်တော်ပြည့် နေပါတယ်။

ကျွန်တော်တို့ ကတော့ သီချင်းလေး နားထောင်ပြီး စကားပြောဖို့၊ စားလို့ သောက်လို့ ရဖို့ Unplugged ရှိတဲ့ အတွင်းဘက်မှာပဲ သွားထိုင်ဖြစ်ခဲ့ပါတယ်။

ဒီလမ်းလေးက သွားခဲ့ရတာပါ။

ကျွန်တော်တို့ အစက Virtual Tour လုပ်ဖို့ စီစဉ်ထားပေမဲ့လဲ အခန်း Lighting က Camera အတွက် အရမ်းမှိန်နေပြီး၊ Flash ဖွင့်ပြီး ရိုက်ဖို့ ကလဲ အခြားလူတွေ ကို အားနာတာနဲ့ ဓါတ်ပုံတွေ ကောင်းကောင်း မရိုက်ဖြစ်ခဲ့ပါဘူး။ အဲ့ဒါကြောင့် VT လေး လုပ်လို့ မရဘူးဖြစ်သွားပါတယ်။

သီးချင်းအေးအေးလေးတွေ တီး၊ ဆိုနေကြတဲ့ Unplugged နေရာလေးပါ။

ထွေထွေထူးထူးလဲ မမှာစားဖြစ်ခဲ့ကြပါဘူး။ ဆိုင်မှာ နာမည်ကြီးတဲ့ ကြေးအိုး၊ နောက်ပြီး အာလူးကြော်နဲ့ အအေး။

Flash ဖွင့်ပြီး ရိုက်လိုက်တာပါ။ ခဏခဏ Flash နဲ့ ရိုက်ရင် ဆိုတဲ့ သူတွေလဲ အာရုံပြတ်မှာ ဆိုးတာနဲ့ တစ်ခါ၊ နှစ်ခါလောက်ပဲ Flash နဲ့ ရိုက်ဖြစ်ခဲ့ပါတယ်။

အတီးသမားတွေကတော့ တောင်ကြီးမြို့ရဲ့ နာမည်ကြီးတွေပါ။ တောင်ကြီး ဂီတ လောကမှာ မသိသူ မရှိလောက်တဲ့ သူတွေပါပဲ။ ဘယ်အစွန်က ကို ပါသဲ(တဲ)၊ အလယ်က ကို မျိုးမင်းသန့် နဲ့ နံရံနားက ကိုBoy တို့ပါ။ ည ၉နာရီခွဲရောက်မှပဲ ကျွန်တော်တို့ တတွေ လမ်းခွဲဖြစ်ခဲ့ ကြပါတယ်။

ဒီလောက်ဆိုရင်တော့ တောင်ကြီးချယ်ရီမြေ ၂လပြည့်ပွဲလေးကို ကျေနပ်လိမ့်မယ်လို့ ထင်ပါတယ်။ နောက် တစ်ခါဆိုရင်တော့ Author တွေလဲ ဒီထက်စုံစုံလင်လင်နဲ့ ဓါတ်ပုံတွေလဲ မြိုင်မြိုင်စိုင်စိုင် ဖြစ်နိုင်လိမ့်မယ်လို့ မျှော်တွေးရင်း ဒီမျှနဲ့ ပဲ အဆုံးသတ်လိုက်ပါတယ်။

5 comments:

  1. ဘယ်အစွန်က ဂစ်တာသမားက ကိုပါသဲ ဖြစ်ပါတယ်ခင်ဗျား

    ReplyDelete

  2. The article is very interesting. And I also want to share articles about health, I'm sure this will be useful. Read and share it. Thank you very much :)

    Cara Mengobati Luka Bakar Melepuh
    Obat Infeksi Ginjal di Apotik
    Obat Alami Sakit Kepala

    ReplyDelete