Saturday, August 18, 2007

U & Me

ထိုင်လို့ကောင်းသောဆိုင်များ ဆိုပြီး တောင်ကြီးချယ်ရီမြေမှာ မိတ်ဆက်ပေးလာခဲ့တာလဲ.. တော်တော် ခရီးရောက် နေပါပြီ.. ဒါပေမဲ့လဲ တောင်ကြီးမြို့မှာ ဆိုင်ကောင်းကောင်းတွေက အများကြီးကျန်နေပါသေးတယ်.. ကျွန်တော်တို့ တတွေလဲ တစ်ခါတစ်ခါ စုံဖြစ်ကြရင် မထိုင်ဖူးသေးတဲ့ ဆိုင်တွေကိုရှာပြီး ထိုင်ဖို့ကြိုးစားရင်းနဲ့ နေရာအနှံ့လဲ ရောက်ဖူးနေကြပါပြီ..

အခုတစ်ခါလဲ ကျွန်တော်တို့ စုံပြီး မသွားဖြစ်သေးတဲ့ U & Me ဆိုတဲ့ဆိုင်ကို မနေ့က သွားဖြစ်ခဲ့ပါတယ်.. မွေးနေ့ပွဲလေး အနေနဲ့ပေါ့..

အဆိုအတီး ဘာမှ မရှိပါဘူး.. အစားအစာတွေကို အဓိကထားတဲ့ ဆိုင်တစ်ဆိုင်ပါ.. သန့်သန့် ပြန့်ပြန့်လေး ရှိပါတယ်.. အတွင်း၊ အပြင် နေရာ ၂မျိုးလုံးမှာ ထိုင်လို့ရရှိပါတယ်.. ကျယ်ကျယ်ဝန်းဝန်းလဲ ရှိပါတယ်.. အစားအစာတွေကလဲ ပြင်ပြင်ဆင်ဆင် လုပ်ထားပါတယ်.. နေရာထိုင်ခင်းကလဲ မဆိုးပါဘူး.. အတော်လေး ထိုင်ပြီး.. စားသောက်လို့ကောင်းပါတယ်..

အရှေ့မြို့ပါတ်လမ်းဘေးမှာ ရှိတဲ့အတွက်.. တောရိပ်တောင်ရိပ်ကိုလဲ ခံစားလို့ ရပါတယ်.. ကားတွေ ယဉ်တွေလဲ ရှုပ်မနေတဲ့ နေရာမှာ ရှိပါတယ်.. မြို့ပြနဲ့ သီးခြားနေရာလေးလိုမျိုး တိတ်တိတ်ဆိတ်ဆိတ်၊ အေးအေးမြမြလေး ရှိပါတယ်.. Burger House မူရင်းဆိုင်လိုပဲ အရှေ့ဘက်မျက်နှာမှာတော့ ရှမ်းရိုးမတောင်တန်းကြီး နောက်ခံရှိပါတယ်.. ညနေဘက်ဆိုရင်တော့ အခုလို ရာသီဥတုမျိုးမှာ အေးစိမ့်နေမှာ အမှန်ပါပဲ..

နေ့လည်ဘက်တော့ လူရှင်းပါတယ်.. ကျွန်တော်တို့ သွားတုန်းက Customer တွေ ရှိမနေပါဘူး.. အေးအေးဆေးဆေး လွတ်လွတ်လပ်လပ်နဲ့ စကားပြောလိုက်၊ စားလိုက်နဲ့ ဆိုင်က လူတွေအားလုံးက ကျွန်တော်တို့ ချည်းပဲ သီးသန့် ပြင်ဆင် လုပ်ပေးနေသလိုတောင် ထင်ရပါတယ်.. :)

ညနေဘက်လိုမျိုးမှာတော့ဆိုင်က လူပြည့်တတ်ပါတယ်.. Party လိုမျိုး လုပ်မယ်ဆိုရင်တော့ U & Me ကို ရွေးသင့်တယ်လို့ ထင်တာပါပဲ.. ကျယ်ကျယ်ဝန်းဝန်း လေးရှိတယ်လေ..

တောင်ကြီးမြို့ရောက်လို့ လူများများနဲ့ ကောင်းကောင်းလေး စားသောက်လိုတယ် ဆိုရင်တော့ U & Me ဆိုတဲ့ ဆိုင်လေးရှိကြောင်း လက်တို့ပြီးတော့ အသိပေးလိုက်ပါတယ်.. :)

နေရာကတော့ Burger House ဆိုင်ရဲ့ တောင်ဘက်ကို ဆက်သွားလိုက်ရင် သိပ်မဝေးတဲ့ အရှေ့မြို့ပါတ်လမ်း ဘေးမှာ ရှိပါတယ်..

7 comments:

  1. kynaw do ka taunggyi nae wae dar kyar pi so taw akhu lo google earth ka map ka lay nae twe pi pya ma bae nay yar so dar thi ta tal, ta char sine twe ko bar ae di lo lay pya pay par lar?

    ReplyDelete