Saturday, August 11, 2007

Who is Admin?

Who is admin?

အဲ့ဒီမေးခွန်းလေးကို တစ်ချိန်မဟုတ် တချိန် မေးဖြစ်မယ်လို့ ထင်ပါတယ်.. အဲ့ဒါကြောင့် ကျွန်တော် အားလုံး ကိုယ်စား မေးပြီး.. ကိုယ်တိုင်ဖြေပေးပါမယ်..

Admin ဆိုတာက ကျွန်တော်တို့ ထဲက တစ်ယောက်ပါပဲ... တောင်ကြီးချယ်ရီမြေမှာ တာဝန်ယူပေးရတဲ့သူပါ.. ကျွန်တော်တို့ တစ်တွေ အလှည့်ကျ ပြောင်းပြီးတော့ တာဝန်ယူပေးကြပါတယ်.. တစ်ယောက်မအားရင် တစ်ယောက်ပေါ့..

ကျွန်တော်တို့ Admin ဘယ်သူဆိုတာ Hide ထားတာတော့ မဟုတ်ပါဘူး.. လိုအပ်မယ်ထင်လို့ ခေါင်းစဉ်တပ်ထားတာပါ.. အားလုံးအတွက် အဆင်ပြေအောင်လို့ Admin ဆိုတဲ့ သူတစ်ယောက် ကျွန်တော်တို့ ထားထားတာပါ.. လိုအပ်တာတွေ Adminကို By Name နဲ့ တိုက်ရိုက် တောင်းခံနိုင်ပါတယ်၊ ပြောဆိုနိုင်ပါတယ်၊ မေးမြန်းနိုင်ပါတယ်.. ကျွန်တော်လဲ အက်တမင် လုပ်ခဲ့ဖူးပါတယ်.. အခု Admin ကတော့ အခြားတစ်ယောက် ဖြစ်ပါမယ်.. တောင်ကြီးသားထဲက တစ်ယောက် အဲ့ဒီတာဝန်ယူနေပါတယ်.. သူက Author လဲ ဖြစ်သလို Admin လဲ ဖြစ်ပါမယ်.. များသောအားဖြင့်တော့ Admin တစ်ယောက်က လနဲ့ ချီပြီးတော့ တာဝန်ယူဖြစ်ပါလိမ့်မယ်.. ဘယ်သူ Admin ဖြစ်နေတယ် ဆိုတာတော့ သူ့ရဲ့ အရေးအသား ဟန်ပန်ကို ကြည့်တာနဲ့ သိနိုင်ပါတယ်.. Guess ကြည့်လို့ ရမှာပါ.. [ ပျင်းနေရင် Guess ကြည့်ပါ.. :) ] ဘယ်သူဆိုတာကို တရားဝင် ပြောဖို့ မလိုရင် မပြောတော့ပါဘူး.. အဲ့ဒီအတွက်လဲ ဘယ်သူ့ကိုမှ ထိခိုက်မှာ မဟုတ်ဘူးလို့ ထင်ပါတယ်..

Admin ကို သင်္ကာမကင်းဖြစ်ဖို့၊ ဒွိဟဖြစ်ဖို့၊ သံသယဖြစ်ဖို့ မလိုပါဘူး.. ကျွန်တော်က အဲ့ဒါကို စိုးရိမ်လို့ ရှင်းပြတာပါ.. :)

Feel Free to Talk with Admin.. He is always here..

2 comments:

  1. ကိုရဲမြန်မာရေ.. Admin ကို သင်္ကာမကင်းမဖြစ်ပါဘူး။ ဒွိဟလည်း မဖြစ်ပါဘူး၊ သံသယလည်းမဖြစ်ပါဘူး။ ဘာပဲဖြစ်ဖြစ် Admin တယောက်လုပ်ရတာ blog တခုလုံးကို တာဝန်ယူရတာမို့ မလွယ်ဘူးဆိုတာ သဘောပေါက်ပါတယ်။ ဒါကြောင့် Admin ဟာ ဘယ်သူပဲဖြစ်ဖြစ် အမြဲတမ်း Admin လုပ်နေတဲ့သူကို လေးစားလျှက်ပါပဲ။

    ReplyDelete