Sunday, September 2, 2007

လဲချားမြို့ ကျက်သရေဆောင် မဟာမုနိဘုရားကြီး

လဲချားမြို့က မဟာမုနိဘုရားကြီး ဓာတ်ပုံတွေပါ..

လဲချားမြို့ရဲ့ အထွက် မိုင်းရှူးနဲ့ မိုင်းကိုင်ကို သွားတဲ့ လမ်းစုံ ဂိတ်ပေါက်အနီးမှာ တည်ရှိတဲ့ ဘုရားကြီးပါ..

လဲချားမြို့ကိုတော့ ကြားဖူး၊ သိဖူးကြမယ်နဲ့တူပါတယ်..

အ၀င်ပေါက်
အ၀င်လမ်း

မဟာမြတ်မုနိဘုရားနဲ့ ပုံတူသွန်းလောင်းထားတဲ့ ဘုရားကြီးဖြစ်ပါတယ်..

ကျေးဘုရားကြီးဖြစ်ပြီး.. မျက်နှာတော်က ရွှေအစစ်နဲ့သွန်းထားတယ်လို့ မှတ်သားခဲ့ရပါတယ်..

အတွင်းတန်ဆောင်း

အပြင် ရင်ပြင်တော်

ခရီးသွားရင်း ဓာတ်ပုံရိုက်တာ အကျင့်ပါသလိုတောင်ဖြစ်နေပါပြီ.. အခုတခေါက်လဲ မရောက်ဖူးတဲ့ နေရာတွေ ရောက်ခဲ့ရင်း မမြင်ဖူးတဲ့သူတွေ တွေ့ရအောင် သွားဖြစ်ခဲ့တဲ့ နေရာဌာနက နာမည်ကြီးတဲ့ ဘုရားတွေကို ဓာတ်ပုံရိုက် မှတ်တမ်းတင်ဖြစ်ခဲ့ပါတယ်..

လဲချား အ.ထ.က ထွက်တွေများ ရှိမလားလို့ အ.ထ.က လဲချားပုံ ရိုက်လာခဲ့ပါတယ်.. တစ်ကြောင်းလုံး မီးလောင်သွားလို့ ကျောင်းဆောင်သစ် ပြန်ဆောက်ထားတာလို့ သိရပါတယ်..

8 comments:

  1. မနိုင်းနိုင်းရေ စိုင်းထီးဆိုင်ကလဲချားကမဟုတ်ပါ
    ဘူး လင်းခေလ်း ကပါ.....

    ReplyDelete