Thursday, September 27, 2007

တန်ဆောင်တိုင် Live

တန်ဆောင်တိုင် ပွဲတော်အတွက် Blog မှာ Live တင်ပေးနိုင်အောင်လို့ Poll လေးလုပ်ပြီး အားလုံးရဲ့ အခြေအနေ လေးကို သိရအောင်လို့ တင်ပေးထားလိုက်တာ Vote လုပ်ပေးကြတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

တန်ဆောင်တိုင်ပွဲဆိုတာ ဘာလဲ? မသိဘူး
3 (5%)
Live Post တွေ တင်ပေးပါ
6 (10%)
ဓာတ်ပုံတွေ Live တင်ပေးပါ
10 (17%)
သတင်းတွေ Live တင်ပေးပါ
4 (7%)
ပွဲရက်အားလုံး Live ကြည့်ချင်တယ်
19 (33%)
Video Broadcast နဲ့ကြည့်ချင်တယ်
7 (12%)
You Tube မှာ Delay တင်ပေးပါ
6 (10%)
စိတ်မ၀င်စားလို့ မကြည့်ချင်ဘူး
1 (1%)
Votes so far: 56

Poll မှာ ပွဲရက်အားလုံး Live ကြည့်ချင်တယ်က Vote လုပ်တဲ့သူတွေ အားလုံးရဲ့ ၃၃%ရတဲ့ အတွက် တန်ဆောင်တိုင်ပွဲမှာ ဓာတ်ပုံတွေ၊ သတင်းတွေ Live နီးပါး ဖြစ်အောင် ကြိုးပမ်းသွားကြဖို့ တောင်ကြီးချယ်ရီမြေ အဖွဲ့သားတွေ အားခဲထား ပါတယ်။ ပထမဦးဆုံး စလုပ်ရမှာဆိုတော့ အားလုံးရဲ့ အားပေးမှုကို လိုအပ်ပါတယ်။ အဝေးရောက်နေတဲ့ သူတွေအားလုံးအတွက်လဲ တောင်ကြီးချယ်ရီမြေရဲ့ တန်ဆောင်တိုင် Liveကို ကျေနပ်မှု ရစေရမယ်လို့ အာမခံ ပါတယ်။ ဘာတွေ မြင်တွေ့ရမလဲ ဆိုတာကိုတော့ စောင့်စားရင်းနဲ့ မျှော်လင့် ကြပါလို့.....

3 comments:

  1.ူLive ကြည့်ရပါတယ်ကျေးဇူးအထူးတင်ပါတယ်ချယ်ရီမြေအဖွဲ့သားအားလုံးကို............Live လွင့်တဲ့အချိန်မှာသီချင်းသံတွေအစားပွဲထဲကအသံတွေဆိုပိုကောင်းမှာပါ...မီးပုံးပျံကြည့်ရင်း ဒိုင်လူကြီးတွေအော်တဲ့အသံတို့ ဗုံတီးသံတိုကြားချင်ပါတယ် ဒါမှပိုရင်ခုန်စရာကောင်းမှာပါ အရုပ်တွေကလဲ အကြာကြီးရပ်နေတော့ကြည့်ရတာအဆင်မပြေသေးပါဘူး ကော်နက်ရှင်မကောင်းလို့လား လိုအပ်တာတွေလဲ Downloads လုပ်ထားပါတယ် ပထမနေ့ကအဆင်ပြေစွာနဲ့ကြည့်ရပေမဲ့ နောက်နေ့တွေမှာ အရုပ်တွေကရပ်ရပ်နေတယ် တစ်လုံးထောင်နေတာကိုရိုက်ပြနေတုန်းရပ်သွားပြီးဘာမှမမြင်ရတော့မှပြန်ပေါ်လာတယ် ကင်မရာသမားကလည်းတက်သွားတဲ့မီးပုံးပျံကိုအနီးကပ်ဆွဲလိုက်ရိုက်တော့မီးပုံးပျံပဲမြင်ရပြီးမီးကြည်ကျတာမမြင်ရဘူးပေါ့ပုံမှန်လေးပဲရိုက်နေရင်အားလုံးမြင်ရမှာပါလိုအပ်မှအနီးဆွဲတာကောင်းမယ်ထင်ပါတယ် အလွမ်းပြေကြည့်ခွင့်ရတဲ့အတွက်အထူးပဲဝမ်းသာပါတယ်နောက်ဒီထက်ကောင်းအောင်လုပ်နိုင်ကြပါစေလို့.......ချယ်ရီမြေအဖွဲ့သားအားလုံးကျန်းမာချမ်းသာကြပါစေ ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ

    ReplyDelete