Friday, November 30, 2007

ဝိုင်း အကြံပေးကြပါ


တန်ဆောင်တိုင် ပွဲတော် ကြီးကို ကျွန်တော်တို့ တောင်ကြီးချယ်ရီမြေကနေပြီး Live Web Broadcast လွှင့်ခဲ့တာနဲ့ ပါတ်သတ်ပြီးတော့ ပွဲအတွင်း Internet ကတဆင့် ကြည့်ရှူခဲ့တဲ့ သူတွေဆီက အကြံပြုချက်လေးတွေ ပြန်ကြားလိုပါတယ်..

ဘာတွေလိုအပ်တယ်.. ဘယ်လိုလုပ်ရင် ပိုကောင်းမယ်.. ဘာတွေ ထပ်ထည့်၊ ထပ်လုပ်ပေးသင့်တယ်.. ဘာတွေကတော့ ဖြင့် မကောင်းဘူး.. စသဖြင့်ပေါ့ ၀ိုင်းဝန်းအကြံပြုတာလေး ကြားလိုပါတယ်..

အထူးသဖြင့် Webcast နဲ့ ကိုယ်တိုင်ကိုယ်ကြ ကြည့်လိုက်ရတဲ့သူတွေ ဆီက စကားလုံးတွေ ပြန်ကြားလိုပါတယ်.. အဲ့ဒါမှပဲ ကျွန်တော်တို့လဲ ရှေ့ဆက်ပြီး ဒီထက်ကောင်းတဲ့ Live အစီအစဉ်တွေကို တင်ပေးနိုင်မှာ ဖြစ်ပါတယ်..

3 comments:

  1. ဖြစ်နိုင်ရင်တော့ ပွဲအတွင်း မဟုတ်ဘဲ.. တောင်ကြီးတမြို့လုံးကို တချိန်လုံး လိုက်ဖ်ပြနေရင် ပိုကောင်းတယ်လို့ အကြံပြုပါတယ်.. ဟီး

    အချိန်ကွာခြားမှုကြောင့် ထုတ်လွှင့်ပြသချိန်အမီ မကြည့်ရတာကလွဲလို့ အားလုံးအဆင်ပြေပါတယ်။ ရုပ်တွေ ပိုကြည်၊ အသံတွေ ပိုပီပြင်မယ်ဆိုရင်တော့ အတိုင်းထက် အလွန်ပေါ့။ မီးမမှန်၊ ရေမမှန်၊ အစစ အရာရာ ဈေးကြီးတဲ့ ခေတ်မှာ ခုလို လုပ်ပေးနိုင်တာကိုပဲ ကျေနပ်မိပါတယ်။ အားလုံး ကောင်းပါတယ်.. ကျေးဇူးလဲ အများကြီးတင်ပါတယ်။

    ReplyDelete