Thursday, November 15, 2007

အတိတ်က ကျောင်းသားအားကစား ပွဲတော်

ဒီနေ့ ကျောင်းသား/ကျောင်းသူလေးတွေ အများကြီး မီးပုံးအက တိုက်နေတာ တွေ့တော့ ကျွန်တော်တို့ ငယ်ငယ်က ကျောင်းသား အားကစား ပွဲတော်ကြီးကို သွားပြီးတော့ သတိရမိပါသေးတယ်..

ကျွန်တော် ထားဝယ်မြို့မှာ ရောက်နေတဲ့ အချိန် အားကစားပွဲတော်မှာ ပါဝင်ရဖို့ ဖြစ်လာခဲ့ပါသေးတယ်.. ယောက်ျားလေးဆိုတော့ သိုင်းအလှအဖွဲ့မှာ ပါဝင်လေ့ကျင့်ခဲ့ရတယ်လေ.. အဲ့ဒီတုန်းက ကျွန်တော် (၅)တန်း.. အရပ်က မမီပေမဲ့ ပါချင်လွန်းလို့ အတန်းပိုင်ဆရာကြီးက မျက်စိမှိတ်ပြီး ကျွန်တော့်ကို ထည့်ပေးလိုက်တယ်.. အဲ့ဒီတုန်းက အရမ်းကို ပျော်ခဲ့ရတယ်လေ..

ကျွန်တော်တို့ လေ့ကျင့်ခဲ့ရတာက မြန်မာလက်သိုင်းပါ.. နဂါးလက်သိုင်း တစ်မျိုးလို့ ဆရာကတော့ ပြောတာပါပဲ.. ယောက်ျားလေးတွေဆိုတော့ သိုင်းသင်ရတာ ပျော်မှပျော်.. အတန်းထဲက ခပ်ချောချော ကောင်မလေးတွေ လာကြည့်ရင်လဲ နင်းကန်ပြီးတော့ကို ကိုယ်စွမ်းပြပြီး လေ့ကျင့်ကြတာလေ.. ပြန်တွေးကြည့်ရင် ပျော်စရာကောင်းမှ ကောင်း..

ပထမ တစ်ယောက်စီ အလွတ်သင်ရတယ်၊ ပြီးမှ အတွဲလိုက် ပြန်ပြီးပေါင်းစပ် လေ့ကျင့်ရတယ်.. အရင်က သိုင်းဆိုတာ ဘာမှန်းမသိတဲ့ ကျွန်တော် အဲ့ဒါကြမှလဲ နည်းနည်း ကျားကျားယားယား ဖြစ်သွားတော့တယ်.. ပင်ပင်ပန်းပန်းနဲ့ ၃၊ ၄လလောက် လေ့ကျင့်ပြီး သိုင်းကွက်လဲ တော်တော်လေး စုံသွားတဲ့ အချိန်မှာ ကျွန်တော့အတွက် ၀မ်းနည်းစရာနဲ့ ကြုံခဲ့ရတယ်လေ.. ပွဲတော်ရောက်ဖို့ တော်တော်လေးလဲနီးရော ရန်ကုန်ကို ပြောင်းသွားခဲ့ရတယ်လေ.. စိတ်မကောင်းဖြစ်ခဲ့ရတာ အရမ်းပါပဲ.. အဲ့ဒါနဲ့ပဲ တကယ့်ပွဲကြီးလုပ်တော့ ကျွန်တော် မပါသွားတော့ဘူး.. TV ကနေပြတော့မှပဲ ပွဲတော်ကြီးမှာ ကျွန်တော့နေရာမှာ တစ်ခြားတစ်ယောက် ကစားနေတာ ထိုင်ကြည့်ခဲ့ရတယ်.. ကိုယ်တိုင်မပါဝင်လိုက်ရလို့ စိတ်ထဲ တစ်မျိုး ဖြစ်လို့..

အဲ့ဒီပွဲမှာ ကျွန်တော်တို့ ၀တ်ရမဲ့ ၀တ်စုံက နဂါးအရေခွံပုံစံမျိုး အစိမ်းရောင် သိုင်းဝတ်စုံလေး၊ လှတယ်.. ဒါပေမဲ့ ကျွန်တော်တော့ မ၀တ်လိုက်ရဘူး..

ဒီနေ့ တောင်ကြီးက ကျောင်းသားတွေ အဖွဲ့လိုက် အများကြီး ကပြဆင်နွဲ့နေတာ မြင်တော့ အဲ့ဒီ အတိတ် အကြောင်းတွေ ပြန်တွေးပြီး ငယ်ငယ်က ကျောင်းသားဘ၀ကို ပြန်တောင် ရောက်ချင်နေမိတယ်.. အဲ့ဒီလို အခွင့် အရေးမျိုးက ကျောင်းသားဘ၀မှာပဲ ရနိုင်တာလေ..

အခုလဲ ကျောင်းတွေ ကထိန်မခင်းရတော့ဘူးလို့ Cbox မှာ ပြောနေတာ သေချာလားမသေချာလား မသိပေမဲ့ အဲ့ဒီပွဲအစား အခုကျောင်းသား၊ ကျောင်းသူတွေ ၂၀၀၀လောက်.. သိုက်သိုက်ဝန်းဝန်း၊ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ် ပါဝင်ဆင်နွဲ့ရမဲ့ ပွဲတော်ကြီးတစ်ခု အစားရှိနေသေးတယ် ဆိုတော့ .. သူတို့တွေလဲ ပျော်ရွင်နိုင်ကြမယ်လို့ တွေးထင်မိပါတယ်.. ကျွန်တော်လဲ သူတို့ အရွယ်သာဖြစ်နေရင် အဲ့ဒီမီးပုံးအလှ ကတဲ့ ပွဲမှာ တစ်နေရာက ပါဝင်မိမှာ သေချာပါတယ်..

4 comments:

  1. မှန်ပါတယ် တောင်ကြီးသူ/သားတွေသာ အဲဒီ မတူတဲ့ ခံစားချက်ကို နားလည်မှာပါ
    ဘယ်တော့များမှ ပြန်ရပါ့မလဲလို့ အမြဲတွေးနေမိတယ်
    သတိမရမိတဲ့နေ့ရယ်လို့ မရှိသလောက်ပါပဲ
ုခုလို ဖတ်ရတော့ ပြန်ရောက်သွားသလို ခံစားရပါတယ်
    အရမ်းကျေးဇူးတင်ပါတယ်

    ReplyDelete