Sunday, November 11, 2007

တန်ဆောင်တိုင်ပွဲတော် Live & Webcast

တောင်ကြီးချယ်ရီမြေကတော့ တော်တော်လေး ခရီးရောက်ခဲ့ပြီလို့ ဆိုနိုင်မယ် ထင်ပါတယ်။ အကြောင်းအချက်တွေ ပြီးပြည့်စုံမှု မရှိသေးပေမဲ့လဲ အတိုင်းအတာ တစ်ခုအထိတော့ ဖြည့်စည်းပေးနိုင် ခဲ့တယ်လို့ ထင်ပါတယ်။

အခုလဲ ၂၀၀၇ခုနှစ် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ကြီးကို ကျွန်တော်တို့ တောင်ကြီးချယ်ရီမြေ အဖွဲ့သားတွေက Internet ကနေတစ်ဆင့် Live နဲ့ Webcast လုပ်ပေးနိုင်ကြဖို့ ဆွေးနွေးတိုင်ပင်လို့ အကြံထုတ်နေကြပါတယ်။ Blog မှာလဲ လွန်ခဲ့တဲ့ လအနည်းငယ်က Pool တစ်ခုလုပ်ပြီး အားလုံးရဲ့ သဘောထားလေး မေးကြည့်တာတော့ ရက်အားလုံးကို Live ကြည့်ချင်တယ်လို့ ၀င်ပြောကြတာ တွေ့ခဲ့ရတဲ့အတွက် ကျွန်တော်တို့တွေ Live Post တွေ တင်ပေးဖို့ ဆုံးဖြတ်ခဲ့ကြပြီး ဖြစ်ပါတယ်။ (အဲ့ဒီတုန်းက တကယ်သိချင်တဲ့အတွက် မေးခဲ့တာပါ။ ဒါပေမဲ့ ရောက်လာတဲ့ သူအားလုံးက ၀င်ရောက် ဆန္ဒမပြုကြဘူးလို့ ထင်ပါတယ်။ )

အဲ့ဒီ Live Post မှာတော့ အခု လက်ရှိတင်ပေးနေကြအတိုင်း စာသားတွေ၊ ဓာတ်ပုံတွေ၊ Video တွေ ပါဝင်မှာ ဖြစ်ပါတယ်။ Virtual Tour ပုံစံမျိုးတွေလဲ လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လဲ Live Post တွေအပြင်၊ အားလုံးကို တောင်ကြီးတန်ဆောင်တိုင် ပွဲကြီးမှာ ကိုယ်တိုင် လာရောက် ကြည့်ရှုရသလိုမျိုး ခံစားရစေဖို့ အတွက် ကျွန်တော်တို့တွေ နောက်ထပ် Webcasting ကို Website မှာ ဖော်ပြပေးနိုင်ရင် ပိုပြီးတော့ ပြည့်စုံမယ်လို့ စဉ်းစားမိခဲ့ကြပါတယ်။ အဲ့ဒီအတွက် Webcast လုပ်နိုင်ဖို့အရေး ဆွေးနွေးတိုင်ပင် ဖြစ်ခဲ့ပါတယ်။

Webcast က ဘယ်လိုဖြစ်မလဲ ဆိုတော့ တန်ဆောင်တိုင်ပွဲအတွင်းမှာ တိုက်ရိုက်ထုတ်လွှင့်မဲ့ Studio 35 ရဲ့ Video Feed ကိုယူပြီး ကျွန်တော်တို့ရဲ့ Website ဖြစ်တဲ့ www.taunggyicherryland.com ကနေ လွှတ်တင်ပေးပြီး၊ Internet ရှိတဲ့ နေရာအားလုံးက Media Player နဲ့ ကြည့်ရှုနိုင်ကြမှာ ဖြစ်ပါတယ်။ (အဲ့ဒီအတွက် ကျွန်တော်တို့တတွေ Internet တစ်နေရာက Media Server တစ်ခု လိုမှာ ဖြစ်ပါတယ်။) နောက်ပြီး အဲ့ဒီ webcast အစီအစဉ်မှာ ကျွန်တော်တို့ အဖွဲ့သားတွေရဲ့ Preview တွေ၊ ဆွေးနွေးမှုတွေနဲ့ ပွဲခင်းထဲ ရောက်နေသလိုမျိုး ခံစားရစေဖို့ Live Present တင်ဆက်ပေးသွားဖို့ တိုင်ပင်ထားကြပါတယ်။

Webcasting အတွက် လိုအပ်တဲ့ Requirement တွေကတော့ မနည်းမနော ရှိပါတယ်။ ကျွန်တော်တို့တွေက အဝေးရောက် နေတဲ့သူတွေ အတွက်၊ တန်ဆောင်တိုင်ပွဲကို ကိုယ်တိုင် မလာနိုင်တဲ့သူတွေ အတွက် တောင်ကြီး ချယ်ရီမြေကနေ ဖြည့်စည်းပေးဖို့ စဉ်းစားမိခဲ့ကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အဖွဲ့တွေ အနေနဲ့ လိုအပ်လာမဲ့ Finical အခက်အခဲတွေ၊ Technical အခက်အခဲတွေကို တန်ဆောင်တိုင်ပွဲတော် မတိုင်မီ ဖြေရှင်းနိုင်ခဲ့မယ် ဆိုရင်တော့ ၂၀၀၇ခုနှစ် တန်ဆောင်တိုင်ပွဲတော်ရဲ့ ဆန်းသစ်မှု တစ်ခုအနေနဲ့ ကမ္ဘာကြီးရဲ့ နေရာအနှံ့မှာ ရှိနေတဲ့သူတွေ အားလုံးရဲ့ အိမ်က Computer ဆီ အရောက် ပို့ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။

Webcasting အတွက် မြန်နှုန်းမြင့်တဲ့ Internet Service တွေ၊ Media Streaming အတွက် Host လုပ်ပေးနိုင်မဲ့ Internet Media Server တွေ၊ အသုံးပြုရမဲ့ Computer တွေ၊ Camera တွေ ကတော့ ကျွန်တော်တို့တတွေ ဖြစ်နိုင်သမျှ ဖြေရှင်းကြည့်ပါမယ်။ အဲ့ဒီအတွက် ကုန်ကြမဲ့ ငွေကြေးတွေ ရင်းနှီးပေးရမဲ့ အချိန်တွေနဲ့ ပင်ပန်းမှုတွေအတွက် အားလုံးဆီက ဘာမှမမျှော်လင့်ပါဘူး။ ဒါပေမဲ့ ပြည့်ဝတဲ့ အားပေးမှု တစ်ခုတော့ ကျွန်တော်တို့ လိုပါတယ်။ လုံလောက်တဲ့ အကြောင်းတရားတွေ ပြည့်စုံမယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ Webcast အစီအစဉ်လေး အောင်အောင်မြင်မြင်နဲ့ လွှတ်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။

၂၀၀၇ခုနှစ် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်အတွက် Webcasting တကယ် ဖြစ်လာမလား ဆိုတာကတော့ အားလုံးရဲ့ အားပေးမှု၊ စိတ်ဝင်စားမှု၊ တုန့်ပြန်မှုပေါ်မှာ မူတည်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ ဘက်က အားလုံးရဲ့ ဆန္ဒ၊ သဘောထား ဘယ်လိုရှိတယ်ဆိုတာ သိရရင် မဖြစ်ဖြစ်အောင် အားထုတ်ပေးဖို့ အဆင်သင့်ရှိပါတယ်။ စိတ်ရောက်၊ ကိုယ်ရော ရင်းနှီးဖို့အတွက်လဲ အဆင်သင့်ရှိနေပါတယ်။ အားလုံးရဲ့ သဘောထားကရော ဘယ်လို ဘယ်ပုံရှိပါသလဲ? Comment တွေနဲ့ ဖော်ပြနိုင်ပါတယ်။

တောင်ကြီးချယ်ရီမြေအဖွဲ့သားများ
မှတ်ချက်။ ။ Webcasting က Free (FOC) လွှတ်တင်ပေးမှာ ဖြစ်ပါတယ်။ Webcast လုပ်သင့်မလုပ်သင့် ဆုံးဖြတ်နိုင်ဖို့အတွက် ပါဝင်ဆန္ဒပြုပေးကြပါ။ ဒီ Post ကို ၁၁ရက်နေ့ အထိ အပေါ်ဆုံးမှာ တင်ပေးထားပါမယ်။

33 comments:

  1. ဖြစ်နိုင်ရင်တော့ အရမ်းကြည့်ချင်ပါတယ်..တန်ဆောင်တိုင်နဲ့ ဝေးနေတာ ကြာပြီလေ...လုပ်ဖို့လည်း အားပေးပါတယ်...လိုအပ်တာတွေကိုလည်း တတ်နိုင်သလောက် လုပ်ပေးချင်ပါတယ်...ဒီလိုလုပ်တဲ့ အတွက်လည်း အခက်အခဲများစွာရှိတယ်ဆိုတာကို သိထားပါတယ်...အဲဒီအတွက်လည်း တောင်ကြီးချယ်ရီ ကိုကျေးဇူးတင်ရှိနေတာပါ...အားလုံးအောင်မြင်ဖို့လည်း ဆုတောင်းပေးနေပါတယ်...

    ReplyDelete
  2. တန်ဆောင်တိုင်ပွဲတော်ကြီးကို Live Post တင်ပေးမယ် ဆိုကတည်းက စိတ်ဝင်းစားပြီး အားပေးပြီးသားပါ။
    အဝေးရောက်နေသူမို့ တန်ဆောင်တိုင်ပွဲကို Computerကနေ ကြည့်လို့ရမယ်ဆိုတော့ အရမ်းဝမ်းသာပါတယ်။အရမ်းလည်းကြည့်ချင်တယ်။
    တောင်ကြီးချယ်ရီမြေကိုလည်း စိတ်ထဲကနေပြီး လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။အစီအစဉ်လေး အောင်အောင်မြင်မြင်နဲ့ လွှင့်တင်ပေးနိုင်ပါစေ။

    ReplyDelete
  3. The only Reason why we wrote this post is that we just want to know how many people know and watch our site.

    If there are more than 200 visitors, we won't need to think whether we should do Webcast or not; we will do this right away, but if not.

    So Please leave your words at the comment, and then, tell your friend about our program and request them to write something at this post. We really want to listen what you wish to say.

    Thank you.

    ReplyDelete
  4. I want to see Live Post of Tasaungtaing Festival.Thz taunggyi cherry land group.

    ReplyDelete
  5. ကျမလဲကြည့်ရန်အတွက်စောင့်မျှော်နေပါတယ်
    အားလုံးအဆင်ပြေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်
    ပါတယ်။

    ReplyDelete
  6. All my frds from Taunggyicherry.Thanks for making this post and thanks for your effort to share the festival to everybody around the world.
    I am always cheering you up from far away and want to watch the live brocasting of our traditional festival really. I will be really glad if you will do that as you say.;

    Thanks and be success

    ReplyDelete
  7. အားပေးပါတယ်
    တတ်နိုင်သမျှလဲ ကူပါ့မယ ကြည့်ဖို့ အားခဲနေတဲ့လူတွေလဲ ရှိပါတယ်
    အားလုံးက ရင်ခုန်နေကြတယ်
    အထူးသဖြင့် တောင်ကြီးအရိပ်နဲ့ ဝေးနေတာ ကြာနေတဲ့လူတွေပေါ့

    ReplyDelete
  8. I also wanna watch live post of Tasaungtaing festival. I hope that u all can full fill our dreams. Thanks a lot Taunggyicherryland......

    ReplyDelete
  9. comment မှာ မရေးဖူးပေမဲ့ အမြဲအားပေးလျက်ပါ တောင်ကြီးချယ်ရီမြေ။ တန်ဆောင်တိုင်ပွဲကိုလည်း ကြည့်ချင်ပါတယ်။ ကျေးဇူးလဲ တင်ပါတယ်။

    ReplyDelete
  10. မီးပုံးပျံ live တွေအပြင် ပွဲဈေးတန်းကိုလည်း live ရိုက်ပေးပါ..နေမင်းကြည် အကြော်စုံရယ်..ဝက်သားချဉ်နဲ့  ငါးထမင်းနယ်ရယ် ပွဲဈေးထဲမှာ ထိုင်စားချင်တာ...ပြီးတော့  ဂုံးဂင်း လည်းဆွဲချင်တယ်..ညတိုင်းအိပ်ရေးပျက်ခံပြီး movie နဲ့  photo ရိုက်ပေးမဲ့သူတွေ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်..ဖြစ်နိုင်မယ်ဆိုရင် မီးပဒေသာ လည်းကြည့်ချင်တယ်..

    ReplyDelete
  11. မီးပုံးပျံ live တွေအပြင် ပွဲဈေးတန်းကိုလည်း live ရိုက်ပေးပါ..နေမင်းကြည် အကြော်စုံရယ်..ဝက်သားချဉ်နဲ့  ငါးထမင်းနယ်ရယ် ပွဲဈေးထဲမှာ ထိုင်စားချင်တာ...ပြီးတော့  ဂုံးဂင်း လည်းဆွဲချင်တယ်..ညတိုင်းအိပ်ရေးပျက်ခံပြီး movie နဲ့  photo ရိုက်ပေးမဲ့သူတွေ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်..ဖြစ်နိုင်မယ်ဆိုရင် မီးပဒေသာ လည်းကြည့်ချင်တယ်..

    ReplyDelete
  12. မီးပုံးပျံ live တွေအပြင် ပွဲဈေးတန်းကိုလည်း live ရိုက်ပေးပါ..နေမင်းကြည် အကြော်စုံရယ်..ဝက်သားချဉ်နဲ့  ငါးထမင်းနယ်ရယ် ပွဲဈေးထဲမှာ ထိုင်စားချင်တာ...ပြီးတော့  ဂုံးဂင်း လည်းဆွဲချင်တယ်..ညတိုင်းအိပ်ရေးပျက်ခံပြီး movie နဲ့  photo ရိုက်ပေးမဲ့သူတွေ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်..ဖြစ်နိုင်မယ်ဆိုရင် မီးပဒေသာ လည်းကြည့်ချင်တယ်..

    ReplyDelete
  13. live ကြည့်ရမယ်လို့ကြားကတည်းကပျော်နေတာပါ။
    အခုကတည်းကထပြန်ချင်သလိုလိုဘာလိုလိုနဲ့အရမ်း
    ပျော်ပြီးလွမ်းလည်းလွမ်းလာတယ်။ အစစ အရာရာအဆင်ပြေပါစေနော်ဆုတောင်းပေးပါတယ်။
    လိုအပ်တဲ့အကူအညီတွေလည်းရပါစေ။ကူညီနိုင်ရင်
    လည်းပြောပါနော်။ ကျေးဇူးအများကြီးတင်ပါတယ်။

    ReplyDelete
  14. i'v so happy for hear that we'll can C our festival..coz: i wanna C our TGI fire balloon fastival much
    Miss my hometown much....Thz Q much taunggyicheeryland :)

    ReplyDelete
  15. တောင်ကြီး တန်ဆောင်တိုင် အွန်လိုင်း web casting အစီအစဉ် အောင်မြင်ပါစေ ... (^_^) .. ။ ကြည့်ရတော့မယ် ပေါ့ .. ... ။

    ReplyDelete
  16. ကျွန်တော်ကတော့ တောင်ကြီးသားတစ်ယောက်တော့မဟုပ်ပါဘူး ဒါပေမဲ့တောင်ကြီးမြို့အကြောင်းကြားလိုက်ရရင်ရင်ထဲမှာ တစ်မျိုးခံစားလိုက်ရတာတော့အမှန်ပဲ အခက်အခဲအားလုံးကို ဖြတ်ကျော်နိုင်ပြီး အစ်ကိုတို့ဖြစ်ချင်တဲ့ အတိုင်းဖြစ်မြောက်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ

    ReplyDelete
  17. လိုအပ်တာရှိရင်လည်းပြောပေါ့ တတ်နိုင်တဲ့ဘက်က ကူညီပေးပါ့မယ်

    ရန်လင်းအောင်၊ နေပြည်တော်

    ReplyDelete
  18. I appreciate you sharing this article.Thanks Again. Much obliged. Read More

    ReplyDelete
  19. thank you for sharing this information. I have been looking for this information and appreciate your effort. useful information

    ReplyDelete
  20. This is a great post. I like this topic. This site has lots of advantage. I found many interesting things from this site. It helps me in many ways. Thanks for posting this again. click this for more information

    ReplyDelete