Sunday, August 24, 2008

ညောင်ရွှေ (သို့) အတိတ်ကမြို့ ဟောင်း

ညောင်ရွှေမြို့သည် ယခင်က စော်ဘွားများ အခြေချရာ အထင်ကရမြို့ တစ်ခုဖြစ်ခဲ့သည်။ ယခုအခါမှာတော့ နိုင်ငံခြား ခရီးသွားလုပ်ငန်း ၊ ဟိုတယ်လုပ်ငန်းများ ဖြင့် ပြည့်နှက်နေပြီ။ ကျွန်တော်ငယ်ငယ်က ညောင်ရွှေမြို့ ကိုရောက်လျှင် ရတနာမာန်အောင် ဘုရားကြီးသို့ အမြဲသွားနေကြ။ ညောင်ရွှေဟော်ကိုလည်း မကြာခဏ ရောက်ဖြစ်သည်။ ရတနာမာန်အောင် ဘုရားသို့ရောက်လျှင် ဘုရားပတ်ပတ်လည်မှ ပြခန်းများကို ကြည့်ပြီး စိတ်ထဲတွင် စွဲစွဲမြဲမြဲ ဖြစ်နေတတ်သည်။ ယခုအခါမှာတော့ ၄င်း ပြခန်းများ အနည်းကျဉ်းသာ ကျန်တော့သည်။ ယခင်က ခံစားမှုမျိုး ယခု ရသေးသလားလို့ မိမိကိုယ်ကိုယ်ပြန်မေးကြည့်တော့ သိပ်မသေချာတော့ ။ အသက်အရွယ်ကြောင့် ဖြစ်နိုင်သည်။ ရတနာမာန်အောင် ဘုရားကြီးကို ဖူးမျှော်ပြီးနောက် ကျွန်တော်တို့ ညောင်ရွှေဟော် ဘက်ခရီးဆက်ခဲ့သည်။ ညောင်ရွှေဟော်သည် ယခုအခါ ဗုဒ္ဓ၀င်ပြတိုက် အဖြစ် အသွင်းပြောင်းနေပြီ။ ဟော်ခြံဝင်းတခုလုံး ခြုံနွယ် များအပြည့်။ ဟော်(ဗုဒ္ဓ၀င်ပြတိုက်) ထဲဝင်ရောက်ကြည့်ရှု့ချင်ရင်တော့ ၀င်ကြေး ပေးရသည်။ ကျွန်တော်တို့ ကင်မရာ လွယ်ထားတာတွေ့တော့ ၀န်ထမ်းတယောက်က ဓါတ်ပုံရိုက်ခွင့် မရှိပါလို့ လာပြောပါသည်။ ဟော်ထဲရောက်တော့ ငယ်ငယ်တုန်းက တွေ့ဖူးနေကျ စော်ဘွားအသုံးဆောင်ပစ္စည်းများ တခုမှ မတွေ့ရတော့ပါ။ ဗုဒ္ဓ၀င်ပြတိုက် ဆိုသည့်နာမည် နှင့်အညီ ရှေးဟောင်းဘုရားဆင်းတုတော်များကို သာ တွေ့ရသည်။ ကျွန်တော်တို့ အတန်ငယ်လျှောက်ကြည်ပြီးတော့ အပြင်ပြန်ထွက်လာခဲ့သည်။ အပြင်ရောက်တော့မှ ဟော်ပတ်ဝန်းကျင်ကို ဓါတ်ပုံရိုက်ကြသည်။




တောင်ယံနှင့်ရေ
လွမ်းစရာပွေသောကြောင့်
ညောင်ရွှေသီရိ၊နန်းဇာတိကို
မျှော်မိရမ်းယောင်၊ဗျာပါနှောင်ရွေ့
သည်းခေါင်ကြွေအံ့၊ဖြေမတံ့နှင့်
ဆွတ်ပျံ့လွမ်းရှာမိပါသည်။
(ဦးပုည)

4 comments:

  1. Hello admin, I request you to post this poem together with this NyaungShwe post. If you don't mind please correct the spelling of the last word in the 4th line. Thanks!

    တောင်ယံနှင့်ရေ
    လွမ်းစရာပွေသောကြောင့်
    ညောင်ရွှေသီရိ၊နန်းဇာတိကို
    မျှော်မိရမ်းယောင်၊ဗျာပါနှောင်ရွေ့
    သည်းခေါင်ကြွေအံ့၊ဖြေမတံ့နှင့်
    ဆွတ်ပျံ့လွမ်းရှာမိပါသည်။
    (ဦးပုည)

    ReplyDelete