Saturday, May 16, 2009

The new discover Cave in East South Shan State near Taunggyi City.It Call Ko Yin Lay Cave.

Ko Yin Lay Cave in english it mean (little monk Cave).In shan it also call Ting Sin Cave,it mean in burmese The Cave of the king.The Cave near from Taunggyi City about 24 miles,if we want to visit here ,we can go from the way of the Hon Pong Twon's road to the south .The road is not bed so any cars can go there.It discovered by the villagers near by the Ko Yin Lay's Temple.So the Ko Yin Lay famous monk go there to open the road ,build many buddha stones and in the Cave also can give light with electric tubes to the visitors.And the Ko Yin Lay monk also celebrate pagoda festival in there on 2009 ,may month.So the cave name also famous with Ko Yin Lay Cave near the Cave of all villagers. On the way of a cave,we can see many beautiful moutain roads and also have another cave near there.In the enter of this Cave we can see the beautiful stream and nature beauty.We can relax there and take a rest looking to the stream and Cave .We can feel that our life is not wrong living.And we can also walk on the bridges making with bamboo like the artists build so nature.In there ,the villagers also pay to all kinds the visitors for lunch free.When i think although they are poor they can show carity of the law of buddha.I feel proud of them although they also struggle for thier life living so simple everdays and they can also help and pay to other people for lunch free .it is so great.Now it is very rarely to see in the lower myanmar because of the business.So i am very satified to bron and living in Shan State,Taunggyi City. This Cave is also like Pindaya's Cave so wide and long.And i think it have many thousands history and many tourists will interesting it.Therefore i will send many photos and video let many of our myanmar friends know it and may be through our blog let many tourists around the world know it.If they have a chance ,welcome to visit our lovely place. Post by a simple person come from a simple beautiful city,Taunggyi Cherry Land...


Read more!

Friday, May 15, 2009

The new discover Cave in East South Shan state near Taunggyi City .It Call Ko Yin Lay Cave .













































Read more!

Wednesday, February 11, 2009

အေးချက်ကတော့

အဆောင်မှာ သူငယ်ချင်းတွေစုပြီး ဘယ်သူ့မြို့ ပိုအေးသလဲဆိုတာပြောရင်း အင်းသားအစ်ကိုကြီးက သူ့တောင်ကြီးအေးပုံကို အော်ပြောသွားပါတယ်။
မင်းတို့ မြို့တွေတော့ မသိဘူး...ငတို့ တောင်ကြီးမတော့ ဆောင်းတွင်းဆို လမ်းဘေးသေးပေါက်ရင် ခြေထောက်တစ်ချောင်းက သေးချောင်းကို အမြဲကန်ချိုးနေရတယ်..
အဆောင်တွင် ကုတင်ကျိုးအောင် ရယ်မောခဲ့ရသော နေ့များအား သတိရလျက်...



မြန်မာကျူးပစ် ဟာသ များထဲမှ ကို nail ၏ ပိုစ့်ကို ကူးယူဖော်ပြပါသည်။


Read more!

Friday, February 6, 2009

စင်ပေါ်တက်ရတဲ့ အခိုက်အတန့်

အ ထ က ( ၁) ၊ ၁၀ တန်း (အေ) ၊ ထမင်းစားကျောင်းတက်ပြီးစ စာသင်ချိန်။

ဆရာမရဲ့ အကြည့်တစ်ချက်က ကျွန်တော့်၏ နောက်ပြောင်ချင်တဲ့စိတ်တွေအားလုံးကို ရပ်တန့်စေခဲ့သည်။ ထိုမှ တဆင့် ဝမ်းနည်းမှု။

အချိန်က တော့ Bio သင်တဲ့အချိန်ပေါ့ ။

အဲဒီနေ့က ဘာတွေ ကျွန်တော် အူမြူးနေမှန်းမသိ ။ သူငယ်ချင်းတွေကို စလိုက် နောက်လိုက်နှင့် တဟားဟား ပွဲကျ နေခဲ့သည် ။ ကျောင်းတက်ခေါင်းလောင်းထိုးပြီး ခဏကြာတော့ ဆရာမရောက်လာသည်။ ဆရာမမှာ တခြားသူမဟုတ် ။ ဂျပန်နိုင်ငံကို ပညာတော်သင်သွားပြီး ပြန်လာတာမကြာသေး ၊ အသက်ငယ်သေးသလို ထက်မြက်လှသော ဆရာမပါ ။ စာအသင်အပြကောင်းသလို ကျောင်းသား ကျောင်းသူတွေကို စိတ်ဝင်စားအောင်လည်း သင်ပြတတ်၍ သူ့အချိန်ဆိုလျှင် ကျွန်တော်တို့အားလုံး စာသင်ရတာ ပျော်သည်။

အူမြူးနေသော ကျွန်တော့်အတွက်တော့ ဆရာမအချိန်အထိ နောက်ပြောင်ချင်တဲ့ စိတ်တွေ ဖြစ်ပေါ်နေခဲ့တာလေ။ ဆရာမရောက်ပြီး သိပ်မကြာခင်မှာပဲ ဒီနေ့ ခေါင်းစဉ်သစ် သင်မယ်ပြေါပီး အကယ်၍ လေ့လာထားတဲ့သူရှိပါကလည်း အပြင်ထွက်ပြီး သိထားသလောက်ပြောချင်ပြောနိုင်ကြောင်း ဖိတ်ခေါ်သည်။ အဲဒီနေ့အသစ်သင်မည့်အကြောင်းအရာကို ကြည့်လိုက်တော့ Maize အကြောင်းဖြစ်နေတယ်။ ခေါင်းစဉ် စာလုံးအဓိပ္ပါယ် ကလွဲ၍ ကျန်တာဘာမှမသိ။ ဒါပေမယ့် ကျွန်တော် အတန်းရှေ့ကို ထွက်သွားပီး ဆရာမကို ကျွန်တော်ပြောမယ်လို့ ခွင့်တောင်းမိသည်။ ရည်ရွယ်ချက်ကတော့ တခုတည်းပဲ ။ အားလုံးကို နောက်ချင်နေတဲ့ စိတ်ပေါ့။

ဒီလိုနဲ့ စတိတ်စင်ပေါ်တက်ပြီး စာအုပ်ကို ကိုင်ကာ ချောင်းဟန့်လိုက်သည်။ အားလုံးကလည်း သိနေသည်။ ကျွန်တော်နောက်တော့မယ်ဆိုတာကိုပေါ့။ မျက်နှာတွေက ပြုံးစိစိနှင့် ကျွန်တော် ဘာပြောလဲ နားစွင့်နေကြသည်။ ကျွန်တော်ကလည်း ရုပ်တည်ကြီးနှင့် ဆက်ဖောသည်။

ဒီနေ့ကျွန်တော်တို့ သင်ကြားရမည့် အကြောင်းအရာကတော့ ပြောင်းဖူးစေ့အကြောင်းဖြစ်ပါတယ်။ ပြောင်းဖူးစေ့အကြောင်း ပြောမယ်ဆိုရင် ပြောင်းဖူးအကြောင်းအရင်ပြောရမှာပါ ဆိုပြီး ပြောင်းဖူးတစ်ဖူးကို အခွံခွာပြီး ရင် ဘာတွေ့ရမလဲဆိုရင် အမွှေးတွေကို တွေ့ရမှာပါ။ ဟာသပြက်လုံးတစ်ခုမဟုတ်ပေမယ့် တွေ့ရခဲသောအပြုအမူဖြစ်၍လည်း အားလုံးကလည်း တဝါးဝါး တဟားဟားနဲ့ပေါ့။ ဒီလိုနဲ့ ပြောရင်း ဆရာမကို တချက်ကြည့်မိသည်။ ဆရာမက မျက်နှာထားနှင့် ဆက်ပြောလေဆိုတဲ့ မျက်နှာနဲ့ ကျွန်တော့်ကို ပြန်ကြည့်သည်။ ထိုအချိန်တွင် ကျွန်တော်ဘာပြောရမှန်းမသိတော့ ။ ခေါင်းစဉ်အဓိပ္ပါယ်တစ်ခု သိရုံလောက်နှင့် စင်ပေါ်တက်ခဲ့ရသော ကျွန်တော့်အတွက် ငါဘာမှ ထပ်မပြောနိုင်တော့ဘူးဆိုတဲ့ အတွေးဝင်လာတဲ့အချိန်မှာ ကျွန်တော် ထူပူသွားသည်။ တခန်းလုံးလဲ ကျွန်တော့်မျက်နှာကို တွေ့ပြီး ပြုံးနေတဲ့ မျက်နှာထားတွေတည်ပြီး ရီနေတဲ့အသံတွေနှင့် ဆူညံနေရာမှ တိတ်ဆိတ်သွားသည်။ ကျွန်တော် ဘာဆက်လုပ်မလဲ လို့ သိချင်စိတ်တွေနဲ့ အကဲခတ်နေကြသည်။ ထိုတိတ်ဆိတ်ခြင်းကို ဆရာမက မင်းပြောချင်တာ ဒါပဲပေါ့တဲ့ အမေးနဲ့ ဖြိုခွင်းလိုက်သည်။ ကျွန်တော့်မှာ ဖြေစရာစကားက တစ်ခွန်းတည်းလေ။ ကျွန်တော်လည်း ခေါင်းညိတ်ပြီး ခုံရှိရာသို့ ခေါင်းငိုက်စိုက် နှင့် ပြန်ခဲ့သည်။

ထို့နောက်ဆရာမ ဘာသင်လည်း ကျွန်တော်မသိတော့ ။ စိတ်ထဲမှာ မေးခွန်းများနဲ့ ချာချာလည်နေသည်။ ငါ့လုပ်ရပ်ဟာ ဆရာမကို အလေးမထားတဲ့ အပြုအမူမျိုးဖြစ်သွားလား မသိဘူးဆိုတဲ့ အတွေး။ ကျွန်တော့် အမေကလည်း ဆရာမတစ်ယောက်ဖြစ်၍ ထိုအပြုအမူမျိုးဖြစ်ခဲ့ပါက ….ရှက်စိတ် ၊ ကြောက်စိတ်တွေ ရောထွေးကာ ကျွန်တော် ခေါင်းတစ်ခုလုံး ရှုပ်ထွေးသွားသည် ။ အတန်းပြောင်း ခေါင်းလောင်းထိုးတဲ့အသံကြားတဲ့အချိန် ၊ ဆရာမထွက်သွားတဲ့အချိန်မှာ ကျွန်တော် ဆုံးဖြတ်ချက်တစ်ခုနှင့်အတူ ဆရာမနောက်ကိုလိုက်သွားမိသည်။ ဆရာမရှေ့ရောက်တော့ ကျွန်တော့် မျက်လုံးအိမ်မှ အလိုလို မျက်ရည်တွေ စီးကျလာသည်။ ဝမ်းနည်းစိတ်နဲ့အတူ ဆရာမကိုတောင်းပန်မိသည်။ ကျွန်တော်ဆရာမကို မလေးမစားလုပ်ချင်လို့ ပြုမူခဲ့တာမဟုတ်ကြောင်းနဲ့ ကျွန်တော်နောက်ချင်စိတ်ကြောင့် ရှေ့ထွက်ခဲ့ရတာဖြစ်ကြောင်း ပြောမိသည်။ ထိုအခါဆရာမက ကျွန်တော့်ကို အဲလိုမထင်ကြောင်း၊ နားလည်ကြောင်း နှစ်သိမ့်သည်။ ထို့နောက် အခန်းထဲသို့ ကျွန်တော်ရဲ့မျက်ရည်ရွှဲနေတဲ့မျက်နှာကို လက်နှင့်ကာပြီး ပြန်ဝင်ခဲ့သည်။

ထိုနေ့မှစ၍ ဆရာမအချိန်ဆိုလျှင် ကျွန်တော် ခေါင်းငုံ့ကာ နားထောင်တော့သည်။ ဆရာမမျက်နှာကိုလည်းမကြည့်တော့။ အပြစ်ရှိတဲ့ ကျောင်းသားတစ်ယောက်ခံစားချက်က မပျောက်တော့။ ဒီလိုနှင့် တလကျော်ကျော်ကြာသွားသည်။ ဒီကြားထဲ ဆရာမကလည်း သူ့နည်းသူ့ဟန်နှင့် ကျွန်တော့်အကြောင်း တခြားဆရာမများကိုမေးမြန်းကြောင်း ကြားသိရသည်။ နောက်ပိုင်းတွင်တော့ ဆရာကမ ကျွန်တော့်ကို ရည်ရွယ်ကာ ခေါင်းဖော်ပြီး စာသင်ပါဆိုဟု နောက်ပြောင်ကာ ကျွန်တော့်စိတ်ခံစားချက်ကို ပြေပျောက်စေခဲ့သည်။

နောက်ပိုင်းတွင် ဆရာမနှင့် အရမ်းရင်းနှီးသွားသည်။ နောက် ကျွန်တော်လည်း တောင်ကြီးနဲ့ ဝေးရာသို့ ထွက်ခွာလာခဲ့ရသည်။ ပြန်ရောက်တိုင်းလည်း ဆရာမဆီသွားကာ အတိတ်ကအကြောင်းပြောရင်း အလွမ်းသယ်ဖြစ်သည်။ ကိုယ့်တပည့်တွေက တကူးတက မမေ့မလျော့ လာသည်ပဲ။ ဘယ်ဆရာမက မကြည်နူးပဲရှိပမလဲနော်။ ပီတိစားပြီး အားရှိနေကြတဲ့ ဆရာများပါပဲ။

ဒီကြောင်းအရာကို ရေးဖြစ်ရတဲ့အကြောင်းကတော့ ကျွန်တော် အတိတ်က ကြုံခဲ့ရတဲ့ အကြောင်းအရာထဲက ခံစားချက်များကို မျှဝေခြင်းသက်သက်ပါပဲ။

တောင်ကြီးသားတစ်ယောက်အနေနဲ့ တောင်ကြီးမှာ အမြဲမရှိနေနိုင်ခဲ့ပါဘူး။ ဒါပေမယ့် တောင်ကြီးနဲ့ပါတ်သတ်တဲ့ ခံစားချက်၊ အမှတ်တရတွေကတော့ ဘယ်တော့မှ မမေ့နိုင်တဲ့ အဖြစ်အပျက်များပါပဲ။

ခံစားနားလည်နိုင်ပါစေ…

နေလင်း



Read more!

Monday, December 29, 2008

" နှစ်ကူးည "

အလွမ်းတစ်ဆင်စာ ဆင်မြန်းထားတဲ့...ည
ဒီဇင်ဘာရနံ့က သူစိမ်းဆန်လွန်းတယ်..

ပက်ကြားအက် ရင်ဘတ်ထဲ မီးလင်းဖိုလေးတစ်ခုက
မြူမှုန်ရိပ်တွေနဲ့... ရဲရဲတောက်

ဟောဒီနယ်မြေရဲ့ ဒိုင်ယာရီစာအုပ်ကြားမှာ
တပတ်နွမ်း ခွာညိုခြောက်တွေ သုံးခါမြောက်သေခဲ့ပြန်ပြီ ...

...လစ်ဟခြင်းတွေ တောင်စင်ရေမရဘူး...

လေအဝှေ့မှာ လွှင့်ဝင်လာတဲ့ မြို့ပြလျှပ်ရောင်ထဲ
တဖျက်ဖျက်လက်နေခဲ့...

" ဆွေးမျက်ရည်"



SeinLae Vs မြငြိမ်းငယ်
30th-Dec-2008


Read more!

Wednesday, November 26, 2008

2008 တန်ဆောင်တိုင်မီးပုံးပျံအခွေ

ကျွန်တော်တို့ တောင်ကြီးချယ်ရီမြေအဖွှဲ့သားတွေ ရိုက်ကူးထားတဲ့ ဒီနှစ် မီးပုံပျံအခွေကို တင်ပေးလိုက်ပါပီ ဒီအခွေကို ကျွန်တော်တို့ အပြင်မှာ အခကြေးငွေနဲ့ ရောင်းချခြင်းမျိုး လုံးဝမရှိပါ အင်တာနက်ပေါ်မှ အားပေးတဲ့အဝေးရောက် တောင်ကြီးကသူငယ်ချင်းတွေ အတွက် အမှတ်တရ အနေနဲ့ တင်ပေးရခြင်း ဖြစ်ပါတယ်..
မှတ်တမ်း (၁)
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)

မှတ်တမ်း (၂)
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)

မှတ်တမ်း (၃)
အပိုင်း(၁)


အကုန်တင်ပေးလိုက်ပါပီဗျာ... ကြိုက်သလိုအဆင်ပြေသလိုယူသုံးနိုင်ပါတယ်ဗျာ..


Read more!