Saturday, December 8, 2007

ဘာတွေဘဲပြောင်းပြောင်း ရသ ကတော့ လွဲနေမြဲ

မြန်မာရုပ်ရှင် - မြန်မာရုပ်ရှင်လို့ နောက်ပိုင်းပြောဆိုနေတာကျနော် သတိပြုမိလာပါတယ်။ ကျနော်ကတော့ ဗမာရုပ်ရှင်ဘဲခေါ်ဝေါ်သုံးစွဲပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် အချိန်ကြာလာလေလေ ဗမာရုပ်ရှင်တွေအပေါ်မှာ ဘ၀င်မကျမှုတွေ တိုးပွားလာလေလေပါဘဲ။

နေ့တိုင်း Burmese Classic website ပေါ်မှာ ဗမာရုပ်ရှင်တွေ တင်ပေးနေပေမယ့် ဗဟုသုတရစရာမရှိ၊ ရသမရှိတဲ့ ရိုးအအ မြန်မာ (ဗမာကား) ရုပ်ရှင်တွေဖက်ကို စိတ်မရောက်တာတော်တော်ကြာပါပြီ။ ကျန်စစ်မင်း ရုပ်ရှင် ဟာ ကျနော်နောက်ဆုံးကြည့်ဖြစ်ခဲ့တဲ့ ရုပ်ရှင်တခုပါ။ လွန်ခဲ့တဲ့ ၃လလောက်ကပေါ့၊ ဒါကလည်း လူမင်းကိုတိုင် စင်္ကာပူမှာ သွားပြီး ပညာရှင်တွေကို ဖိတ်ခေါ်လာခဲ့တယ်ကြားမိလို့ပါ။ ရာဇ၀င်ကားတွေကို စိတ်ဝင်စားတက်တဲ့လူတယောက်ဖြစ်တဲ့အလျှောက်ကျနော် စိတ်ရှည်လက်ရှည်နဲ့ ကျန်စစ်မင်းရုပ်ရှင်ကိုစောင့်မျှော်ခဲ့ပါတယ်။ ထွက်လာတော့လည်း ယောင်ချာချာပါဘဲ။

ဒီတခေါက်တော့ နည်းပညာသစ်တွေနဲ့ အသုံးပြုမှုကို ကြည့်ချင်လို့မဟုတ်ပါဘူး။ မနိုင်းနိုင်းရဲ့ တိုက်တွန်းချက်အရ ဒါရိုက်တာ နေပိုင်ရိုက်ကူးတဲ့ တောမီး ဆိုတဲ့ ရုပ်ရှင်လေးကို Burmese Classic ဆိုက်မှာ သွားတက်ကြည့်ဖြစ်ပါတယ်။ ရှမ်းပြည်ရူခင်းလေးနဲ့ အသံဝဲ၀ဲလေးလုပ်ပြောတယ်ဆိုတာကို စိတ်ဝင်စားလို့ကြည့်ဖြစ်ခဲ့တာပါ့။ ကျနော်မထင်ထားတဲ့ ရုပ်ရှင်ဇတ်ကားလေးတခုဖြစ်လို့ အမှန်တကယ်ဘဲ ရင်ခုံခဲ့ရပါတယ်။ ရှမ်းပြည်တောင်ပိုင်း၊ လမန်းရွာမှာရိုက်ထဲတဲ့ ဓနုမိသားစုလေးတခုရဲ့အကြောင်း စိတ်ကူးယဉ်ဇာတ်လမ်းလေးတပုဒ်ပါ။ ကျနော်သိသလောက်ဆို ဒါဟာ ဓနုလူမျိုးတွေကို အခြေခံတဲ့ ပထမဆုံးရုပ်ရှင်ကားဖြစ်ပါတယ်။ လုပ်သံတွေနဲ့ပြောဆိုထားတော့ တခါတခါ ဓနုစကားမဟုတ်ဘဲ ကရင်သံဝဲနေတာကိုသတိထားမိပါတယ်။

ဗမာရုပ်ရှင်တွေမှာ တိုင်းရင်းသားလူနည်းစုကို အရေးပေးပြီး ရိုက်ကြတာတွေကိုပြန်သုံးသပ်ကြည့်ရင် ကရင်လူမျိုး တွေကိုရိုက်တာ၊ ကရင်ရွာတွေမှာရိုက်ကြတာများတယ်လို့ ကျနော်ထင်မိပါတယ်။ ကျနော်တို့ ရှမ်းပြည်မှာရိုက်ရင်တော့ အများအားဖြင့် ရှမ်းတွေက လူဆိုးအခန်းကနေပါဝင် သရုပ်ဆောင်ရတာကများပါတယ်။ ရှမ်းတွေမြို့တက်ရင်တော့ တောသား (တောင်ပေါ်သား) မြို့တက်အခန်းလေးတွေပေါ့။ ရခိုင်တို့ မွန်တို့ဆိုရင်တော့ ဟာသသံလုပ်ရုံလောက်ဘဲထဲ့ရိုက်ကြတာကို သတိထားမိပါတယ်။

ကရင်သံဝဲ၀ဲလေးတွေကို နားရင် နေတဲ့ သရုပ်ဆောင်တွေဟာ ကျနော်တို့ ဓနုသံကို ကရင်သံဝဲအောင်လုပ်ပြောနေတာတွေကို ကြားရတာ နားမချမ်းသာဖြစ်မိပါတယ်။ ဒါပေမယ့် လူမင်းကိုတော့ ကျနော် အမှန်တကယ် ချီးကျူးမိပါတယ်။ တချက်တချက်လွဲချော်သွားပေမယ့် အများကြီးထိမ်းပြောနိုင်ပါတယ်။ လေးစားစရာတခုပါ။

အသံဝဲ၀ဲလေးတင်ကဘဲ ရုပ်ရှင်ဇာတ်လမ်း၊ ကင်မရာ အယူအဆ၊ ရူခင်းအလှအပတွေဟာ ဒီရုပ်ရှင်ဇာတ်ကားလေးကို ထူးခြားပေါ်လွင်စေပါတယ်။ ရူခင်းတွေကဘဲလှလို့လား၊ ပတ်ဝန်းကျင်လေထုကဘဲ သန့်စဉ်လို့လားတော့မသိပါဘူး ကျနော်ကြည့်ဖူးတဲ့ ဗမာကားတွေထဲမှာ ဒီတကားကတော့ အရောင် (color) အမှန်ဆုံးနဲ့ အလှဆုံးဖြစ်ပါတယ်။ ကင်မရာ အယူအဆဟာလည်း တခြားရုပ်ရှင်တွေနဲ့စာရင် တော်တော်လေးကို ထူးခြားပြောင်းလဲနေတာကိုတွေ့ရပါတယ်။ သရုပ်ဆောင်တွေရဲ့မျက်နှာကို မကြောက်မရွံ့ဆွဲယူပြီး ရိုက်ထားတဲ့ တချို့အကွက်တွေက cameraman ရဲ့လက်စွမ်းကို သိသိသာသာတွေရှိခံစားနိုင်ပါတယ်။ ဒါဟာတိုးတက်မှုတခုလိုယူဆလို့ရပါတယ်။

အကြိုက်ဆုံးကတော့ လောကကြီးကို ရန်ထောင်တဲ့အခန်းပါဘဲ။ ဒီလို အော်ဟစ်ပြောဆိုနေတဲ့ အသံလေးတွေဟာ ယဉ်ကျေးမူကိုလည်း တော်တော်လေးထင်ဟပ်စေပါတယ်။ စိတ်ဝင်စားစရာဇာတ်လမ်းလေးတပုဒ်ဖြစ်တော့ ရုပ်ရှင်လေးပြီးသွားမှာတောင်စိုးရိမ်မိခဲ့ပါသေးတယ်။ ဒါပေမယ့် နောက်ဆုံးပိတ် အိတ်နဲ့ လွယ်လိုက်ရတာကတော့ …

“… ဒါဟာ စာမတက်လို့ဖြစ်တာ။ စာမတက်တော့ ဗဟုသုတနည်းတယ်။ ဗဟုသူတနည်းတော့ ရှေ့ရိုးအဆွဲအယူကို ဖျောက်ဖို့ခက်ပြီး မမှားသင့်တာတွေမှားခဲ့ရတယ်။ … ”

မြို့ကလာတဲ့ ပညာတက် ကျောင်းဆရာ ကိုရင်မောင် (သရုပ်ဆောင် ထွန်းထွန်း) ပြောလိုက်တာပါ။

ဒီလိုနဲ့ အပြီးသပ်မှာ ရသ တော့ မြောက်သွားပါတယ်… ရင်နှင့်အောင် ပါဘဲ။



ထာဝရ (TGI)

2 comments:

ကျော်စွာ said...

ဓနုကို အခြေခံထားတဲ့.. မိုးကျော်ကျော် ဇာတ်ကား တကား ရှိပါတယ်။ ထာဝရTGI မှတ်မိလား။ မိုးကျော်ကျော် အတိတ်မေ့သွား တဲ့ ဇာတ်ကားလေ.. :D

sandy said...


شركة نقل عفش من الرياض الى الدمام الاحساء الخبر

افضل شركة نقل عفش من الرياض الى جدة

___