Thursday, September 25, 2008

အိမ်ပြန်ချိန်

အလုပ်ဆင်းလို့ MRT စီးရင်း ပြန်လာတော့
အနောက်ဖက်ကောင်းကင်က နေ့အလင်းဖျော့ဖျော့။
မိုးကုပ်စက်ဝိုင်းရဲ့ တစ်ဖက်က ကောင်းကင်မှာလဲ နေဝင်တော့မှာလား . . .

အဖြူရောင် အင်္ကျီကိုဝတ်ထားပေမယ့်
အစိမ်းရောင်ပုဆိုးကိုတော့ မဝတ်ဖြစ်တာကြာပြီ။
ပြန်တွေးကြည့်တော့ မနေ့ကလိုလိုနဲ့ အချိန်တွေက အကုန်မြန်သည်။

အဖေ့လက်ကိုတွဲလို့ အနိမ့်အမြင့် လမ်းကလေးအတိုင်း
နေမဝင်ခင် အိမ်ကိုပြန်ခဲ့တယ်
နောက် . . .
တစ်ယောက်သောသူကို အပြီးအပိုင်လမ်းခွဲလို့
နေဝင်ချိန်မှာ အိမ်ကိုပြန်ခဲ့တယ်
နောက် . . .
သူငယ်ချင်းတွေကို နှုတ်ဆက်ရင်း
သန်းခေါင်မတိုင်ခင် အိမ်ကိုပြန်ခဲ့တယ်
နောက် . . .
နှင်းမှုန်မှုန်ထဲ ကြယ်တွေရေတွက်လို့
သန်းခေါင်အကျော်မှာ အိမ်ကိုပြန်ခဲ့တယ်
နောက် . . . . . . . . . .

ဘယ်လိုအချိန်တွေမှာ အိမ်ကိုပြန်ခဲ့ရမလဲ အဖေ ။ ။


Read more!

Friday, September 19, 2008

"ပုဆိုးအောက်ကကောင်းကင်မျှော့ကြီး"

မြန်မာလူမျိုးတွေမှာလူမျိုးပေါင်း ၁၃၅မျိုးရှိတယ် အဲဒီထဲကမှအဓိကဆိုပြီး
၈မျိုးခွဲထားတယ်နော်....
အဲဒီလူမျိုးတွေရဲ့ ချစ်စရာအလေ့အထလေးတွေကို ပြောပြမယ်ဗျာ

ကျွန်တော်တို့ ချောင်းသာကပြန်လာပြီးတစ်လကျော်ကျော်မှာ
အင်းလေးကိုမိသားစုလိုက်သွားလည်ကြတယ်ဗျ
အဲဒီ ရောက်တော့ အင်းသူအင်းသားတွေရဲ့ ဖော်ရွေတဲ့ အပြုံးကိုမြင်တော့
စိတ်မှာအေးချမ်းသွားတယ်ဗျာ
သူတို့ ကထမင်းစားဖိတ်လို့  အင်းထမင်းအင်းဟင်းလေးလိုက်စားအုန်းမယ် လို
စိတ်ကူးရင်းလိုက်သွားတာ...
အမှန်က ကျွန်တော် ကမာန ကြီးတယ်ဗျာ ခေါ်တိုင်းလိုက်တာမဟုတ်ဘူး
မခေါ်လဲအတင်းလိုက်စားတဲ့မာနလိုကြီးတာ

အင်းမိသားစုအိမ်ကိုရောက်လဲရောက်ရော ' ဟေ့ ပပက်လက်တွေ နှုတ်ခမ်းလှန်တွေချမယ် ' လို့အင်းသားကြီးကအော်လိုက်တော့ကျွန်တော်တွေးလိုက်တာ ဟာ ငါတို့ တော့
ဘာတွေစားရအုန်းမလဲလို့ တွေး
လိုက်တယ် အဲဒါနဲ့ ဟင်းတွေလာချတော့ နှုတ်ခမ်းလှန် နဲ့ ပပက်လက်ဆိုတာ
ဘယ်ဟင်းကိုပြောတာလဲဗျ လို့ မေးတော့
ဒီမှာလေ မတွေ့ ဘူးလား နှုတ်ခမ်းလှန် နဲ့ ပပက်လက် ဆိုပြီး ဒန်ဇလုံ နဲ့
ပန်းကန်ပြားကိုချပြတော့မှ သူတို့ ပြောတာနားလည်သွားတယ် အင်းအသုံးအနှုန်းက ပန်းကန်ကပက်လက်လေးလန်နေလို့ ပပက်လက်တဲ့ ဒန်ဇလုံက
နှုတ်ခမ်းလေးလန်နေလို့ နှုတ်ခမ်းလန်တဲ့ ဗျာ ..

' တူကြီးတို့ အားမနာနဲ့ ဝက်သားဟင်းစား နော် အားရပါးရစားနော် အားမနာနဲ့  '
ကျွန်တော်လဲ ဘယ်မှာ ၀က်သားဟင်းရှိလို့ လဲဗျ ဒီမှာလေကွာ ဆိုပြီး
ငါးပြေမဟင်းကိုလာထိုးပြတော့မှ သြော် သူတို့ ဆီမှာက ငါးပြေမကို
ရေ၀က်သားဟင်းလို့ ခေါ်တာကိုးလို့ သိလိုက်တယ်ဗျာ

အဲပြောတာပြောနေတာဇာတ်လမ်းက မစသေးဘူး
ကျွန်တော်ကောင်းကောင်းကြီးခံလိုက်ရတဲ့
ပုဆိုးအောက်ကမျှော့ကြီးအကြောင်းကိုပြောပြမယ်
ကျွန်တော် စားသာစားနေတာ တို့ စရာမပါတော့ သိပ်မစားတတ်ဘူးဗျာ အဲဒါနဲ့ 
ဦးလေးရေ တို့ စရာလေးရှိရင်ပေးပါအုန်းဗျ လို့ တောင်းလိုက်တော့
ပုဆိုးကိုလှန်လိုက်ကောင်းကင်မျှော်ကြီးရှိတယ် လို့ ပြောတော့
စားလက်စတန်းလန်းကျွန်တော်ခင်ဗျာ နင်မတတ်ဖြစ်သွားတယ် ' ပုဆိုးလှန်လိုက်
ရင် ကောင်းကင်မျှော့ကြီး ၊ ကောင်းကင်မျှော် ဆိုတော့
မိုးပေါ်ကိုထောင်နေမှာပေါ့နော် ' ပြီးတောင်တွေးမြောက်တွေးပြီး

' ဦးကြီးရယ်မနောက်ပါနဲ့ ဗျာ '
'မနောက်ဘူး တကယ်ပြောတာ ပုဆိုးလှန်လိုက် တောင့်တောင့်တင်းတင်း
ကောင်းကင်မျှော်ကြီးရှိတယ် ' ဆိုပြီးစိတ်မရှည်တဲ့ ပုံစံနဲ
့ပုဆိုးကိုကောက်လဲလှန်လိုက်ရော ပုဆိုးအောက်က
ရုံးပသေသီးတွေထွက်လာပါလေရောဗျာ အမှန်က သူတို့ ဆီမှာ စောင်ကို ပုဆိုး
ရုံးပသေသီး ကို ကောင်းကင်မျှော်ကြီးလို့ ခေါ်တယ်ဗျ ကျွန်တော်က
မသိတော့တောင်တွေးမြောက်တွေးတွေး ပြီး အဟီး
ပုဆိုးအောက် က ..... ကောင်းကင်မျှော် ကြီး ဆိုပြီး ဘာမဆိုင်ညာမဆိုင်
ဘာညာသွားတွေးလိုက်သေးတယ်
အဲဒီအချိန်မှာ ပဲ အင်းသားကြီးက သူအိမ်သားတွေကိုအော်ပြောလိုက်တာ
' အမိတို့ ရေ လာကြည့် စမ်း မြို့ ကလာတဲ့ လူတွေ စောက်ရမ်းဆောင့်ရမ်း
စားနေတယ်ကွ ၀မ်းသာစရာပဲ '
ဆိုတဲ့အသံအပြီး ကျွန်တော်ရဲ့ တစ်ပေါက်ထဲသောအပေါက်ကထွက်လာတဲ့ အသံကတော့ဗျာ

" အွန်''

ဒီနေရာ မှ ယူထားပါသည်


Read more!

Monday, September 8, 2008

Taunggyi 114th Anniversary Live Concert in Singapore



We would like to announce that the tickets for Taunggyi 114th Anniversary Live Concert is on sale.


Singers: Bo phyu , Han Tun , Mg Mg Zaw Latt , A Sai (Blackhole)

Band : Symphony 4712
Players : All Guitars : Sai Kham Khong, Khun Shwe Phyo
Bass : Zaw Moe Lwin
Keyboards : Aung Zay Yar Lwin
Drums : Phey Thein


Date : 5th October 2008 (Sunday)
Time : 6:30pm - 10:00pm
Venue : NTUC Business Center
1 Marina Boulevard
Level 7 OMB Singapore
(Raffles Place MRT - Exit J)

Ticket Prices : S$ 50, 35, 25

Ticketing Outlet
Loi Hein
#04-66, Peninsula Plaza

Kaung San
#02-17, Peninsula Plaza

Ticket Sales
Nang Lao Kham Lin (9229 4501)
Thinzar Khaing (8322 2574)
Khun Kyaw Myo Min (9799 3192)
Nang Yu Lay Nwe (9181 4917)
Chan Nyein Htun (9062 7892)


Read more!