Sunday, November 2, 2008

တန်ဆောင်တိုင် နီးလာပြီ

တန်ဆောင်တိုင်ကြီးလည်း နီးလာပြီ။ အားလုံးကလည်း အဝေးရောက် တောင်ကြီးသူ၊ တောင်ကြီးသားတွေအားလုံးကလည်း online မှ မလွတ်တမ်း ညလုံးပေါက် အားပေးမယ်ဆိုတဲ့ စိတ်နဲ့ အားမွေးနေကြပြီ။ မနှစ်တုန်းကလည်း ကျွန်တော်တို့အားလုံး မီးပုံးပျံပွဲကြည့်ရင်း တစ်လုံးတက်သွားပြီးတိုင်း cbox မှာ ဘယ်သူက ဖြင့်ဆုမှန်းနိုင်တယ်..ဘယ်သူကဖြင့် ဘယ်လိုဆိုပြီး ဆွေးနွေးကြ၊ တစ်ယောက်နဲ့ တစ်ယောက်ခင်မင်စွာ စကြနောက်ကြရင် အဝေးရောက် တန်ဆောင်တိုင်ပွဲကို ပါဝင်ဆင်နွှဲခဲ့ကြသည်ကို ပြန်အမှတ်ရနေမည်မှာ အမှန်ပါ။

တောင်ကြီးမြို့မှာ ရှိတဲ့ တောင်ကြီးချယ်ရီအဖွဲ့ သားများကလည်း ကျွန်တော်တို့ကို ၀က်သားချဉ် ၊ ဟင်းထုပ်တွေကို ရိုက်ပြရင်း စားကြအုံးမလားဆိုပြီး သွားရည်ကျအောင် လုပ်ကြပုံများမှာလည်း မမေ့နိုင်စရာပါ။ အခုလည်း သူတို့ အားလုံး တန်ဆောင်တိုင်ပွဲတော် ထုတ်လွှင့်ဖို့အတွက် အလုပ်ရှုပ်နေကြမည် ထင်ပါသည်။ ဒီအချိန်မှာ ကိုရဲမြန်မာကိုလည်း သတိရမိပါသည်။ သူကတော့ တောင်ကြီးချယ်ရီဘလော့လေးကို ဓါတ်ပုံများဖြင့် ဝေေ၀ဆာဆာ ဖြစ်အောင် တန်ဆာဆင်ပေးခဲ့သူတစ်ယောက်လည်း ဖြစ်သလို ဒီဘလော့လေးဖြစ်မြောက်လာဖို့ အတွက် အဓိကကျတဲ့ အခန်းမှ ပါဝင်ခဲ့သူလည်း ဖြစ်ပါသည်။ အခုတော့ သူက တောင်ကြီးမြို့ရဲ့ အဝေးမှာပေါ့။ သူ့လိုပဲ တောင်ကြီးမြို့ကို မခွဲချင်မခွာချင်ပဲ ဘ၀ရည်မှန်းချက်အတွက် ခွဲနေရသူများလည်း ရှိပါတယ်။ ကျွန်တော်သိသလောက် နောက်တစ်ယောက်က ကိုချမ်း ။ အခုတော့ စင်္ကာပူမှာပေါ့။ သူကလည်း ဘလော့ banner ဒီဇိုင်းလေးကို မရိုးအောင် ပြောင်းပေးတတ်သူတစ်ယောက်ပေါ့။

မနှစ်ကလောက် လူအင်အားမတောင့်တော့ပေမယ့် ကျွန်တော်တို့ လို အဝေးရောက်နေသူများကို ရှိတဲ့ အင်အားနဲ့ ပြသနိုင်ဖို့ ကြိုးစားနေတဲ့ အဖွဲ့သားများရဲ့ စေတနာမှာလည်း လေးစားဂုဏ်ပြုစရာပါ ။

အိုးစည် ဗုံမောင်း သံကြားတိုင်း ထပြီးကချင်တဲ့ စိတ်ကလည်း ကျွန်တော်တို့ တောင်ကြီးသူ ၊ တောင်ကြီးသားတွေ ရဲ့ ပိုးလို့ဆိုရမည်မလား။ ကျွန်တော်တို့ တောင်ကြီးချယ်ရီက မနိုင်းနိုင်းဆိုရင်လည်း ကျောင်းတုန်းက အကတော်သော ကျွန်တော်တို့ရဲ့ အစ်မကြီးပါ။ ကျွန်တော်ဆိုရင်လည်း သိပ်ပြီးမကတတ်ပါဘူး...ပုံကိုသာရှု့ စားတော်မူပါလေ....


ဒီပုံလေးကို ကြည့်ရင်း ကျွန်တော်တို့ ရဲ့ ငယ်စဉ်ဘ၀ကိုလည်း ပြန်လည် အမှတ်ရမိကြမည်ထင်ပါသည်။ ကျွန်တော်ပြောတာယုံပြီမလား။ ကျွန်တော်တို့အားလုံးဟာ သွေးထဲကနေ တန်ဆောင်တိုင်ကို ချစ်ကြတယ်ဆိုတာ။ တချို့ နားမလည်တဲ့ သူတွေပြောသလို လောင်သွားတဲ့ မီးပုံးပျံကို ကြည့်ရင်း မင်းတို့ဟာက ပိုက်ဆံကို မီးရှို့တာနဲ့တူနေဘူးလားကွာ ဆိုတိုင်း သူတို့နားလည်အောင် ရှင်းပြနိုင်တဲ့ စကားလုံးတွေကို ရှာမနေချင်တော့ပါဘူး..ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ သွေးထဲက လာတဲ့ ဆန္ဒကို သူတို့ ဘယ်လိုမှ ခံစားနိုင်မယ် မထင်လို့ပါ..( ကျွန်တော့် စိတ်ထဲပေါ်လာတဲ့ အမြင်လေးပါ)။


အခုလည်း သတင်းတွေဖတ်ရင်း သိရှိလာရတဲ့ သတင်းလေးကို မျှဝေရင်းအမှတ်တရ ရေးသားလိုက်ခြင်းသာ။ နောက်ဆက်တွဲ update သတင်းများကိုလည်း ကျွန်တော်တို့ အားလုံးစောင့်မျှော်နေပါကြောင့်နဲ့ အဖွဲ့သားတွေအားလုံး အဆင်ပြေပါစေကြောင်း ဆုတောင်ရင်း .....

နေလင်း

9 comments:

ဇာနည်မာန် said...

တောင်ကြီးမြို့ကနေ မကဘူး မြန်မာပြည်ကနေ အဝေးကို ရောက်နေတဲ့ တောင်ကြီးသူ တယောက်ပါ။ အွန်လိုင်းကနေ မနေ့က တညလုံးထိုင်စောင့်တာ ဘာမှ မမြင်ရလို့ ၀မ်းနည်းလိုက်တာ။ ခုချက်ခြင်းသာ တောင်ကြီး ပြန်လိုက်ချင်တော့တယ်။ နှစ်စဉ်နှစ်တိုင်း တနှစ်မှ မပြတ် တန်ဆောင်တိုင်ပွဲကို နွဲခဲ့တာ။ ဒီနှစ်တော့ သွားပါပြီ။ ပြန်မယ်လို့ စိတ်ကူးထားပေမယ့် မပြန်ဖြစ်ဘူး။ တို့တွေလို တောင်ကြီးက ဝေးနေတဲ့ တောင်ကြီးသူတောင်ကြီးသားတွေ အားထားရတဲ့ Taunggyi Family Google Group နဲ့၊ Taunggyi Cherry Land Blog ကို ကျေးဇူးတင်ပါတယ်။ ဒီနေ့ညတော့ Website ကနေ တိုက်ရိုက်လွှင့်ပေးတာကို ကြည့်လို့ ရမယ်လို့ မျှော်လင့်ပါတယ်နော်။

Unknown said...

I want to see fire balloons live show but .......

Unknown said...

ကျွန်တော်ကရန်ကုန်ကပါ။တောင်ကြီးမှာမီးပုံပျံပွဲရှိတယ်လို့ပြောတယ်။တောင်ကြီးသားတွေပျော်သလိုကျွန်တော်တို့လဲပျော်ပါတယ်။နောက်နှစ်မှပဲလာခဲ့တော့မယ်နော် သူငယ်ချင်းတို့ တောင်ကြီးကို ကြိုဆိုကြပါနော်။
သူငယ်ချင်းတွေအားလုံးပျော်ရွှင်ကြာပါစေလို့ ဆုတောင်းပေးပါတယ်................

Unknown said...

ကျွန်တော်လဲအွန်လိုင်းပေါ်ကနေကြည့်နေတာပါ မရဘူးဖြစ်နေတယ်နော်။တောင်ကြီးသားတွေနဲ့ထပ်တူဖြစ်နေတဲ့ ကောင်လေးတစ်ယောက်ပေါ့ကျွန်တော်က ကျွန်တော့်နာမည်က ညီညီ ပါ gtalk အကောင့်က loveguide1500@gmail.com ပါ တောင်ကြီးကသူငယ်ချင်းတွေကို ဖိတ်ခေါ်ပါတယ်နော် လာခဲ့ပါ..........

naing said...

ကျွန်တော်လည်းတောင်ကြီးမြို့ပေါ်မှာမရှိပဲအဝေးကြီးကိုရောက်နေတဲ့တောင်ကြီးသားတယောက်ပါဗျာ....တန်ဆောင်တိုင်ရောက်ရင်အရမ်းကိုပျော်ရွှင်ရတယ်ဗျာ...အရမ်းလွမ်းမိတယ်...ချက်ချင်းပြန်ချင်တဲ့စိတ်ကိုထိန်းမရတော့ဘူး....မီးပုံးပျံလွတ်တင်နေတဲ့live showကိုကြည့်ချင်တယ်ဗျာ..ကြိုးစားပေးပါလား....ကျေးဇူးတင်လျက်

Unknown said...

2015-10-10 zhengjx
ugg boots
ugg boots
Ray Ban Sunglasses Outlet Store Online
coach factory outlet
toms outlet
coach factory outlet online
Abercrombie & Fitch Clothing With Big Discount
Cheap Jordan 13 Shoes For Sale Free Shipping
Ugg Boots,Ugg Boots Outlet,Ugg Outlet,Cheap Uggs,Uggs On Sale,Ugg Boots Clearance,Uggs For Women
Louis Vuitton Outlet Handbags Pursers In USA
michael kors handbags
ugg boots sale
ralph lauren
louis vuitton
Kobe Shoes,Kobe 9,Kobe 8 Discount
Mont Blanc Pens For Sale
Cheap Michael Kors Handbags On Sale
Christian Louboutin Outlet For Women
Cheap Louis Vuitton Handbags Luggage Bags Sale
michael kors outlet
abercrombie & fitch
coach outlet store online
Louis Vuitton Outlet Authentic Handbags Discount
fitflops
Hollister UK Clothing Store
canada goose
michale kors outlet
Christian Louboutin Shoes Outlet Sale Cheap Price
Canada Goose,Canada Goose Outlet,Canada Goose Jackets,Canada Goose Sale
Cheap Jordans Shoes For Sale

Unknown said...

michael kors handbags
ray ban wayfarer
michael kors outlet
louis vuitton bags
louis vuitton outlet
fake watches
cheap oakley sunglasses
louis vuitton handbags
michael kors handbags
oakley sunglasses
michael kors
coach factory
cheap jordans
michael kors outlet
jordan 13
louis vuitton handbags
michael kors outlet
cheap nfl jerseys
coach outlet
oakley outlet
michael kors canada
fitflops sale clearance
hollister outlet
michael kors handbags
cheap oakley sunglasses
rolex watches outlet
louis vuitton
michael kors handbags
coach outlet
louis vuitton handbags
ray ban sunglasses
louis vuitton outlet
nike roshe flyknit
replica watches for sale
jordan retro
oakley sunglasses
nike air max
ray ban sunglasses
nike huarache
ralph lauren outlet
20164.8wengdongdong

raybanoutlet001 said...

air max 90
cheap basketball shoes
oakley sunglasses wholesale
browns jerseys
san antonio spurs
christian louboutin shoes
ecco shoes
cheap oakley sunglasses
san diego chargers jerseys
kate spade outlet

te12 said...

qzz0726
cazal sunglasses
ray ban sunglasses
true religion outlet
supra shoes
gentle monster sunglasses
coach outlet online
nike shoes
michael kors outlet
coach outlet online
brequet wathes