ဟိုးအရင် ၁ လလောက်က သူငယ်ချင်း တစ်ယောက် စာအုပ်လေး တစ်အုပ်ယူလာပေးပါတယ်။ တောင်ကြီး နောက်ခံ ဇာတ်လမ်းလေပါ။ ဒုတိယကမ္ဘာစစ် အတွင်း တောင်ကြီးမြို့ အဖြစ်အပျက်လေးကို နောက်ခံ ထားပြီး ကိုယ်တွေ့ ဇာတ်လမ်းလေးပါ။ ဟယ်လင် ဆိုတဲ့ လေးစားဖွယ်ကောင်းတဲ့ အမျိုးသမီး တယောက်အကြောင်းပေါ့။ မြန်မာပြန်သူက ဦးမြင့်ဆွေ(ဖြူး) ဖြစ်ပါတယ်။ နည်းနည်းဆီ ကူးယူပြီး ဖော်ပြပေးပါမယ်။................
၁
ဧပြီလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ ထိုးပြီး စအချိန်တွင် အေးချမ်းသာယာလှပသော တောင်ပေါ်စခန်းမြို့ဖြစ်သည့် တောင်ြ့ကီးမြို့သို့ စစ်ဘေး စစ်ဒဏ်ကြရောက်လာခဲ့ပါသည်။
လေထုကို ခွဲ၍ ကျလာသော ဗုံးသံများ၊ ဗုံးပေါက်ကွဲသံများ ၊ စစ်သေနတ်ဖြင့်တရစပ် ပစ်ခတ်သံများသည် တိတ်ဆိတ်ငြိမ်သက်မှုကို ဖျက်ဆီးလိုက်ပါသည်။ အထက်မြန်မာနိုင်ငံတောင်ပိုင်း ရှမ်းပြည်၏ သေးငယ်သော မြို့တော်သည် မိနစ်ပိုင်းအတွင်းမှာပင် သားသတ်ရုံ သဖွယ်ဖြစ်သွားခဲ့ပါသည်။
ဗုန်းကြဲလေယာဉ်များ ၊ တိုင်လေယာဉ်များသည် အသစ်တဖန်တိုက်ခိုက်ရန်အတွက် နိမ့်နိမ့်ကလေးပြန်သန်းနေရာမှ ကောင်းကင်သို့ ထိုး၍ တက်သွားခိုက် အချိန်၌ ဒဏ်ရာ ရသူများ ၊ သေအံမူးမူး ရှိနေသူများ၏ ကမ္ဘာပျက်မခန်း အောက်မေ့ညည်းညူသံများကို ကြားနိုင်ကြပါသည်။ သစ်ဝါးများဖြင့်ဆောက်လုပ်ထားသော အိမ်များ ၊ တဲများသည် ဓါတ်ဆီနှင့်လောင်း၍ မီးရှို့သကဲ့သို့ မီးဟုန်းဟုန်းတောက်လောင်နေကြပြီး ၊ တစစီ ပြိုကျကုန်ပါသည်။
အကာကွယ် မဲ့နေသော မြို့ကို ၁ နာရီပြီး ၁နာရီ ဂျပန် လေသူရဲများက ချေမှုန်းနေကြပါသည်။ လက်လွတ်စပယ် ၊ အဓိပ္ပာယ်မဲ့ ဖျက်ဆီးနေခြင်းဖြစ်ပါသည်။ အဆင့်တန်း မြင့်မြင့် ကျွမ်းကျင်ပြီးသော လေသူရဲများ အနေဖြင့် အားစိုက်စရာမလိုပဲ အလွယ်တကူပင် လေ့ကျင်းခန်း ဆင်းသလို ပစ်ခတ် တိုက်ခိုက် နိုင်ကြပါသည်။ သူတို့သည် နိမ့်နိမ့်ပြန်သန်း၍ ပစ်မှတ်ကို စိတ်ကြိုက်ရွေးချယ် ဖျက်ဆီးပစ်နိုင်ကြပါသည်။
စစ်စည်းကမ်းများကို လုံးဝ ဂရုမပြုပဲ သူတို့သည် ဆေးရုံ၂ ရုံကို အထူး တလည် ရွေးချယ်၍ တိုက်ခိုက်ကြလေသည်။ ဗြိတိသျှစစ်ဆေးရုံလုပ်ထားသော တောင်ကြီးမြို့ ရှမ်းစော်ဘွားသားများ၏ ကျောင်းဟောင်းနှင့် အသက် ၂၆ နှစ် အရွယ် သူနာပြု ဆရာမချုပ်လုပ်နေသော ကျွန်မတို့၏ ဆေးရုံ၂ ခုကို မဲနေကြပါသည်။
စာဖတ်သူများ အနေနှင့် စိန့်သောမတ်(စ်) ဆေးရုံကြီးလို သို့တည်းမဟုတ် စိန့်ဘာသိုလိုမြူး(စ်) ဆေးရုံကြီးလို ကြီးကျယ်ခန်းနားသည့် ဆေးရုံများကိုသာ ဆေးရုံအဖြစ် သိနေကြရာ ကျွန်မတို့၏ ဆေးရုံကိုလည်း အလည်အလတ်တန်းစားဟု ယူဆကြပေလိမ့်မည်။ အမှန်တော့ ကျွန်မတို့ဆေးရုံမှာ သွပ်မိုးပြီးလေးဖက်လေးတန် ၀ရန်ဒါ ထုတ်ထားသော တစ်ထပ်တိုက်ကလေးသာ ဖြစ်ပါသည်။ မိုးရွာသော အခါ သွပ်မိုးမှ ထွက်လာသည့် အသံသည် ဗုံအလုံးပေါင်း ၁၀၀၀ ကို တီးနေသလို ထင်ရ၏၊
ကျွန်မအတွက်မူ အားလုံးပြည့်စုံပါသည်။ ပြင်ပလူနာဌာန ၊ ခွဲစိတ်ကုသသော ယောက်ျားဆောင် ၊ ခွဲစိတ်ခန်းမ ၊ ကလေးများနှင့် ရောထားသော အမျိုးသမီး လူမမာများအတွက် အဆောင် ၊ ဆေးပေးခန်းနှင့် ယောက်ျား ဆေးကု အဆောင်များ ရှိပါသည်။
ကျွန်မအတွက် ဆေးရုံးများ ၀င်းအတွင်း ၌ ၀န်ထမ်းများနေရန် ဆောက်ထားသည့် အဆောက်အအုံမှာ သေးငယ်သော အခန်း ၂ခန်းကို ပေးထား၍ သက်သောင့်သက်သာ ရှိပါသည်။ ဆေးရုံနှင့်အိမ် မှာ နီးနိးကပ်ကပ် ရှိမှုကြောင့် အလုပ်ဆင်းရာတွင် လမ်းများများ မလျှောက်ရပါ ။ မိဘများ၏ အိမ်နှင့်လည်း မဝေးလွန်းလှပါ။
ပထမဆုံးဗုံးကျလာသည့် အချိန်တွင် ကျွန်မသည် ဆီးချို ရောဂါရှင် လူမမာ အဖိုးကြီး ၁ ဦး ခြေချောင်း ကလေး များကို ဖြတ်ပေးပြီးစ ဖြစ်ပါသည်။ ခြေချောင်း ကလေးများ အား ဆေးကြောသုတ်သင်ပေးနေစဉ် စက်သေနတ်သံြေ့ကာင့် ပြတင်းပေါက်မှ မှန်စ အကွဲများ လွင့်စင်လာပါသည်။
လူမမာမှာ လုပ်ရှားနိုင်မည် မဟုတ်၍ ကျွန်မသည် လူမမာအား အိပ်ယာခင်းနှင့် အတူ ချီမပြီး ကြမ်းပြင်ပေါ်၌ ချထားလိုက်သည်။ သူ့အပေါ်မှာ ကျွန်မ ကိုယ်လုံးဖြင့် ကာကွယ်ထားပါသည်။ စက်သေနတ်အသံများ ပျောက်သွား၍ ခေါင်းမော့ကြည့်လိုက်သော အခါ အုတ်နံရံတွင် စက်သေနတ် ကျည်ဆံရာများမှာ အင်္ကျီ ချုပ်ရိုးကဲ့သို့ သီတန်း နေသည် ကို တွေ့ရပါသည်။
ကျွန်မ၏ အလိုအလျှောက်ဖြစ်ပေါ်လာသော စိတ်ဖြင့် လူမမာကို အိပ်ယာပေါ်မှ ဖယ်ရှားခြင်းမပြုခဲ့သော် ကျွန်မတို့ ၂ ယောက်စလုံး စက်သေနတ်စာ ဖြစ်သွားဖို့ သေချာပါသည်။
"ငြိမ်ငြိမ်နေ ၊ မလှုပ်နဲ့ " ဟုကျွန်မက လူမမာအား ပြောလိုက်သည်။ ထိုအချိန်က ထိုစကားကိုပြောခဲ့ စေကာမူ ယခု ပြန်လည်စဉ်းစာကြည့်သောအခါ လူမမာသည် လှုပ်ရှားနိုင်သော အခြေနေတွင် မရှိပါ။
ဗုံးကျဲ ချပြီ နာရီ အနည်းငယ်ကြာသည် အထိ ကျွန်မ၏ စိတ်အစဉ်သည် မှုန်ဝါးဝါးဖြစ်နေခဲ့သည်။ ဘာတွေ ဘယ်လိုဖြစ်ကုန်ပြီး ဆိုသည်ကို အစီအရီ တွေးမရခဲ့ပါ။ ကျွန်မနှင့် လက်အောက်ခံ သူနာပြု အဖွဲ့တို့ အနေနှင့်မူ ကမ္ဘာပျက်သလို ဖြစ်ခဲ့ရပါသည်။ ကျွန်မတို့သည် ၉၆ ပါးသော ရောဂါ ဝေဒနာ ရှင်များကို ဆေးကုသပေးနေကြရာမှ လူသားအချင်းချင်း နှိပ်စက်မှုကြောင့်ဖြစ်ပေါ်လာသော ခြေကြိုး ၊ လက်ကြိုးများ ၊ ကျည်ဆန် (သို့) ဗုံးဆန်တို့ြေ့ကာင့်ဖြစ်ပေါ်လာသော ဟောင်းလောင်းပေါက် ဒဏ်ရာများ ၊ သွေးတပေါက်ပေါက်ပန်းထွက်နေသော ဒဏ်ရာများ ၊ ခြေပြတ် လက်ပြတ်များကို ကုသပေးကြရပါတော့သည်။
လေယာဉ်ပျံများက ဗုံးကျဲ ၊ စက်သေနတ်သံများနှင့် ပစ်ခတ်သွားပြီးနောက် မကြာခင်မှာပင် အမြောက်ဆန်များက တောင်ကြီးမြို့ပေါ်သို့ ကျရောက်လာကြပြန်ပါသည်။
တောင်ကြီးမြို့မှာ စစ်ဘက်ရေးရာနှင့်ကြည့်လျှင် အရေးကြီးသော မြို့ မဟုတ်ပါ။ မီးရထားလမ်းဆုံဖြစ်သော ဟဲဟိုးမြို့နှင့် ၂၂ မိုင်ကွာဝေး၍ နွားလည်းနှင့်သွားရပါသည်။ သူမ၏ စိတ်ထဲ၌ လူတွေကို ရက်ရက်စက်စက် သတ်ဖြတ်ပွဲ ကျင်းပနေရော့သလားဟု ယူဆပါသည်။
ယနေသည် တောင်ကြီးမြို့၏ ဈေးနေ့ဖြစ်ပါသည်။ တောင်ကြီးမြို့ပတ်ဝန်းကျင် ကျေးရွားများမှ တောင်သူများသည် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ ၊ ငါးများ၊ ငွေလက်ကောက်များ ၊ ယက်ထည်များကို ဈေးနေ့တွင် မြို့ပေါ်သို့ တက်ရောက်ရောင်းချသော အလေ့အကျင့်မှာ နှစ်ပေါင်းရာနှင့်ချီနေပါပြီ ။ ဒီလိုနေ့ရက်မျိုးကိုမှ ရွေးပြီး ဗုံးကျဲ ၊ စက်သေနတ်နှင့်ပစ်ရသည်ကို အားမရသေးဘဲ အမြောက်နှင့် တ၀ုန်းဝုန်း ထုနေပြန်ပါသည်။
ကျွန်မငယ်စဉ်တော င်ကျေး ကလေး ဘ၀ကပင် တောင်သူများကို သိနေသည်။ သူတို့လောက်ချစ်စရာကောင်းပြီး ကလေးဆန်သော တိုင်းရင်းသားများ မြန်မာနိုင်ငံတွင် မရှိပါ။ တောင်သူများသည် အသောက်အစား ၊ အကစားမရှိ ။ မြန်မာနိုင်ငံကဲ့သို့ ဒမြ မှုများ ပေါများသော နိုင်ငံအတွင်း ၌ လူဖြစ်လာကျစေကာမူ လူသတ်မှု ဆိုသည်ကိုလည်း မသိ ၊ ခိုးမှု ကိုလည်း နားမလည် ကြပါ။ လွတ်လွတ်လပ်လပ် ပျော်ပျော်ရွင်ရွင် နေတတ်သူများ ဖြစ်ပါသည်။
ဈေးရောင်းလာကြသော တောင်သူပျိုဖြူများသည် သူတို့၏ ရုပ်သွင်က ထူးခြား လှပသလို မျိုးရိုးစဉ်လာ အရ အကျီင်္အနက် ၊ စကတ် အနက် တို့နှင့်တွဲဖက်ဆင်ယင် လာသော ခြေကျင်းနှင့် လက်ကောက်များသည် ၄င်းတို့နှင့် တွဲသည်ထားသည့် တချွင်းချွင်း အသံထွက်ပေါ်နေသော ငွေကွင်းကလေးများနှင့် တင့်တယ်လှပနေကြပါသည်။ ရိုးသားပြီး အစွဲအလမ်း ကြီးသူများဖြစ်၍ ငွေကွင်းများသည် သူတို့ကို ဘေးရန်အန္တရာယ်မှ ကာကွယ်ပေးသည်ဟု ယုံကြည်ကြသည်။ ခြောက်ကိုက်မျှ ရှည်လျားသော အနီရင့်ရင့် အ၀တ်ကိုလည်း ခေါင်း၌ ပေါင်းထားကြသည်။
နောက်ကျောတွင် ကလေးများကို အ၀တ်နှင့်ရစ်ပတ်ချီပိုးထားကြသေးသည်။ သူတို့သည်ရောင်းချရန် သယ်ယူလာကြသော ပစ္စည်းများ အနီး၌ ဆောင့်ကြောင့်ထိုင်၍ ဈေးဝယ်လာမည့်သူများကို ငံ့လင့်လျှက် ရှိကြပါသည်။ သူတို့အတွက် သေမင်းတမန်သည် မိုးပေါ်က ကျလာလိမ့်မည်ဟု လုံးဝ မထင်မှတ်ခဲ့ကြပါ။
ထိုအချိန်မှာပင် ကောင်းကင်ယံမှ စက်သေနတ်သံများ ပေါ်ထွက်လာကာ တောင်သူ အမျိုးသမီးများမှာ ရင်ဘတ်တွင် ဒဏ်ရာများ ရရှိပြီး သေဆုံးကုန်ကြရရှာသည်။ ရင်နာစရာ မြင်ကွင်းပင်ဖြစ်ပါသည်။ ကလေးများ၏ သနားဖွယ်ရာ ငိုကျွေးသံ ၊ ဒဏ်ရာရသူများ၏ မချီ မဆန့် ညည်းညူသံနှင့် ဖုန်တထောင်းထောင်း ထနေသော ဈေးဝင်းအတွင်း၌ အနီရောင်ခေါင်းပေါင်းစများက သွေးအိုင်ထဲတွင် စိုနစ်လျက်ရှိပါသည်။ ဗုံးအစနများ မှန်၍ ဒဏ်ရာရနေကြသော ကျွဲ၊ နွားများ ၏ အော်ဟစ်ညည်းညူသံများကလည်း ဆူညံလျက်ရှိပါသည်။
ကလေးအများစုမှာမူ အသက်ရှင်ကျန်ရစ်လျက်ရှိသည်။ သေရအံဆဲဆဲ မိခင်များသည် ကျောတွင် ချီပိုးထားကြသော ကလေးငယ်များကို ကာကွယ်ပေးနိုင်ရန် ကျောကော့ပစ်ကြပါသည်။ မိခင်၏ မေတ္တာသည် သေအံဆဲဆဲပင်တွင် ကြီးမားလှပေသည်။ ကလေးများသည် သူတို့၏ မိခင်များကို ဆုံးရှုံးရသည်သာ မကသေးပါ။ သူတို့၏ အိမ်များ မီးလောင်သွားပြီဖြစ်၍ အိုးမဲ့ အိမ်မဲ့ လည်း ဖြစ်ကုန်ကြရရှာပါပြီ။
ကျွန်မတို့သည် ရန်သူဂျပန်များနှင့် ဤမျှ နီးကပ် နေသည်ကို ၄င်း ရန်သူများသည် ဤမျှ ရက်စက်လိမ့်မည် ဟု၍ ၄င်း မထင်မှတ်ခဲ့ကြပါ။ တောင်ကြီး တစ်မြို့လုံးသည် အမှတ်တမဲ့ ခံလိုက်ရ ခြင်းပင်ဖြစ်သည်။ ယခုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးဖြစ်သော်လည်း ထိုနေ့ ထိုရက်တွင် တခုခုတော့ အလိုလိုဖြစ်လိမ့်မည်ဟု ကျွန်မ၏ စိတ်ထဲ၌ ကြိုတင်သိမြင်သလို ဖြစ်ခဲ့ပါ၏ ၊
ဆက်လက် ကူးယူဖော်ပြအုံးမည်။..................................................

3 comments:
www0514
oakley sunglasses
hermes birkin
uggs outlet
ugg outlet
world cup jerseys
oakley sunglasses
cheap jordans
swarovski outlet
golden state warriors jerseys
coach outlet
qzz0616
james harden jerseys
kd 10 elite
coach factory outlet
real madrid jersey
cavaliers jerseys
lebron james shoes
raptors jerseys
coach canada
true religion jeans
hornets jerseys
www0817
christian louboutin shoes
longchamp outlet
canada goose outlet
reebok
oakley sunglasses
ferragamo outlet
canada goose jackets
kate spade outlet online
jordan shoes
michael kors
Post a Comment