Wednesday, September 5, 2007

(၃)လ ပြည့်တဲ့နေ့

လွန်ခဲ့တဲ့ ၃လ ဒီလို အချိန်မှာပဲ ကျွန်တော်တို့ တတွေ တောင်ကြီးချယ်ရီမြေဆိုတဲ့ Blog ကို စတင်ဖန်တည်း ဖြစ်ခဲ့ပါတယ်..

တောင်ကြီးချယ်ရီမြေ ဘယ်လိုအစပျိုးခဲ့သလဲ ဆိုတာလေး.. ဒီနေ့မှာ အမှတ်တရ ပြောထားခဲ့ပါမယ်.. တကယ်လို့ နောက်နှစ်ပေါင်းများစွာ အထိ ဒီ Blog လေး တည်ရှိနေခဲ့မယ် ဆိုရင်..

တောင်ကြီးမြို့အတွက် Website တစ်ခု လုပ်ကြမယ်လို့ ကျွန်တော်တို့ စပြီးတွေ့စုံ ရင်းနှီးကြကတည်းက အားလုံးမှာ ဆန္ဒလေး ရှိခဲ့ကြပါတယ်.. ဒါပေမဲ့ တကယ်တန်း လုပ်ဖြစ်ဖို့က အကြောင်းအပေါင်း မတိုက်ဆိုင်တာနဲ့ မလှုပ်ရှားဖြစ်ခဲ့ပါဘူး.. ဒါပေမဲ့ တစ်နေ့ မြန်မာ Blog တွေကို ကျွန်တော်တွေ့ဖြစ်ခဲ့ပြီး.. တောင်ကြီးအတွက် Blogspot မှာပဲ Blog တစ်ခု လုပ်ရင်ကောင်းမယ်လို့ အကြံပေါ်ခဲ့ပါတယ်.. ကျွန်တော့် အနေနဲ့ Blog ဆိုတာကို အရင်က ကြားပဲ ကြားဖူးခဲ့တာပါ.. မြန်မာလို Blog တွေ ရှိမှန်းလဲ မသိခဲ့ပါဘူး.. ကျန်တဲ့ Senior တွေကတော့ ကျွန်တော့်ထက် အရင်သိထားခဲ့ကြ၊ Blog တွေ ဖတ်ဖြစ်ခဲ့ကြပါတယ်.. ဒါပေမဲ့လဲ ကိုယ့်အလုပ်နဲ့ ကိုယ်ဆိုတော့ သူတို့လဲ တောင်ကြီးမြို့အတွက် Blog တစ်ခုလုပ်ဖို့ မစဉ်းစားခဲ့ကြဘူးနဲ့ တူပါတယ်..

အဲ့ဒီမှာပဲ တောင်ကြီးမြို့ အတွက် Blog တစ်ခုလုပ်ဖို့နဲ့၊ အားလုံးကိုလဲ ၀ိုင်းကူကြဖို့ တိုက်တွန်းရင်း.. ဇွန်လ ၃ရက်နေ့၊ ဒီလို အချိန်မှာ ကျွန်တော် Blog Registeration စလုပ်ခဲ့ပါတယ်.. ပထမ Taunggyi.blogspot.com ကို ယူမယ်ဆိုပြီး လုပ်ကြည့်တယ်.. ဒါပေမဲ့ သူများဦးထားလို့ တစ်ခြား ဘာနာမည် ပေးရင်ကောင်းမလဲဆိုပြီး.. ကျွန်တော်နဲ့ ကိုအောင်မိန်းတို့ Gtalk ကနေပြီး.. ဆွေးနွေးတိုင်ပင် ကြည့်ကြတယ်.. တောင်ကြီးအတွက် Blog နာမည်ရှာရင်း taunggyitimes.blogspot.com ဆိုတာကိုတွေ့ခဲ့တယ်.. အဲ့ဒီ Blog က ပအိုဝ်း လူငယ်တွေက လုပ်ထားတာလို့ သိရတော့ ကျွန်တော်က တောင်ကြီးသား ရှမ်းကြီးကို စလိုက်သေးတယ်.. ပအိုဝ်းတွေတောင် ကျွန်တော်တို့ထက် ခြေလှမ်းသွက်တယ်လို့.. တောင်ကြီးသားတွေ ကျန်ခဲ့ပြီလို့ပေါ့..

သူတို့ blog က အရင်က English Version နဲ့ Political အကြောင်းတွေ ရေးထားတာတွေ့တယ်.. ၂၀၀၆ နိုဝင်ဘာလောက် ကတည်းက စပြီးလုပ်ထားတာတွေ့တယ်.. နောက် အဲ့ဒီ eng version blog ကို ရပ်ပြီး... Myanmar Version နဲ့ အသစ် မေလလောက်က ပြန်လုပ်ထားတာမှန်း သိခဲ့ရတယ်.. အစတုန်းကတော့ Political မပါတဲ့ Local Based Blog တစ်ခုလို့ ထင်မိတာပေါ့လေ.. နောက်တော့မှပဲ.. အကြောင်းအရင်းတွေ တိတိပပ သိခဲ့ရတော့တယ်... ထားပါတော့..

အဲ့ဒီမှာပဲ နာမည်ရွေးနေရင်း.. ပထမ taunggyimirror ဆိုတဲ့ နာမည်.. ဒုတိယ taunggyinews.. နောက် taunggyicherry (တောင်ကြီးချယ်ရီ)ဆိုပြီး ကိုအောင်မိန်းက အကြံပေးတော့ ကျွန်တော်ရောသူရော သဘောကြသွားတယ်.. နာမည်လှလှလေးပဲဆိုပြီးတော့ပေါ့လေ.. အဲ့ဒါနဲ့ Blogspot မှာ ရှာတော့လဲ လွတ်နေတာနဲ့ အဲ့ဒီ နာမည်ကိုယူပြီး Register လုပ်ပစ်လိုက်ပါတယ်.. ဒါပေမဲ့ ဘာဖြစ်သွားလဲဆိုတော့ ကျွန်တော့ Mail နဲ့ Register လုပ်မိလျက်သား ဖြစ်သွားတယ်.. အဲ့ဒါကတော့ သိပ်မကောင်းဘူး.. လုပ်မဲ့လုပ် သူ့ဘာသာသူ သီးခြား ရပ်တည်တာ ကောင်းမယ်ဆိုပြီးတော့.. Mail ကအစ အသစ်ပြန်လုပ်ဖို့ စဉ်းစားမိပြီး.. အသစ်ပြန်လုပ်လိုက် ပါတယ်... အဲ့ဒီမှာတော့ နဲနဲလေး ပိုခေါ်လို့ကောင်းအောင်.. ပိုပြီးတော့လဲ တောင်ကြီးမြို့နဲ့ လိုက်ဖက်အောင် ဆိုပြီးတော့.. တောင်ကြီးချယ်ရီမြေဆိုပြီး.. မြေ ထပ်ထည့်လိုက်ပါတယ်.. အဲ့ဒီမှာပဲ taunggyicherryland.blogspot.com ဆိုတဲ့ Blog လေး စတင် ပေါ်ပေါက်ခဲ့ပါတယ်..

အစကတော့ Senior တွေ မအားတာနဲ့ပဲ ကျွန်တော် မတောက်တခေါက်နဲ့ သူများ လုပ်ထားတဲ့ Blog တွေလိုက်ကြည့်လိုက်.. တောင်ကြီးချယ်ရီမြေမှာ လိုတာလေးတွေ လိုက်ရှာထည့်လိုက်နဲ့ ကျိုးစားပမ်းစား လုပ်ဖြစ်ခဲ့ပါတယ်.. နောက်တော့ Invite လိုက်လုပ်တယ်.. ကျွန်တော်တို့ အဖွဲ့သားတွေက စပြီး Author တဲ့ ထည့်တယ်.. ကိုအောင်မိန်း၊ ကိုကျော်စွာ၊ ကိုဇေယျာ၊ ကိုမျိုး ပြီးတော့ ကျွန်တော်ပေါ့.. နောက်ပြီး မနိုင်းနိုင်းစနေကို သီးသန့် Invite သွားလုပ်တယ်.. သူက ရှမ်းပြည်ကလို့ သူ့ Blog မှာ ရေးထားတာတွေ တွေ့တာနဲ့ အားတက်သရော Invite လုပ်လိုက်ပါတယ်.. အစကတော့ သူလဲ မလာသေးဘူး.. ဘာမှန်းမသိသေးလို့နဲ့ တူပါတယ်.. ဒုတိယ အကြိမ် Invite လုပ်မှပဲ Author အဖြစ် ပါဝင်လာခဲ့ပါတယ်..

ကျွှန်တော်တို့ Blog ကလဲ အစကတည်းက အားလုံးပေါင်းပြီးလုပ်မယ်လို့ ရည်ရွယ်ပြီးသားမို့ တက်နိုင်သမျှ တောင်ကြီးနဲ့ ရှမ်းပြည်နဲ့ ပတ်သတ်တဲ့ Senior Blogger တွေကို လိုက်ဖိတ်ဖြစ်ခဲ့တယ်.. MaThinZar နဲ့ တစ်ခြား Blogger တွေကတော့ ကိုကျော်စွာ ဆီက သတင်းရပြီး လာကြည့်ကြတယ်.. သူလဲ Author ဖြစ်သွားပါတယ်.. အဲ့ဒီနောက်မှာပဲ Seinor Blogger ကြီးတွေရဲ့ ကြော်ငြာပေးမှုနဲ့ တောင်ကြီးချယ်ရီမြေကို လူသိများလာခဲ့ပါတယ်.. ၀င်ရေးမယ်လို့ ပြောကြတဲ့ သူတွေနဲ့ email ပို့ပြီး Post တွေ တင်ခိုင်းတဲ့ သူတွေနဲ့ Blog က အတော်လေးကို စည်စည်ကားကား ဖြစ်ခဲ့ပါတယ်.. ကျွန်တော်တို့လဲ အရမ်းပဲ ပျော်ခဲ့ကြပါတယ်.. ကိုယ်ဖန်တီးပေးခဲ့တာလေးကို အများက လက်ခံအားပေးတာ ခံရတာလောက် ပျော်စရာကောင်းတာ မရှိပါဘူး.. အဲ့ဒီမှာပဲ ကျွန်တော်လဲ Blog စွဲပြီး.. တက်နိုင်သမျှ အချက်အလက်တွေ လိုက်ရှာ.. ဓာတ်ပုံတွေ လိုက်ရိုက်နဲ့ ကျန်တဲ့ ကိုယ်ပိုင် လုပ်စရာတွေကို မေ့ဖြောက်ထားခဲ့ပါတယ်...

တစ်ဖြည်းဖြည်းနဲ့လဲ Autors အင်အားတောင့်လာခဲ့ပြီး မရန်ကုန်သူ၊ မအေးမိစံ၊ ကိုနေလင်း၊ ကိုလွင်မိုး၊ MaDesertMoon အများကြီးပဲ ပါဝင်လာကြပါတယ်.. မထင်မှတ်စရာကောင်းလောက်အောင် တောင်ကြီးသူ၊ တောင်ကြီးသားတွေရဲ့ ပူးပေါင်းပါဝင်မှုကို ရခဲ့ပါတယ်.. Blog လေးလဲ မြိုင်မြိုင်ဆိုင်ဆိုင်၊ ပြည့်ပြည့်စုံစုံ ဖြစ်လာခဲ့ပါတယ်.. မြန်မာ Font အဆင်မပြေဘူးလို့ ပြောတဲ့သူတွေ ပြောတာနဲ့ ရအောင် eot တွေလုပ်ကြည့် Font တွေ ပြောင်းကြည့်နဲ့ နောက်တော့ အဆင်ပြေသွားပါတယ်..

အဲ့ဒီမှာပဲ တစ်လပြည့်ခဲ့ပါတယ်.. Graphic Design တွေ ရတဲ့ ကိုချမ်းကလဲ တောင်ကြီးချယ်ရီမြေ အတွက် Banner တွေ ပုံလေးတွေ ဆွဲပေးတာနဲ့ Theme ပြောင်းဖို့ ပြောတဲ့ သူတွေအတွက် Banner လေး ကိုကျော်စွာတို့က ပြောင်းပေးခဲ့ပါတယ်.. ကျွန်တော်လဲ အပြင်ကို ၂ပါတ်လောက် ခရီးသွားဖြစ်တာနဲ့ Blog ကို လွဲပေးထားခဲ့လိုက်တယ်.. အဲ့ဒီ အချိန်မှာ ကိုကျော်စွာကပဲ အက်တမင်လုပ်ပြီး.. Post တွေ တင်ပေးပါတယ်.. ကျွန်တော်ကတော့ အပြင်ရောက်နေတာတောင် နေ့တိုင်းနီးပါး ၀င်ကြည့်ြ့ဖစ်တယ်.. တစ်နေ့ကြည့်မယ်ဆိုရင် Font ကို အရင် DL လုပ်ရတယ်.. တစ်နေ့ Computer တစ်လုံးဆိုတော့ Internet Cafe က စက်တွေမှာ မြန်မာ Font တော်တော်များများ တင်ပြီးသားဖြစ်သွားတယ်.. အပြင်မှာရောက်နေရင်းနဲ့ Player ကို သီချင်းတွေရှာပြီး ထည့်ပေးဖြစ်ခဲ့သေးတယ်.. အဲ့ဒီတုန်းက ထည့်ပေးဖြစ်ခဲ့တာ.. အပုဒ် ၃၀ ကျော်မယ်နဲ့တူတယ်..

နောက်တောင်ကြီးကို ပြန်ရောက်တော့ နေရာပေါင်းစုံသွားပြီး ဓာတ်ပုံတွေ လိုက်ရိုက်တယ်.. Post တွေကိုလဲ တစ်နေ့ တစ်ခုလောက် တက်နိုင်အောင် ကျိုးပမ်းခဲ့ပါတယ်.. ဒါပေမဲ့ အဲ့ဒီမှာပဲ Personal တွေ စိတ်မ၀င်စားဘူးလို့ ပြောတဲ့ သူတစ်ယောက်နဲ့၊ နောက်ပြီး Post တွေ သိပ်မတက်တာ တွေ့တာနဲ့ ကျွန်တော် စကားတွေ ပြောဖြစ်ခဲ့တယ်.. တကယ်တော့ ကျွန်တော်က ဒီ Blog လေးကို အများကြီး မျော်မှန်းခဲ့တာပါ.. အဲ့ဒါကြောင့် ကျွန်တော် မရှိရင် Blog ရပ်တန့်သွားမှာ စိုးရိမ်ပြီး စကားတွေ အများကြီးပဲ ပြောမိခဲ့တာ.. အဲ့ဒီလိုပြောလို့ လူမုန်းလဲ ခံခဲ့ရပါတယ်.. ကျွန်တော့်ကိုလဲ တော်တော်လေး ပြန်ပြောတဲ့ စကားတွေ ကြားခဲ့ရပါတယ်.. ဒါနဲ့ပဲ Blog မှာ ဆက်မရေးတော့ ဘူးကွာလို့ စိတ်ဆိုးပြီး ထွက်သွားဖို့ ဆုံးဖြတ်ခဲ့သေးတယ်.. ဒါပေမဲ့လဲ ကိုယ်တိုင် ဖန်တီးတာခဲ့တာလေးကို စိတ်ထဲမှာ မေ့ဖြောက်လို့ မဖြစ်နိုင်ဘူးလေ.. နေ့တိုင်းနည်းပါး ၀င်ကြည့်ဖြစ်တယ်.. နောက် စိတ်ကလဲ မပြတ်သေးတာနဲ့ Player မှာ DJ လုပ်ပြီး သီချင်း အသစ်တွေ ထည့်ပေးဖြစ်ခဲ့ပါတယ်.. Post တော့ မရေးဖြစ်ခဲ့ဘူး.. နောက်တော့လဲ အရင်လိုပဲ ပြန်ပြီး Post တွေ ပြန်ရေးဖြစ်ခဲ့ပါတယ်.. အဲ့ဒီမှာပဲ Post 100 ပြည့်ပြီး.. ၂လရောက်ခဲ့ပါတယ်..

၂လပြည့်တဲ့ နေ့လေးက တော်တော်လေး ပျော်ဖို့ ကောင်းပါတယ်.. ကိုနေလင်းက 100 မြောက် Post တင်ပြီး.. ကျွန်တော်တို့ တစ်တွေလဲ Dinner လေးလုပ်ဖြစ်ခဲ့ပါတယ်.. အဲ့ဒီအချိန်အထိ ကျွန်တော်တို့ ပူးပေါင်းဖန်တီးထားတဲ့ တောင်ကြီးချယ်ရီမြေလေးဟာ လုပ်လုပ်ရှားရှား ရှင်ရှင်သန်သန်လေး ဖြစ်ခဲ့ပါတယ်.. ကျွန်တော်တို့ တစ်တွေလဲ အားရကျေနပ်ခဲ့ကြပါတယ်.. Author ကလဲ ၂၀ ပြည့်ခဲ့ပြီလေ.. အတန်အသင့် ခရီးရောက်ခဲ့ပြီလို့ ကျွန်တော်တို့တွေ ၀မ်းမြောက်ခဲ့ကြပါတယ်..

နောက်တော့ taunggyicherryland.com ဆိုတဲ့ Domain ကို ကိုကျော်စွာနဲ့ သူငယ်ချင်းတွေ ပေါင်းပြီး ၀ယ်ဖြစ်ခဲ့တယ်.. အဲ့ဒီမှာပဲ blog ကို သွားပေါင်းဖြစ်ခဲ့တယ်.. blog.taunggyicherryland.com ဆိုပြီး ဖြစ်လာခဲ့ပါတယ်.. အဲ့ဒါနဲ့ တပြိုင်တည်းပဲ user@taunggyicherryland.com mail ကို ပေးနိုင်ခဲ့တယ်.. နောက်တော့ Forum လုပ်နိုင်ခဲ့ပြီး တော်တော်လေး နယ်မြေကျယ်လာခဲ့ပါတယ်.. website ကလဲ Senior တွေ ၀ိုင်းပြီးရေးနေကြတယ်လေ.. ကျွှန်တော်တို့ မျှော်မှန်းထားတဲ့ တောင်ကြီးမြို့အတွက် website တစ်ခုရယ် Blogရယ်၊ Mailရယ်၊ Forumရယ်တွေနဲ့ တောင်ကြီးမြို့လေး တတိယလှိုင်းနဲ့ အမှီ ခေတ်မီနိုင်တော့မယ်လို့ တွေးရင်း ဘာမဆိုင် ညာမဆိုင်နဲ့ ကျွန်တော် တော်တော်လေး ပီတိဖြစ်ခဲ့ပါတယ်.. တောင်ကြီးသူ၊ တောင်ကြီးသားတွေလဲ အလားတူ ခံစားရလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်..

နောက်တော့ ကျွန်တော် အက်တမင်လုပ်လာတာကနေ တောင်ကြီးသားတွေကို လွဲပေးဖို့ ဆုံးဖြတ်ပြီး ပေးခဲ့ပါတယ်.. ကျွန်တော်လဲ လုပ်စရာရှိတဲ့ Assignment တွေ မေ့ထားပစ်ခဲ့တာ ကြာပြီဆိုတော့ အဲ့ဒီဘက်ပြန်လှည့်နိုင်အောင်၊ လုံးဝတစ်ယောက်ယောက် လွဲယူမှ ဖြစ်မယ်ဆိုပြီး လွဲပေးခဲ့ပါသေးတယ်.. ဒါပေမဲ့ ပထမ တစ်ယောက်က မအားလို့လားမသိဘူး.. မလုပ်နိုင်ခဲ့ဘူး.. အဲ့ဒီ အတောအတွင်း ကျွန်တော်လဲ .com ဆိုတဲ့ Domain နဲ့ အညီ Theme ပြောင်းမှသင့်မယ်လို့ ဆုံးဖြတ်ပြီး.. Green Cherry Theme ကို နောက်ဆုံး အနေနဲ့ ပြောင်းပေးခဲ့ပါတယ်.. အဲ့ဒီမှာပဲ တစ်ချို့ addin တွေ ဖြုတ်ပစ်ခဲ့ရပါတယ်.. အနည်းငယ်ပြင်ဆင်မှု လုပ်ပြီး Blog ကို ပြန်ဖွင့်ပေးလိုက်တဲ့ အချိန်မှာတော့ နည်းနည်း စိမ်းသွားတယ်လို့ ပြောတဲ့ အသံတွေ ကြားခဲ့ရပါတယ်.. ကျွန်တော်လဲ ဒုတိယ အကြိမ် ကြေငြာပြီး Admin လွဲပေးထားခဲ့လိုက်ပါတယ်.. အဲ့ဒါနဲ့ တချိန်ထည်းမှာပဲ Author တွေ ငြိမ်ကြသွားပါတယ်.. Post တွေလဲ သိပ်မတက်လာကြတော့ပါဘူး.. ဘာဖြစ်လို့လဲတော့ ကျွန်တော်လဲ မသိဘူး..

အဲ့ဒီလိုနဲ့ အခု ၃လပြည့်တဲ့ နေ့ ကို ရောက်လာပါတယ်.. အခုတော့ ဘယ်သူမှ သိပ်ပေါ်မလာကြတော့ပါဘူး.. တစ်နေ့ တစ်နေ့ Post တွေ တက်တာလဲ မတွေ့ရတော့ပါဘူး.. ကျွန်တော်ကတော့ တောင်ကြီးချယ်ရီမြေအတွက် Data တွေဆုဆောင်းထားလို့ တင်မယ်ဆိုရင် ၂ပတ်စာလောက် တင်စရာတွေ ရှိတာနဲ့ တစ်နေ့ တစ်ခု ပုံမှန်လေး တက်နိုင်သလောက် တင်ပေးခဲ့ပါတယ်.. ၇ရက်လောက် ဆွဲခေါ်ပြီး စောင့်ကြည့်ပေမဲ့လဲ Post အသစ်တွေ တက်လာတာ မတွေ့၊ Comment နဲ့ cbox မှာလဲ ဘာသံမှ မကြားရတော့ စိတ်မကောင်းဖြစ်မိတာတော့ အမှန်ပဲ.. အဲ့ဒီလိုသာ ဆက်သွားနေရင်တော့ ဒီ Blog ကို ရှေ့ဆက်သင့်သေးလား ရပ်ဆိုင်းရတော့မလားဆိုတာ စဉ်းစားလာရတော့မယ်လို့ ကျွန်တော်တွေးမိလာပါတယ်.. ဘာမှ တိုးတက်မှုမရှိဘဲ ရပ်တန့်သွားတာထက်စာရင် လုံးဝအဆုံးသတ်လိုက်တာ ပိုကောင်းမယ်လို့ ဒီရက်ပိုင်းအတွင်း စဉ်းစားနေမိပါတယ်.. ကျွန်တော်တို့ ဘာတွေများ လိုအပ်လို့လဲလို့ တွေးမိပါတယ်.. အရင်က အထိုက် အလျှောက် အောင်မြင်ပါတယ်လို့ ပြောခဲ့တဲ့ စကားက အခုအချိန် မှန်နေလား၊ မှားနေလားဆိုတာ ဝေခွဲလို့ မရတော့ပါဘူး..

ဘယ်လိုပဲရှိရှိ ဒီ ၃လ ပြည့်သွားတဲ့ အချိန်မှာတော့ ပထမ (၂)လတုန်းကလို့ ပျော်ရွင်သက်ဝင်မှုတွေ ရှိမနေတာတော့ သေချာပါတယ်.. ရှေ့ကိုဘယ်လို ခရီးဆက်ရမလဲဆိုတာ ကျွန်တော်လဲ မသိတက်နိုင်အောင် ပါပဲ... တောင်ကြီးမြို့ အတွက် ဒီBlog လေး ရှိနေစေချင်ပါတယ်..

ဒါပေမဲ့လဲ ကျွန်တော့် ခေါင်းထဲမှာ တွေးနေမိတာကတော့ ဒီနေ့ဟာ တောင်ကြီးချယ်ရီမြေ အတွက် (၃)လပြည့်တဲ့နေ့လား ဒါမှမဟုတ်... ?

13 comments:

Khin Mi Mi San said...

ဘာတွေဘယ်လိုတွေဖြစ်ကုန်ကြတာလဲ။ ကြားရတာစိတ်မကောင်းဘူး။ ဆက်လုပ်ကြစေချင်ပါတယ်။

Unknown said...

ကိုရဲမြန်မာရေ
ကျမအနှစ်သက်ဆုံးဒီBlogလေးကိုမဖြုတ်လိုက်ပါနဲ့။
တောင်ကြီးချယ်ရီမြေဘလောက်ထာဝရခိုင်မြဲပါစေ။
ဓါတ်ပုံတွေလဲတင်ပါအုံး။

နေလင်း said...

ကိုရဲမြန်မာရေ...ကျွန်တော်လည်းေ၇းချင်နေတာပါ..ေ၇းလည်းရေးအုံးမှာပါ..အရင်လိုတော့ အချိန်မပေးနိုင်တော့တာအမှန်ပါ...ဒါပေမယ့် ရတဲ့အချိန်လေးကို
လုပြီးရေးမှာပါ..တောင်ကြီးချယ်ရီဟာ ချယ်ရီကိုချစ်တဲ့သူတွေနဲ့ ရှင်သန်နေမှာပါ..စိတ်အရမ်းမပူပါနဲ့ဗျာ

AZYL said...

ကိုရဲမြန်မာရေ...
အလုပ်တွေရှုပ်နေလို့ Internet မသုံးနိုင်ဘူး...
ဒီနေ့မှ ကြည့်မိတယ်...
လူတွေစိတ်မပါလို့တော့မဟုတ်လောက်ပါဘူး...
အလုပ်ရှုပ်နေကြတာရယ်၊ post အသစ်တင်ဖို့ ကုန်ကြမ်းမရှိသေးတာရယ်ဖြစ်နိုင်ပါတယ်...
ကျွန်တော့ post လဲ ကိုချမ်းကိုပေးခဲ့တာ တော်တော်ကြာပါပြီ... သူမအားလို့မတင်နိုင်ဘူးထင်ပါတယ်... တောင်ကြီးချယ်ရီမြေကို အမြဲတမ်း ရှိစေချင်ပါတယ်... ခဏတာနဲ့မဆုံးဖြတ်ပါနဲ့...
Author တွေလဲ အချိန်ရရင်တင်ကြမှာပါ...

Anonymous said...

ဆက်လက်ရှိနေစေချင်ပါတယ်။

Unknown said...

michael kors factory online
chanel outlet store
longchamp handbags outlet
ferragamo outlet
oklahoma city thunder
true religion outlet
pittsburgh steelers
atlanta falcons
pandora outlet
ugg boots
cyber monday deals
prada outlet
michael kors online outlet
oakley sunglasses
lacoste pas cher
michael kors handbags wholesale
mizuno running shoes
oakley sunglasses
chanel handbags outlet
1112minko

Unknown said...

ray ban sunglasses outlet
michael kors outlet
coach factory outlet
ralph lauren sale
louis vuitton outlet
ray ban sunglasses
coach factory outlet
asics shoes
coach outlet
ray ban wayfarer
louis vuitton handbags
michael kors outlet
tory burch outlet
coach factory outlet
michael kors outlet
adidas outlet store
gucci
toms shoes
prada uk
michael kors outlet
louis vuitton outlet
replica watches
michael kors outlet
rolex watches
kate spade handbags
tory burch sale
kate spade
oakley sunglasses wholesale
ray ban sunglasses outlet
michael kors purses
tods shoes
supra shoes
coach outlet
cheap toms shoes
oakley sunglasses
louis vuitton outlet
toms shoes
marc jacobs
louis vuitton outlet
louis vuitton
20164.8wengdongdong

chenmeinv0 said...

replica watches
nike outlet
cheap ray bans
timberland outlet
adidas yeezy boost 350
ray ban outlet
the north face outlet
louis vuitton outlet online
ralph lauren polo shirts
ray ban sunglasses outlet
2017.1.22xukaimin

Unknown said...

cheap nfl jerseys wholesale
dolce and gabbana
mont blanc pens
asics shoes
fitflops
michael kors handbags
michael kors outlet
atlanta falcons jersey
chargers jerseys
skechers outlet

Unknown said...

kate spade uk
michael kors outlet
michael kors outlet clearance
coach outlet online
cheap oakley sunglasses
christian louboutin sale
coach outlet
longchamp outlet online
foamposite shoes
michael kors outlet
chanyuan2017.05.27

Unknown said...

kate spade uk
michael kors outlet
michael kors outlet clearance
coach outlet online
cheap oakley sunglasses
christian louboutin sale
coach outlet
longchamp outlet online
foamposite shoes
michael kors outlet
chanyuan2017.05.27

Unknown said...

canada goose
ugg
birkenstock outlet
birkenstock shoes
polo ralph lauren
canada goose outlet online
supreme shirts
pandora charms outlet
gucci outlet online
kate spade handbags
mt1214

Unknown said...

kobe basketball shoes
nike shox outlet
michael kors handbags
red bottom shoes
nike air presto
nike prestos
pandora bracelet
nike flyknit
zx flux
bape hoodie