Saturday, September 8, 2007

အမြဲတမ်းအတွက်

တောင်ကြီးချယ်ရီမြေ (၃) လ ပြည့်တဲ့အချိန်မှာ အေးစက်သလိုဖြစ်နေလို့ စိတ်ပျက်နေကြောင်း ကိုရဲမြန်မာ ရဲ့ Post ကို ဖတ်ရတော့ စိတ်မကောင်းဖြစ်မိသလို ကျွန်တော်တွေးမိတာလေးတွေလဲ နည်းနည်းပြောချင်ပါတယ်...
တောင်ကြီးချယ်ရီမြေ စတင်ချိန်ကစလို့ တောင်ကြီးမှာရှိတဲ့သူတွေရော၊ အဝေးရောက်နေသူတွေရော ကိုယ့်မြို့ ကိုယ့်ဒေသအကြောင်း ဗဟုသုတရော၊ အမှတ်တရရော၊ ထွေရာလေးပါးရော ပြောစရာ၊ ဆုံတွေ့စရာ နေရာလေးတစ်ခု ဖြစ်လာခဲ့တာအားလုံးအသိပါ...
အဝေးရောက်နေသူတွေရဲ့ ခံစားချက်နဲ့ အမှတ်တရလေးတွေကို ဒီမှာရှိတဲ့သူတွေ သိခွင့်ရသလို တောင်ကြီးက latest update ဖြစ်တဲ့အကြောင်းတွေလဲ အဝေးရောက်သူတွေ အလွမ်းပြေသိခွင့်၊ ကြည့်ခွင့်ရအောင် ဖေါ်ပြပေးနိုင်ခဲ့ပါတယ်...
အစပိုင်းမှာတော့ အားလုံးက ကိုယ်သိတာလေးတွေ၊ တင်ပြချင်တာလေးတွေ ၀ိုင်းရေးကြတော့ post တွေ အများကြီးတက်တာပေါ့... နောက်တော့လဲ ကိုယ့်အလုပ်နဲ့ကိုယ် မအားကြတဲ့သူတွေများတာမို့ ကြာကြာမှတစ်ခါ post အသစ်တင်နိုင်ကြတော့တာထင်ပါတယ်...
ကိုရဲမြန်မာကတော့ ဒီ blog လေးကို အရမ်းမျှော်လင့်အားထားသူမို့ သူ့ကိုယ်ပိုင် blog ကိုတောင် ပစ်ထားပြီး တောင်ကြီးချယ်ရီကိုပဲ ဦးစားပေးခဲ့တာ ကျွန်တော်တို့ အသိပါ... ကျွန်တော်ဆိုရင်လဲ blog ဆိုတာ ဘာမှန်းမသိရာကနေ ကိုရဲမြန်မာတို့၊ ကိုကျော်စွာတို့၊ ကိုအောင်မိန်းတို့ရဲ့ တက်ကြွမှုတွေ ဓါတ်ကူးပြီး blog ၀ါသနာပါလာခဲ့တာပါပဲ...
ဒါပေမဲ့ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေတာမို့ post တွေအများကြီး မတင်နိုင်ပါဘူး... Post တစ်ခု ဖြစ်လာဖို့တော်တော်လုံးပမ်းရပါတယ်...
သူများတွေ ပြောကြဆိုကြတာကိုပဲ အားပေးရင်းနဲ့ မုဒိတာပွားရပါတယ်...
တောင်ကြီးချယ်ရီမှာ post အမြဲမတင်နိုင်ပေမဲ့ စိတ်ထဲမှာတော့ အမြဲအားပေးနေတာပါ...
Post မတင်နိုင်တဲ့ တခြား Author တွေလဲ ဒီလိုပဲရှိလိမ့်မယ်ထင်ပါတယ်...
တောင်ကြီးချယ်ရီမြေကို ဒီလောက်ထိဝိုင်းဝန်းလာကြပြီးတော့မှ မပျက်စီးစေချင်ပါဘူး... ထာဝစဉ်တည်တံ့စေချင်ပါတယ်...
အားလုံးကလဲ ဒီသဘောအတိုင်း ရှိမယ်ထင်ပါတယ်...
ကိုရဲမြန်မာကို စိတ်မပျက်ဖို့ ပြောချင်သလို Author တွေအားလုံးကိုလဲ အချိန်ရရင်ရသလို post လေးတွေတင်ကြဖို့ တိုက်တွန်းချင်ပါတယ်...
တောင်ကြီးချယ်ရီအတွက် . . . အားလုံးအတွက် . . . အမြဲတမ်းအတွက်ပါ . . .

No comments: