Sunday, December 2, 2007

ပွဲတော်

အမှောင်သည်းလေ အအေးကဲလေ
အအေးကဲလေ အမှောင်သည်းလေ။
အိုးစည်တီးလို့ ခေါင်ရည်သောက်
ခေါင်ရည်တီးလို့ အိုးစည်သောက်။
လူနောက်လိုက်တဲ့ မီးရှူးတွေနဲ့
မီးရှူးနောက်လိုက်တဲ့ လူတွေနဲ့
ဖွာခနဲ...........
ကောင်းကင်ယံမှာ
အလင်းဖဲကြိုးနဲ့ ပအိုဝ့်မလေး ပါးရဲရဲ
ဒီဓလေ့နဲ့ ညကွင်းပြင်ထဲ
ဝတ်စုံတွေ အသံကွဲပေမယ့်
ဘာသာစကားချင်း တူညီပျံဝဲကြ။
တောင်ပေါ်သားတွေ
မြေပေါ်မှာ ချယ်ရီနေကြာနဲ့
ကောင်းကင်မှာလည်း
အလင်းပွင့်တွေ လှေကားထစ်စိုက်ပျိုးတတ်ကြ။ ။

မောင်ယုပိုင်
၂၀၀၂ ၊အောက်တိုဘာ ၊Beauty

1 comment:

samaher said...
This comment has been removed by the author.