Sunday, December 30, 2007

မုန်ညင်းပေါင်း

ညီမ ဒီနေ့ ဗိုလ်ချုပ်ဈေး နှစ်ကူးဈေးပွဲတော်လုပ်တယ်ဆိုလို့ သွားလည်ဖြစ်တယ်လေ
ပွဲဈေးကိုပတ်လိုက်တာ ဘယ်လောက်ကြာသွားတယ်မသိဘူး...
ခြေထောက်တွေလည်းညောင်း... ဗိုက်ကလည်းဆာလာတာနဲ့...
စားသောက်ဆိုင်ဖက်ကို ခြေဦးလှည့်မိသွားတယ်လေ...
စားသောက်ဆိုင်တန်းရောက်တော့လည်း လူတွေကမနည်းဘူး...
ထိုင်စရာတောင်နေရာမရှိလို့ ပြန်ထွက်လာခဲ့ရတယ်လေ..
စားကောင်းမယ့်ဆိုင်လေးများတွေ့ရင် ၀င်စားမယ်ဆိုတဲ့အသိနဲ့..
ဈေးထဲကို ဆက်ပြီး လျှောက်သွားနေမိတယ်...
ဒီလိုပဲ ဆက်ပြီး ပွဲဈေးကို လျှောက်ပတ်မိနေရင်းက..
တနေရာရောက်တော့ ရှမ်းရိုးရာစားသောက်ဆိုင်လေးတစ်ဆိုင်ကိုတွေ့သွားတယ်..
ဆိုင်ကတော့ ဈေးရုံတွေကြားထဲမှာဖွင့်ထားတာပါ...
သေးသေးလေးပါပဲ..
ဈေးရောင်းသူ အစ်မတစ်ယောက်ထဲ...
စားပွဲနှစ်လုံး... ထိုင်ခုံလေးငါးခြောက်ခုံလေးနဲ့ ရောင်းနေတာပါ..
စားတဲ့သူ တစ်ယောက်နှစ်ယောက်တော့ ရှိနေတယ်...
ညီမလည်း အစ်မရေးထားတဲ့ menuဆိုင်းဘုတ်ကို ကြည့်လိုက်တော့
ရှမ်းအစားအစာတွေ မြင်တာနဲ့ ၀င်ထိုင်မိလိုက်တာပေါ့..
အစားအစာမှာမယ်ဆိုပြီး ဆိုင်းဘုတ်ကို သေချာကြည့်မိတော့မှ..
ဆိုင်ရှင်အစ်မ ရေးထားတဲ့ အစားအစားထဲမှာ
ညီမမသိတဲ့ အစားအစာတစ်ခုကို သွားတွေ့တယ်..
"မုန်ညင်းပေါင်း"တဲ့လေ...
ညီမတစ်ခါမှ မကြားဖူးဘူး..
ဆိုင်ရှင်အစ်မကိုမေးကြည့်တော့.. ဟင်းထုပ်လိုပဲ..ဆန်မှုန့်နဲ့ပေါင်းထားတာပါတဲ့...
အတူပါလာတဲ့သူငယ်ချင်းကတောင်
မုန်ညင်းပေါင်းကိုမသိရကောင်းလားလို့ ညီမကို ငေါက်လိုက်သေးတယ်..
သူငယ်ချင်းကတော့ တောင်ကြီးဈေးထဲမှာတောင် ရောင်းသေးတယ်လို့ပြောတယ်
ညီမတကယ်ကို မသိတာပါ..
ခုမှကြားဖူးတာ..မြင်ဖူးတာ...
မှာပြီးစားကြည့်တော့...တော်တော်တော့စားလို့ကောင်းတယ်...
တောင်ကြီးက မုန်ညင်းပေါင်းကတော့ ဘယ်လိုနေမယ်မသိဘူး...
ခုဈေးပွဲတော်မှာ စားခဲ့ရတဲ့ မုန်ညင်းပေါင်းကိုတော့ ညီမတော်တော်ကိုသဘောကျသွားတယ်
မုန်ညင်းအမျိုးအစားကိုတော့ သေချာမပြောတတ်ဘူး...
စားလိုက်ရင် နည်းနည်းတော့ ခါးသက်သက်အရသာ ခံစားရတယ်...
ညီမ စိတ်ထဲမှာတော့ ဟင်းထုပ်ထက်ကို ပိုပြီး ခံတွင်းတွေ့မိတယ်လေ..
မုန်ညင်းကို ဆန်မှုန့်နဲ့ ဟင်းထုပ်ပေါင်းသလိုပေါင်းရတာမျိုးထင်ပါတယ်..
ဟင်းထုပ်လိုတော့ ဖက်နဲ့တော့ထုပ်မထားပါဘူး..
ဒါပေမယ့်..ဟင်းထုပ်မှာထည့်စားရတဲ့
ကြက်သွန်ဆီချက်တို့ ငရုတ်သီးကြော်တို့တော့ အားလုံးတူတူပါပဲ..
တကယ်လို့ မုန်ညင်းပေါင်း ပြုလုပ်နည်းလေးများရှိရင်တော့
ညီမကို ပြောပြပေးပါအုန်းနော်
ကျေးဇူးတင်နေမှာပါ...
နှစ်သစ်မှာ ပျော်ရွှင်ပါစေနော်...

23 comments:

Saing Khan Tun said...

ညီမရေ

Saing Khan Tun said...

ညီမသိချင်တဲ့ မုန်ညင်းပေါင်းနည်းကို ပြောပြချင်တယ်။
ဒီတစ်ခါ အမေ့ဆီဖုန်းဆက်ရင် မေးပေးပါ့မယ်။
အစ်ကိုက ရှမ်းပြည်နယ်ထဲက မဟုတ်တဲ့ ရှမ်းတစ်ယောက်ပါ။ အစ်ကိုတို့ဒေသကလည်းရှမ်းတွေရဲ့နေထိုင်ရာနေရာ တစ်ခုပါပဲ။
ဗန်းမောက်မြို့လေ…
ရှမ်းနီ (တိုင်းလိုင်) လူမျိုးတွေနေထိုင်တဲ့ ဒေသ တစ်ခုပေါ့။
စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ ရှိပါတယ်။
အစ်ကိုတို့ ရှမ်းနီလူမျိုးရဲ့ အဓိက ရိုးရာအစား အစာမှာ မုန်ညင်းပေါင်း ပါတယ်လေ။
စကားတွေ.. စာတွေပျောက်ကွယ် ခဲ့..ပျောက်ကွယ်ဆဲ ..ဖြစ်ပေမယ့်။
မပျောက်ပဲ ကျန်နေတာက မုန်ညင်းစားတဲ့အကျင့်ပါပဲ။
မုန်ညင်းချဉ်၊ မုန်ညင်းကြိုင်း၊ မုန်ညင်းစော၊ မုန်ညင်းပေါင်း စတဲ့ စတဲ့….
အစားအစာတွေပေါ့။ ညီမရဲ့စာကိုဖတ်ရတော့ အိမ်ကိုလွမ်းမိတယ် …
ကောလင်း၊ ၀န်းသို၊ ပင်လည်ဘူး၊ အင်းတော်၊ ဗန်းမောက်၊ ကသာ၊ မိုးညင်း၊ မိုးကောင်း၊ ဟိုပင်၊ ဗန်မော်၊ မဲဇာ၊ မန်လည် စတဲ့ … စတဲ့ ….
ရှမ်းတို့ဒေသမှာ … မုန်ညင်းပေါင်းတွေ … ခေါပုပ်ထောင်းတွေ …
ပေါင်းတင်းတွေ …သိပ်ပေါတဲ့….ဒီအချိန်ဆို …. ကိုယ့်ရေမြေကို လွမ်းတယ် ညီမရေ …
စိုင်းခမ်းထွန်း
saingkhantun@gmail.com
http://saing.top-me.com

ထွန်း said...

ကိုစိုင်းရေ.. အမေ့ကို ချက်နည်းမေးပေးမယ်ဆို တနစ်ကြာပေါ့ ရေးပေးစမ်းပါအုန်း ခေါပုပ်ထောင်း မုန်ညင်းပေါင်းတို့  ခုလိုတန်းလန်းကြီး လုပ်မထားနဲ့  ငရဲကြီးတတ်တယ်။ ဒီမှာ စာဖတ်ပြီး ဗိုက်ဆာနေတယ်

Saing Khan Tun said...

ဂျေဂျေရေ ...
သိချင်တဲ့ မုန်ညင်းပေါင်းနည်းကို ညီမလေး နန်းဆိုင်လောင် ပြောပြလို့ ခုတင်ပေးလိုက်ပြီ .. ဖတ်ကြည့်နော် ..
NannOo: ခဏလေး
saing: >ok
ok
NannOo: ပြန်ပြောမယ်
ရှမ်းပြည်မှာ တော့
မုန်ညင်းစိမ်း နဲ့ ပေါင်းတယ်လေ
နဲံ2 ခါးတာပေါ့
saing: အင်း
အစ်ကိုတို့ဘက်မှာ မုန်ညင်ခါး က သတ်သတ်ရှိတယ်
ပြောဆက်ပြော
NannOo: အခါးမကြိုက်ရင်
အဖြူနဲ့ရောပေါင်း
ပထမ
saing: အင်းဟုတ်ပြီ
NannOo: ကောက်ညင်းမုန့် 1 ဆ နဲ့ ဆန်မုန့်တဆရော ပြီး
ရောနယ်
ပြီးတော့ ပဲပုပ်ထောင်းပါရော နယ်
saing: အင်း အစ်ကိုတို့ဘက်မှာ မှုန့်နစ်လို့ခေါ်တယ်
NannOo: ဆားနဲ့ အချို မှုန့် ကို လို သလောက်ထည့်
saing: အင်း
အချိုမှုန့်လား
NannOo: ပေါင်းရင် အောက်မှာ ငှက်ပျော ဖက် ခံပေါင်း
saing: အစ်ကိုတို့ဘက်မှာ ဟင်းချိုမှုန့်လို့ပြောကြတယ်
NannOo: မွှေးအောင်လို့
saing: အော်အင်း
ပေါင်းအိုးက
NannOo: လေပေါက် ကနေ
saing: ဘယ်လိုဟာလဲ
NannOo: အနံ့ ထွက်ကုန်ရင် မမွှေးတော့ဘူး
saing: နှစ်ဆင့်မြေပေါင်းအိုးလား
NannOo: အင်း
စတီးအိုး ဇကာပေါက်နဲ့လည်း ရှိတယ်လေ
saing: ငှက်ပျောဖက်က မုန်ညင်းရဲ့အောက်ဆုံးမှာ ခံတာလား
NannOo: အင်းပေါ့
saing: အင်း
အစ်ကိုတော့မြင်ဘူးတယ်လေ
NannOo: မုန်ညင်းတွေ ညိုပြီး
saing: မမြင်ဘူးတဲ့လူဆို သိမှာ မဟုတ်ဘူးလေ
အင်း
ပြော
NannOo: ဆန်မှုန့် ခဲသွားရင်
စားလို့ ရပြီ
saing: အနံ့လေးလည်းသင်းနေပြီမဟုတ်လား..
ဗိုက်တောင်ဆာလာပြီ
NannOo: time will take upon mustad amount
:P
saing: ဟင်းပေါင်းအကြောင်းပြောရင် အိမ်ပြန်ပြီး အမေ့လက်ရာစားချင်တယ်
အင်း
ခရမ်းချဉ်သီးပါသလား
NannOo: ပြောမလို့
ခရမ်းချဉ်သီးက ထည့်တဲ့ သူထည့်တယ်
saing: အော် ..
အင်း အမေပေါင်းတာ...ပါတယ်ထင်မိလို့ ... မသေချာဘူး ... စားလို့ကောင်းတာပဲသိတယ်
NannOo: မနေ့ ကရေးပြီးတင်မရလို့
u ကို send လိုက်တာ
saing: အင်းပါ
ခုတင်လိုက်မယ်လေ
NannOo: ဘယ်သူ တင်2 သိချင်ဲတဲ့သူ သိသွားရင်ပြီးရော
saing: အင်း
အစ်ကိုလည်းအိမ်ဖုန်းမဆက်ဖြစ်သေးလို့
NannOo: နောက်သိချင်တာ ရှိမေးပါ
saing: ဂျေဂျေ ဆိုတဲ့ တစ်ယောက်က ရေးပေးဖို့ပြောတယ် ... ပီနန်းပြောပြတော့ အဆင်ပြေသွားတာပေါ့
NannOo: အင်း
saing: အင်း .. ခေါပုပ်ထောင်း .. ပေါင်းတင်း .. အဲဒီ အကြောင်းတွေလည်းရေးရဦးမယ်..
ပြီးတော့ မြစ်ချဉ် ..
မြစ်ရေစိမ်..
မုန်ညင်းချဉ်
မုန်ညင်းလှော်
မုန်ညင်းကြိုင်း ..
NannOo: inn
saing: ပီနန်း အကုန်လုံးသိလား
NannOo: hote

ကဲဗျာ ... မုန်ညင်းပါင်းကောင်းကောင်းစားနိုင်ကြပါစေ

saingkhantun@gmail.com
[url=http://address] saing.top-me.com [/url]
[url=http://address] saingkhantun.blogspot.com [/url]

Anonymous said...

အင်း ကိုစိုင်းဆီပုံးထဲ ဗြဲစာ အများကြီးရေးလိုက်တာနဲ့  ဟဲစာ တင်ပေးလိုက်ပြီး ကျေးဇူးပါ ကိုစိုင်းနဲ့ မနန်းရေ. မုန်ညင်းရွက်နဲ့  မုန့် နစ်ကို ဘယ်လိုထားသလဲ မုန်ညင်းကို စိတ်ပြီး ဆန်နစ်နဲ့ ရောနယ်သလား။ ဟင်းထုပ်ပုံဆိုရင် တွေးကြည့်ရတာ မုန်ညင်းရွက်စိတ်၊ ခရမ်းချဉ်သီးစိတ်ရောနယ် ပြီး ဖက်နဲ့ အလုံးလေးထုတ် ပေါင်းပုံရတယ်။ ဓါတ်ပုံပြရင် ကောင်းမယ်။ မနန်းမှာ ဘလော့မရှိဘူးလား။ သူ က အင်ထရိုလုပ်ပေးတဲ့ အစားအစာတွေ ရေးပေးပါလား။ ကျနော်တို့ ဘက်မှာ ပေါင်မုန့် ခွေးပူ ဘာဂါ တီကောင်(စပါတကီ)ကလွဲလို့  စားချင်တဲ့ အာရှအစာ (ဈေးကြီးလို့ ဝယ်မစားနိုင်လို့ ) ချက်နိုင် ရင်ချက် မချက်နိုင်ရင်ငတ်ဘဲ. အခု ဟဲချင်ပေမဲ့ မဟဲနိုင်သေးပါဘူး
ပုံ joyful4all.blogspot.com

ထွန်း said...

saing: အင်း .. ခေါပုပ်ထောင်း .. ပေါင်းတင်း .. အဲဒီ အကြောင်းတွေလည်းရေးရဦးမယ်..
ပြီးတော့ မြစ်ချဉ် ..
မြစ်ရေစိမ်..
မုန်ညင်းချဉ်
မုန်ညင်းလှော်
မုန်ညင်းကြိုင်း ..

ကဲ ဆရာသမားရေ အင်ထရိုလေးစခဲ့ရင် ဆက်ရေးပေး ပါအုန်း တန်းလန်းကြီးမထား ကောင်းဘူး စိုးဝင်းနဲ့  အတူနေနေရအုန်းမယ် (ငရဲကြီးတတ်တယ်)

Khin said...

ဟူး ဒုက္ခဘဲဟေ့
ဖတ်တာနဲ့  သားရေတွေကျလာပြီ
ရှမ်းမဆိုတော့
ခေါပုပ် သံကြားရင်ကိုမနေနိုင်တာ
မုန့်ညင်းငေါက်ကို ပေါင်းပြီးစားဦးမယ်။

အမေရိကားမှာ ဘာအစာမှမကောင်းပါဘူး

ဒို့ ရှမ်းပြည်မှာအစာတွေပေါတာသူတို့ မသိကြရှာဘူး။

ထွန်း said...

အယ် ဟုတ်လား ဒါဆို ရှိသမျှ ချက်ပြပါအုန်း သက်သေ သာဓကနဲ့  မှန်ရမဲ့ မေဗမာလေးရေ.. ကြွားပြီးရင် ချက်နည်းရေးပြမှဖြစ်မယ် ဖတ်ရတဲ့သူတွေ တန်းလန်း(စိတ်)ဖြစ်အောင် မထားနဲ့  စိုးဝင်းနဲ့ သွားတွေ့ ရလိမ့်မယ် (ငရဲကြီးတတ်တယ်)
မုန်ညင်းငေါက် ဆိုတာ ဘာတုန်း

Khin said...

မုန့် ညင်းငေါက်ဆိုတာ မုန့် ညင်းစိမ်းကိုပြောတာပါ။ စိမ်စိမ်း
လတ်လတ်ဆပ်ဆပ်နဲ့  အငေါက် အညွန့် အဖူး အပွင့်လေးတွေ
ပါတယ်။
မုန့် ညင်းဖြူ မဟုတ်ဘူး
ဆောင်းတွင်းမှာရတယ်။
အမေရိကားမှာလဲတွေ့ တယ်။
ဆန်ကိုလှော်ထောင်း ငရုပ်သီး ကြက်သွန်ထောင်း
မြေပဲထောင်း အားလုံး မုန့် ညင်းငေါက် တွေမှာသိပ်လို့ 
ပေါင်းအိုးနဲ့ ပေါင်း

စားလို့ ဆိမ့်တယ် သက်တယ်
ကျန်းမာရေးနဲ့တဲ့တယ်

ဆရာဝန်ကြီးတွေ ဘာသာပြန်ရေးနေတဲ့ 
အန်တီ အောက်ဆီဒင့်တို့ ဘာတို့ ဆိုတာ
နောက်ဆုံးကြတော့ ရာသီစာသီးနှံတွေမှာ အကုန်ပါတာ
မသိရှာဘူး ဇွတ်ဘဲဘာသာပြန်နေကြတာ။

ကဲ ရာသီစာ ဒေသစာ စား ကြပါ

အသက်ရှည်ကြပါစေ။

Khin said...

ဆော၇ီး

ပဲပုပ် ထောင်းပါထဲ့ရပါတယ် မေ့သွားလို့ ပါ

မိုးကုတ်က နည်းပါ။

Anonymous said...

ဂျေဂျေခမျာ ... အငေါက်ကိုပင် မသိရှာချေ ... သနားဖွယ်ကောင်းလေစွ ... ဓာတ်ပုံ ( not EE ) နှင့်တကွ ပြခြိမ့်ဦးမည် (တွတ်ပီလေသံ) .... အင်း .... အငေါက် = အဖူး အညွှန့် နှင့်တကွ အလွန်မရင့်သေးသော အရွက် ၅ ရွက်ခန့်ပါသော အပင်၏ အစိတ်အပိုင်း (စိုင်းအဘိဓာန်မှ ကူးယူဖေါ်ပြသည်) ... ဟီး ....
Email မှတဆင့် Photo ပို့လိုက်ပါမည်
Saing Khan Tun
saingkhantun@gmail.com
http://saing.top-me.com
http://saingkhantun.blogspot.com

စိုင်းအောင်မျိုးလွင် said...

http://mogaungthu.blogspot.com/
မိုးကောင်းသူရဲ့
မိုးကောင်းမုန်ညှင်းပေါင်းအကြောင်း
ဝင်ပြီးအားပေးနိုင်ဖို့ပါ

Anonymous said...

[url=http://buycialispremiumpharmacy.com/#cwxec]buy cialis online[/url] - cialis online , http://buycialispremiumpharmacy.com/#odocw buy cialis online

Anonymous said...

[url=http://buyviagrapremiumpharmacy.com/#eylic]buy cheap viagra[/url] - buy viagra , http://buyviagrapremiumpharmacy.com/#vonha buy cheap viagra

Anonymous said...

[url=http://buyonlineaccutaneone.com/#wokae]buy accutane online[/url] - buy accutane online , http://buyonlineaccutaneone.com/#fhjfl accutane 20 mg

Anonymous said...

[url=http://buyamoxilonline24h.com/#lcryh]amoxil without prescription[/url] - amoxil online without prescription , http://buyamoxilonline24h.com/#fresi generic amoxicillin

Anonymous said...

[url=http://buynolvadexonlineone.com/#tvdut]nolvadex online without prescription[/url] - nolvadex 10 mg , http://buynolvadexonlineone.com/#ldaeh nolvadex online

Anonymous said...

[url=http://puregreencoffeeextract800mg.com]
where can you buy green coffee beans[/url] has been featured in distinct video receiver talk shows and advertised all done with the snare, nonetheless people are still disbelieving upon the results. This is why I indisputable to write this judge article and will thoroughly clarify the benefits of lawn beans.

Around twenty five percent of world inhabitants is rotund! This is a tremendous difficult and we all be sure what the reason behind this is: refuse edibles and insufficiency of exercise. People love fatty foods, they are same pleasing and close to cause; yet it also provides a obnoxious side essentially heaviness gain.

Since the revolution of computer far-out people are getting more and more lazy, be without of exercise is another well middleman after obesity. People do not after to change-over their lifestyle. Changing diet seems quite naughty and bring to bear on surmount that makes it harder.

Scientists are constantly finding up to date innovative ways to win out over our challenges and after years of probing they discovered the benefits of common coffee beans extract.

We all indulge coffee on normal bases so what is strange almost green beans? Automatic coffee are roasted beans and when you roast a bean it loses the most important component - Chlorogenic acid. Pure green coffee admit on a trip level of Chlorogenic acid.

What is so special with reference to Chlorogenic acid? Once this element is heart the corps it attacks the body unctuous cells hardly immediately, it shrinks them into tiny pieces and flushes out. Past regulating your trundle movements you are constantly reducing abundance from your system.

Unsophisticated beans also affects your metabolism velocity, it increases your body calories fervid scale which means further weight loss. Additional it does not motive any sort of nullifying side effects. Country-like beans also regulates your blood sugar levels which is utter sturdy after diabetic patients.

A scanty mug up was made in San Diego with scientist and volunteers (people with consequence issues) and after 22 weeks of lawn coffee bean sustenance they on usually adrift 17.5 pounds! All of these without regular exercise and without piercing diets.

So my friends if green coffee beans cutting unqualifiedly works! Just take in reliable you are drinking at least 2 litres of water a heyday to put an end to hydrated because dehydration can rebound in first of all when you are constantly reducing assemblage weight.

[url=http://puregreencoffeeextract800mg.com]
green coffee beans sale[/url] as a matter of fact is a breakthrough in weight impoverishment work! Any longer no whole can pressure an free quest of mass loss.

Anonymous said...

[url=http://hairtyson.com]phen375 side effects[/url]Extraordinary site. Be undergoing you always been told that your position helpen an orphan. Yes it categorically helped. Thanks Alot Buddy.

Unknown said...

mlb jerseys
ray ban sunglasses
adidas trainers
air max 90
longchamp pas cher
michael kors canada
ralph lauren outlet
cheap oakley sunglasses
giuseppe zanotti outlet
tory burch outlet
jordan pas cher
coach outlet
tiffany and co jewelry
tiffany and co
michael kors outlet clearance
ferragamo shoes
swarovski outlet
michael kors outlet clearance
cheap nike shoes
polo pas cher
ugg boots uk
ray-ban sunglasses
ralph lauren outlet
ugg boots
coach outlet online
rolex watches,rolex replica watches,replica rolex watches,replica watches
air max 90
michael kors outlet online
cheap canada goose jackets
michael kors uk outlet
louis vuitton bags
chicago blackhawks
tiffany jewellery
ray ban sunglasses
0802jianxiang

raybanoutlet001 said...

buffalo bills jerseys
nike huarache
minnesota vikings jerseys
nike trainers
polo ralph lauren
polo ralph lauren
tory burch outlet
christian louboutin sale
ray ban sunglasses
coach outlet online

5689 said...

zzzzz2018.9.3ray ban sunglasses
off white shoes
football pas cher
nike chaussure femme
mbt shoes
nike outlet
manolo blahnik
canada goose jackets
pandora
reebok shoes

cara menggugurkan hamil said...

now present in your city