ထိုင်လို့ကောင်းသော ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်.. ကုန်သည်လမ်းမဘေးမှာ ရှိပါတယ်.. ပြင်ဆင်မှုအရှိဆုံး ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်.. Unplug တီးဝိုင်းနဲ့ Bar လဲ ရှိပါတယ်..
သတင်းပုံစံ ကြိုက်သူများအတွက် လေကြောမရှည်အောင် အဲ့ဒီလိုကြီးရေးရင် ကောင်းပါ့မလားဆိုပြီး ရေးကြည့်သေးတယ်... ကိုယ်တိုင်ခံစားလို့ ဘယ်လိုမှ မရတာနဲ့ အောက်ပါ စာသားများအတိုင်း စကားလုံးများစွာနဲ့ ရေးလိုက်ပါတယ်.. :)
မိုးတွေ သည်းသည်းမဲမဲ ရွာနေတဲ့ မနေ့ကပေါ့ ထွေထွေထူးထူး ဘာမှမရှိဘဲနဲ့ ကျွန်တော်တို့ အဖွဲ့သားတွေ နေ့လည်စာ စားဖို့ ဆုံဖြစ်ခဲ့ပါတယ်.. ထိုင်စရာဆိုင်တွေ ရွေးရင်းနဲ့ ဆိုင်ကောင်းကောင်း တစ်ဆိုင်ကို ရောက်ခဲ့ကြပါတယ်.. နာမည်ကတော့ Sweet Heart ပါ.. ကုန်သည်လမ်းဘေးမှာ ရှိပါတယ်..
တောင်ကြီးမြို့ရဲ့ ဆိုင်တော်တော်များများကို ရောက်ခဲ့ဖူးပေမဲ့.. ဒီဆိုင်လောက် ပြင်ပြင်ဆင်ဆင် လုပ်ထားတာ မတွေ့မိသလောက်ပဲ.. အဲ့ဒီမှာက အစားအသောက်အပြင် အခြား အလှအပတွေကိုလဲ ဂရုတစိုက် ပြင်ဆင်ထားတာ တွေ့ရတယ်လေ.. မီးရောင်ကတော့ Candle Light မျိုးရအောင် မီးလုံးတွေနဲ့ပဲ အလှဆင်ထားတာတွေ့ရတယ်.. သဘာဝသစ်သား၊ သစ်ပင်ထွက် အရာတွေနဲ့ပဲ ဆန်းသစ်နေအောင် ဆင်ယင်ထားတယ်လေ.. Unplug Show တွေလဲ ရှိတယ်.. ကျွန်တော်တို့ ရောက်တဲ့ အချိန်မှာတော့ မရှိပါဘူး.. ညဘက်မှ ရှိတာနဲ့တူပါတယ်.. Bar တစ်ခုလဲ ရှိပါတယ်..
ထိုင်စရာနေရာတွေကလဲ အဆင်ပြေပြေနဲ့ သန့်သန့်ပြန့်ပြန့်ရှိပါတယ်.. ကျွန်တော်တို့တတွေလဲ မှာစရာ ရှိတာတွေမှာပြီး စကားတစ်ပြောပြောနဲ့ လာချမဲ့ နေ့လည်စာတွေကို စောင့်စားနေလိုက်ပါတယ်.. အပြင်မှာတော့ မိုးမည်းကြီးက မာန်ဟုန်ပြင်းပြင်းနဲ့ သောင်းကျန်းနေပြီလေ.. တဂျိန်းဂျိန်းနဲ့ အသံတွေနဲ့ရော၊ တဝေါဝေါနဲ့ ရေပေါက့်တွေနဲ့ရော၊ တချက်တချက် လျှပ်ပြတ်သွားတဲ့ အလင်းတန်းတွေနဲ့ရော မိုင်ကုန် ထစ်ချုန်းနေလေရဲ့..
Camera ကို Flash ဖွင့်ရိုက်တော့ လျှပ်စီးလက်တယ် အောင့်မေ့ပြီး.. Brother ကြီးတွေက လန့်သေးတယ်လေ.. အဲ့ဒါနဲ့ပဲ Flash ပိတ်ပြီးလိုက်ရိုက်လိုက်တာ ဘာပုံမှ မပေါ်ဘဲဖြစ်သွားလို့ ဓာတ်ပုံတွေ မဖော်ပြနိုင်တော့ဘူး..
ရေတွေကျလို့ ဆိုင်ကလူတွေ ပုန်းနဲ့ခံတဲ့သူကခံ.. ကြမ်းတိုက်တဲ့သူကတိုက်နဲ့ သူတို့တတွေလဲ ပျော်ပျော်ပါးပါးကြီး မိုးရေတွေ အပြင်မထွက်ရဘဲနဲ့ ဆော့နေကြပါရော.. ဆိုင်က Waitress တွေများတယ်.. ၀န်ထမ်းတွေက မိန်းကလေးတွေ အားလုံးနီးပါးပဲ.. Waiter တစ်ယောက် နှစ်ယောက်တော့ Bar မှာရှိပါတယ်.. ဒါပေမဲ့ မိန်းကလေး ဦးရေပိုများပါတယ်..
နောက်မကြာပါဘူး.. ကျွန်တော်တို့ မှာထားတာတွေ လာချပေးပါတယ်.. ပန်းကန်တွေ၊ ခွက်တွေကလဲ အမြင် ခပ်စန်းစန်းလေးတွေပါပဲ.. ဘုမသိဘမသိနဲ့ ကျွန်တော် Royal Cofe ဆိုတာ မှာလိုက်သေးတယ်.. Waitress ကတော့ ပြောပါသေးတယ်.. အဲ့ဒီမှာ အရက်ပါတယ်တဲ့.. ကျွန်တော်ကလဲ Angle Cafe လို နဲနဲပါးပါးပဲ ပါတာအောက့်မေ့လို့ ရတယ်လို့ ပြောလိုက်တာ လာချတော့မှ လန့်သွားရပါတော့တယ်..
ဒီလိုနဲ့ပဲ စကားပြောရင်း နေလည်စာ ပွဲလေးတစ်ခု ကျွန်တော်တို့ ရခဲ့ပါတယ်.. အားလုံးလဲ စားလို့ ပြီးရော ကျွန်တော်တို့ လမ်းခွဲဖို့ ဆိုင်ကနေ ပြန်ထွက်လာခဲ့ကြ ပါတော့တယ်.. အပြင်ရောက်တော့ သန့်ရှန်းတဲ့ရေရနံ့ လေကို ရှူရှိုက်မိရင်း ကြည်လင်လန်းဆန်းသွားပါတယ်.. မိုးရဲ့ ခြေရာတွေ ကတော့ ဟိုတစ်ကွက် ဒီတစ်ကွက်ပေါ့..
ရဲမြန်မာ
6 comments:
kg par tel shop arr lone kg par tel
price lel kg par tel
TGI mhar a yan zay gyi par tel
KZLM
I miss Taunggyi(my hometown) so much.... especially food... hee hee... I tried a lot different kind shan food anywhere I go. But the food are not so nice like in taunggyi. I will always remember the taste of "toe hu nawe" which I eat almost everyday during my childhood. Thank you so much for creating such a cute blog...
ကိုယ်မှာထားတာကို စိတ်ရှည်ရှည်ထားပြီးစောင့်နိုင်မယ် ဆိုရင်တော့ (ညဆိုရင်ပိုဆိုးတယ်) ထိုင်လို့ကောင်းတဲ့ဆိုင်ပါပဲ။ တစ်ဝိုင်းကိုအပြတ်လုပ်ပေး တာမျိုးမဟုတ်ဘဲ ၀ိုင်းတိုင်းကိုတစ်ပွဲ၊တစ်ပွဲနဲ့လုပ်ပေးနေတော့ ကြာတာပေါ့။ ဒါပေမယ့်စောင့်ရကျိုးနပ်ပါတယ်။
ကုန်သည်လမ်း ဟုတ်ဘူးဗျ ။ ကုန်သည်လမ်း က ESE ကားဂိတ်ရှိတဲ့လမ်းဗျ။ ဝေဖန်တာဟုတ်ဘူးဗျ။ မှန်စေချင်တာပါ
Tgyi reminds me of my childhood days. It is the best Town in the whole wide world.
THMyint.
Tgyi reminds me of my childhood days. It is the best Town in the whole wide world.
THMyint.
Post a Comment