Monday, January 21, 2008

ပန်းချီပြပွဲ



ပန်းချီဆရာတစ်ယောက်ရဲ့အိမ်မက်ဟာ ကိုယ့်ရဲ့အနုပညာလက်ရာတွေကို ပြသဖို့
ဖြစ်ပါတယ်။ကိုယ်တိုင်ဖန်းတီးခဲ့တဲ့ လက်ရာတွေကို လူတွေကိုခံစားစေချင်တာ အနုပညာသမားတိုင်းရဲ့ရည်မှန်းချက်ပါ။အခု တောင်ကြီးလူငယ်ပန်းချီဆရာ
“ညီဇော်” ပါဝင်တဲ့ Three Colours ပန်းချီ ပြပွဲကို မိတ်ဆက်လိုက်ပါတယ်။
ပြပွဲကို AZADA ပန်းချီပြခန်းမှာ ၂၈.၁.၂၀၀၈ ရက်နေ့ကနေ ၁.၂.၂၀၀၈ ရက်နေ့
အထိပြသမှာဖြစ်ပါတယ်။မဖိတ်ရသေးတဲ့ ရောင်းရင်းများနဲ့ ပန်းချီကိုချစ်မြတ်နိုးသူ
ဝါသနာပါသူတွေကို လာရောက်ဖို့ဖိတ်ခေါ်ထားပါတယ်။
လိပ်စာကတော့ -“AZADA ၊ အမှတ်(၁၉၉) ၊ပထမထပ်၊ ၃၄အပေါ်လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်” ပါ။

“ညီဇော်” က တောင်ကြီးဇာတိပါ။ တောင်ကြီး ပန်းချီဆရာ“ ဦးဝင်းမောင်သိန်း”
ဆီမှာ 1992ခုနှစ်အထိ၊“ဦးမိုးဝင်း” ဆီမှာ 2000 ခုနှစ်အထိ ပန်းချီပညာ
ဆည်းပူးခဲ့ပါတယ်။သူ့ရဲ့လက်ရာနဲ့ သူ့ရဲ့ခံစားဖန်တီးမှုကိုရိုးရိုးသားသား
ရေးဆွဲတင်ပြထားပါတယ်။ ပန်းချီကားတော်တော်များများကို အပြာ၊အနီ
အရောင်တွေဦးစားပေးရေးဆွဲထားတာတွေ့ရပါမယ်။ ပန်းချီကားအများစုက
တောင်ကြီးမြို့ ပတ်ဝန်းကျင် က ရှုခင်းတွေဖြစ်ပါတယ်။ မွေးရပ်မြေ နဲ့ဝေးကွာ
နေသူတွေအတွက်ကတော့ အလွမ်းပြေ ခံစားရမှာပါ။
သူ့ရဲ့လက်ရာတွေကို မိတ်ဆက်လိုက်ပါတယ်။


1 comment:

နေလင်း said...

တကယ့်ကို တောင်ကြီးအလွမ်းပြေပါပဲ...ကျေးဇူးတင်ပါတယ်..အမြင်တစ်မျိုးနဲ့ မွေးရပ်မြေကို မြင်လိုက်ရတာပါပဲ..