Friday, January 25, 2008

၁၀ခု ကျော်ပြီဖြစ်သော Internet Cafe များ

ှိ

၂၀၀၇နှစ် နှစ်စပိုင်းလောက်က Internet သုံးလို့ရတဲ့ နေရာဆိုလို့ IPSter ရှိတဲ့ ဆိုင် (၃)ခုမှာပဲ တောင်ကြီးသားတွေ လှိုင်းစီးနိုင်ခဲ့ကြတယ်.. အဲ့ဒီတုံးက တစ်နာရီကို ၁၀၀၀-၁၂၀၀ကျပ် ပေးရပြီး Download လုပ်ဖို့ တော်တော်လေး ခက်ခဲတဲ့ အခြေအနေမျိုးပေါ့..



အခုတော့ အဲ့ဒါတွေ လွန်မြောက်ခဲ့ပါပြီ.. ADSL စရတဲ့ အချိန်ကစပြီး တောင်ကြီးမြို့မှာ Internet Cafe, PAC တွေ ပေါ်လာလိုက်တာ အခုဆိုရင် ၁၀ဆိုင် ကျော်လာခဲ့ပါရောလား.. ကျွန်တော်တို့ ဒီနေ့ တောင်ကြီးမြို့ရဲ့ ၁၁ဆိုင်မြောက် Internet Cafe ဖွင့်ပွဲကို ရောက်ခဲ့ကြတယ်.. အဲ့ဒီဆိုင်ကတော့ အားလုံးသိထားကြတဲ့ MTG ရဲ့ ဒုတိယမြောက် ဆိုင်ခွဲပါ... တောင်ကြီးမြို့မှာ ADSL စရရချင်း Internet Cafe ဖွင့်ခဲ့တဲ့ ဆိုင်ပါပဲ.. ပထမဦးဆုံး တစ်နာရီ ၅၀၀ကျပ်နဲ့ စပြီးပွဲထွက်ခဲ့တဲ့ ဆိုင်လဲဖြစ်ပါတယ်..


ဆိုင်ဖွင့်ပွဲကို ရောက်သွားတော့ Cafe De Angle က Coffee နဲ့ Coffee ကျောက်ကျောရယ် Bakery ဆိုင်က မုန့်မျိုးစုံရယ်နဲ့ ဧည့်ခံပါတယ်.. ယူသွားတဲ့ လက်ဆောင်လေးပေးပြီး ကျွန်တော်တို့လဲ အားပေးခဲ့ကြပါတယ်.. အားလုံးက သိပြီးသားတွေဆိုတော့ ထွေထွေထူးထူး မရှိပါဘူး.. အလာပါ့ သလာပါ့ ပြောကြ၊ ကော်ဖီသောက်လိုက်.. မုန့်စားလိုက်နဲ့ တော်တော်လေး ထိုင်ဖြစ်ခဲ့ကြပါတယ်.. Computer Field ထဲက အပေါင်းအသင်းတွေ တော်တော်များများလဲ တွေ့ရဆုံရတော့ စကားတော်တော်နဲ့ကို မပျက်ခဲ့ကြပါဘူး..


နောက်တော့ အလုပ်တွေ ကိုယ်စီရှိနေသေးတာနဲ့ ပြောလက်စ အကြောင်းအရာတွေ အစသတ်လို့ ကျွန်တော်တို့တတွေ ပြန်လာခဲ့ကြပါတယ်..

တောင်ကြီးမြို့က ADSL ရလို့ တစ်နှစ်တောင် မပြည့်သေးတဲ့ အချိန်ကလ တစ်ခုအတွင်းမှာ အခုဆိုရင် Internet Cafe စုစုပေါင်း ၁၁ခု ရှိနေပါပြီ.. (ရှိသမျှ Cafe တွေအားလုံးကိုလဲ ရောက်ဖူးတယ် ရှိအောင်လို့ ကျွန်တော်တို့ သွားဖြစ်ခဲ့ ကြပါသေးတယ်.. Internet Cafe တွေမှာ ရှိတဲ့ စုစုပေါင်း Computer အလုံး အရည်အတွက်က ၁၃၀ကျော်လောက်မှာ ရှိမယ်လို့ထင်ပါတယ်..) နောက်ထပ် (၂)ခုလဲ မကြာခင်မှာ ထပ်ပြီးဖွင့်သွားမယ်လို့ ကြားရပါတယ်..အဲ့ဒါဆိုရင်တော့ စုစုပေါင်း (၁၃)ဆိုင်တောင် ရှိလာတော့မှာ ဖြစ်ပါတယ်..

အခု MTG ကတော့ (၁၁) ဆိုင်မြောက်ဖြစ်ပြီး၊ Computer (၁၀)လုံး၊ ADSL 512kbps Internet Line သုံးထားပြီး၊ တစ်နာရီ (၅၀၀)ကျပ် ပေးရပါမယ်.. ဖုန်းဒိုင်း၊ ဖုန်းဒိုင်း Generator ကြီးကတော့ ဆိုင်ရှေ့မှာ စီးပြီးတော့ ကြိုနေပါလိမ့်မယ်.. :) တောင်ကြီးမြို့မှာ Connection ကောင်းတယ်လို့ နာမည်ရနေတဲ့ MTG ကတော့ အခုလဲ အသစ်နေနဲ့ ဆန်းပြားထားပါသေးတယ်..

ဘာပဲဖြစ်ဖြစ် တောင်ကြီးမြို့မှာ Internet Cafe တွေ အများကြီးပေါ်ပေါက်လာတော့ တောင်ကြီးသားတွေအဖို့ ကျယ်ကျယ်ပြန့်ပြန့် သုံးခွင့်ရနေ ကြပြီ.. တောင်ကြီးတစ်မြို့လုံး Internet Cafe တွေ ပေါ်များလာတာတောင် သုံးချင်လို့ တန်းစီစောင့်နေရတဲ့ User တွေကလဲ ရှိနေကြတာ အမြဲတမ်းလိုလို တွေ့နေရပါသေးတယ်.. တစ်နေ့တစ်နေ့ Internet အတွက် အသုံးပြုနေကြတဲ့ ပိုက်ဆံတွေလဲ ဘယ်လောက်တောင် များတယ်ဆိုတာ တွေးကြည့်နိုင်ပါတယ်.. တစ်ခုတော့ စဉ်းစားမိပါတယ်.. အဲ့ဒီလို အသုံးပြုလိုက်တဲ့ ပိုက်ဆံတွေက တကယ်အကျိုးရှိတဲ့ နေရာတွေမှာ ကုန်နေတာလားဆိုတာ့ကတော့.. မေးခွန်းထုတ်ချင်စရာပါပဲ.. Internet ကို Communication Media တစ်ခုသာမက Resource Finding Tools, Learning Tools တွေအဖြစ် အသုံးပြုကြမယ်ဆိုရင်တော့..

ကျွန်တော့ အတွေးပုံရိပ်ထဲမှာ မြင်ယောင်နေမိတာက...

တောင်ကြီးမြို့ကြီးက တစ်နေ့နေ့ တစ်ချိန်ချိန်မှာဖြင့်...

5 comments:

Nar Koe Yar said...

အရမ်းအားရစရာကောင်းတဲ့သတင်းလေးပါပဲ

နေလင်း said...

သတင်းကောင်းပါပဲ..MTG ဒီထက်ပိုပြီး အောင်မြင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်...

Khin said...

အင်တာနက်ကို အသုံပြုရင် အကျိုးရှိရင် ပညာတိုးရင်ကောင်းပါတယ်

ဂိမ်းတွေကစားနေမယ် သီချင်းတွေဘဲနားထောင်နေမယ်

မိန်းမပုံတွေဘဲကြည့်နေမယ်ဆိုရင် ဘာထူးမှာလဲ

အများကြီးပညာရှာလို့ ရပါတယ် သုတေသနပြုလို့ လဲရတယ်

ဗဟုသုတတွေလဲစုံပါတယ်

ဖရီး ဆိုက်တွေအများကြီးပါ။

အင်္ဂလိပ်စာတတ်ရင်ပိုအဆင်ပြေပါတယ်

မသိတာရှိရင် မေးပါ ဘာသာပြန်ပေးပါ့မယ်

Anonymous said...

Congratulation!
MTG is the best internet cafe in Taunggyi.
May your success last forever!

swiss replica watches said...

its design inspired by the flag Rolex replica of the Russian Federation. Omega Seamaster Planet Ocean replica Rolex watches 600 meters waterproof 600 meters, and a helium escape valve. This watch is equipped with Omega 8500 replica watches sale coaxial movement