Friday, January 25, 2008

ဂျက်မြသောင်း တစ်ကိုယ်တော်သီချင်းပြပွဲ

အဆိုတော်ဂျက်မြသောင်းရဲ့ တစ်ကိုယ်တော်သီချင်းပြပွဲလို့ အမည်ပေးထားတဲ့ တစ်ကိုယ်တော် တေးဂီတဖျော်ဖြေပွဲကို ၂၀-၁-၂၀၀၈ ညက တောင်ကြီးမြို့ ကျောက်တိုင်ကွင်းမှာ ကျင်းပပြုလုပ်သွားခဲ့ပါတယ်… အဲဒီပွဲမှာ ကိုဂျက်ဟာ တချိန်ကကျော်ကြားခဲ့တဲ့… မူယာ၊ ပြန်လာပါတော့၊ ဒါလေးများ၊ တမ်းတမ်းစွဲ၊ နှလုံးသွေးများရပ်တန့်သွားပါစေ အစရှိတဲ့ သီချင်း ၂၅ ပုဒ်ကို ခုနှစ်စဉ်ကြယ် တေးဂီတအဖွဲ့နဲ့တွဲပြီး အားပါးတရ သီဆိုဖျော်ဖြေသွားတာကို တွေ့ရပါတယ်…. တေးဂီတဖျော်ဖြေပွဲမှာ ရိုက်ကူးရေးလဲပါဝင်ပြီး VCD Karaoke အဖြစ်ပြန်လည်ထုတ်ဝေမှာ ဖြစ်ပါတယ်….
ထူးခြားတာကတော့ ရန်ကုန်မြို့တော်ရဲ့ Hotel ခန်းမများထဲမှာ ခင်မင်ရာအသိုင်းအ၀ိုင်းများကို ပရိသတ်အဖြစ်ဖိတ်ပြီး Live Show အဖြစ်ရိုက်စားကြတဲ့ VCD Karaoke ရေစီးကြောင်းကနေခွဲထွက်လို့ တောင်ကြီးမြို့မှာ တကယ့်ပရိသတ် အစစ်တွေကို လူတိုင်းလာရောက် အားပေးနိုင်အောင် ချိုသာတဲ့ဝင်ကြေးနှုန်းထားနဲ့ ကွင်းပြင်ကြီးထဲမှာ Open Show အဖြစ် အားပါးတရသီဆိုရိုက်ကူးခဲ့တဲ့ အဆိုတော် ဂျက်မြသောင်းရဲ့ ဂီတအပေါ်ရူးသွပ်မှုပဲ ဖြစ်ပါတယ်…. အတီးသမားတွေ၊ ကင်မရာအဖွဲ့တွေ၊ စက်အဖွဲ့တွေ တပြုံကြီးကို တောင်ကြီးအထိ ခေါ်လာပြီးစီစဉ်ခဲ့ပုံကိုကြည့်ရတာ စီးပွားရေးသက်သက် မဟုတ်မှန်းသိသာပါတယ်…
စိန်ခေါ်မှုပေါင်းများစွာကို ရင်ဆိုင်ပြီး ပရိသတ်ကို သီချင်းများနဲ့ပေးဆပ်ဖို့ ကြိုးစားနေတဲ့ ဂျက်မြသောင်းရဲ့ တစ်ကိုယ်တော်သီချင်းပြပွဲမှ ပုံရိပ် တချို့ကို ကိုဂျက်မြသောင်းရဲ့ ခွင့်ပြချက်တောင်းပြီး ဖေါ်ပြလိုက်ပါတယ်… ဓါတ်ပုံတွေက Professional ပုံတွေမဟုတ်ပေမဲ့ ကိုဂျက်ရဲ့ အနုပညာကို လေးစားသောအားဖြင့် Commercial အတွက် မသုံးဖို့ မေတ္တာရပ်ခံပါတယ်…

3 comments:

Anonymous said...

ရှားပါးသီချင်းလေးတွေကို ပြန်တင်ပေးနေတဲ့ တောင်ကြီးတဖွဲ့လုံးကို ကျေးဇူးအထူးပါ။ အယ်ရန်းအခွေကို ဆွဲချတာမရတော့လို့ ဖြစ်နိုင်ရင် နောက်တခေါက်လောက် ပြန်တင်ပေးပါလားရှင်။ ကျေးဇူးအထူးပါ။

Unknown said...

cheap wedding dresses
michael kors canada
philadelphia eagles
true religion outlet
uggs outlet
rolex uk
louis vuitton outlet store
hermes outlet
nike free uk
true religion jeans outlet
wellensteyn outlet
cheap jordans
denver broncos
tommy hilfiger
woolrich outlet store
oakland raiders
ray ban outlet
ugg boots uk
pandora outlet
ugg boots
1112minko

5689 said...

zzzzz2018.9.3
moncler jackets
uggs outlet
vibram five fingers
ugg boots clearance
jordan shoes
ray ban sunglasses
nike presto
dsquared2
mulberry uk
off white jordan 1