Tuesday, January 22, 2008

အတိတ်တစ်ချိန်တုန်းက တောင်ကြီး တက္ကသိုလ် ကျောင်းသားဘဝ

တောင်ကြီးချယ်ရီမြေကို ဖတ်နေရင်းနဲ့
ကျွန်တော်တို့ တောင်ကြီးတက္ကသိုလ် တက်ခဲ့စဉ် ဘ၀လေးတွေကို
ပြန် သတိရမိလာတယ်ဗျာ
သတိရမိတယ်ဆိုရာမှာလည်း ကျောင်းသားဘ၀နဲ့အတူ
တက္ကသိုလ်ကြီးရဲ့ ဖြတ်သန်းလာမှု
ကျွန်တော်တို့တစ်တွေရဲ့ ဖြစ်သန်းမှု ပုံရိပ်တွေအပြင်
ခုချိန်မှာ ရယ်စရာဖြစ်နေပေမဲ့
တစ်ကယ်တမ်း ရင်ဆိုင်နေချိန်မှာ နှလုံးသွေးတွေ ရပ်တန့်တော့မလောက်
ရင်ခုန်မိတာလေးတွေ
ပြန်တွေးရင် ရှက်စရာဖြစ်ပေမဲ့
အတိတ်တစ်ချိန်တုန်းက
ရူးသွပ်ခဲ့မှုတွေ..........................
အစရှိသဖြင့်ပေါ့ဗျာ
ကျွန်တော်တို့တစ်တွေဟာ တောင်ကြီးတက္ကသိုလ်ရဲ့ ရှေ့မီ၊ နောက်မီ (ကုလားထိုင်)လို့ ပြောရင်လဲ
ရတာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ကောလိပ်စတက်ခဲ့စဉ်တုန်းက တောင်ကြီးကောလိပ်၊
အဲဒီကနေ တောင်ကြီး ဒီဂရီကောလိပ်၊ အဲဒီကနေမှ တောင်ကြီး တက္ကသိုလ်ရယ်လို့ ဖြစ်လာတာကိုး
နောက်တစ်ခုကတော့ မန္တလေး တက္ကသိုလ်မှာ နောက်ဆုံး ဘွဲ့ယူခဲ့တဲ့ အုပ်စုပေါ့ဗျာ
မှတ်မှတ်ရရ ကျွန်တော်တို့ နောက်ဆုံးနှစ် စာမေးပွဲတွေ ဖြေချိန်နဲ့ တောင်ကြီး တန်ဆောင်တိုင် ပွဲတော်ကြီးကလဲ
ကွက်တိ။ အဲ......သတိရလို ထပ်ပြောဦးမယ်ဗျ
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကြီးကို ကရင်မရေထွက် ပန်းခြံမှာ ကျင်းပခဲ့တဲ့နှစ်ပေါ့ဗျာ
အင်း...........
ပြောချင်တာက များနေတော့ စကားတွေက တောင်ရောက်လိုက်၊ မြောက်ရောက်လိုက်ပေါ့
ကျွန်တော်တို့ တောင်ကြီးတက္ကသိုလ် စတက်ခဲ့စဉ်
၁၉၈၅-၈၆ ခုနှစ်ပေါ့ဗျာ....................

No comments: