Tuesday, April 15, 2008

သင်္ကြန် အမှတ်တရ


ဒီနှစ် သင်္ကြန်ကတော့ တစ်ရက်ပြီး တစ်ရက် စည်လာတာ.. ဒီရက်ပိုင်း တော်တော်များလာတယ်.. တန်ဆောင်တိုင်ပွဲထက် မပိုရင်တောင် တစ်မြို့လုံးပေါင်းလိုက်ရင် တန်ဆောင်တိုင် ပွဲကြီးလောက်ကို လူတွေများမယ် ထင်တယ်.. မဏ္ဍပ်တိုင်းမှာ လူတွေ အပြည့်.. ဗိုလ်ချုပ်အောင်ဆန်း လမ်းတစ်လျှောက်လုံး ရေပတ်ခံထွက်တဲ့လူတွေ.. လျှောက်သွားနေကြတဲ့ လူတွေနဲ့ စည်ကားလို့.. တောင်ပေါ်က ဘုရားတွေမှာလဲ ကုသိုလ်ယူသူတွေ ပြည့်နေဦးမှာ သေချာပါတယ်..

အားပါးတရ ဓာတ်ပုံတွေကြည့်ရင်း ခံစားလိုက်ကြပါဦးဗျာ..

No comments: