Sunday, April 13, 2008

သင်္ကြန် အရသာ

တစ်နှစ်မှာ တစ်ခါပဲ မြင်ရတဲ့ ပိတောက်ပန်းပွင့်တွေ

သင်္ကြန်မှာ သပြေခက်နဲ့ ရေပတ်တယ်ဆိုတာ Formal ပွဲတွေမှာပဲ ရှိတော့တယ်.. ဒါပေမဲ့လဲ မြန်မာယဉ်ကျေးမှုအနေနဲ့ ထိန်းသိမ်းသင့်တယ်လို့ ထင်ပါတယ်..


ဘာနဲ့မှ လဲလို့ မရတဲ့ သင်္ကြန်အရာသာ အစစ်တွေပေးတဲ့.. ပိတောက်ပန်းပွင့်တွေ.. ဥသြငှက်သံ.. သင်္ကြန်မှာ ရွာတဲ့ မိုးပြေး.. ဟိုးရှေ့ရှေ့က သင်္ကြန်သီချင်းတွေ.. မုန့်လုံးရေပေါ်.. မြေသင်းနံ့.. တူးပို့တူးပို့ သင်္ကြန်အက.. အဲ့ဒါတွေသာ မရှိရင် သင်္ကြန်ဆိုတာ.. အနှစ်သာရဘယ်လိုမှာ ရှိမယ် မထင်ဘူး..

မုန့်လုံးရေပေါ်ကတော့ သင်္ကြန်မှာ မပါမဖြစ်.. ဘယ်အချိန်တွေ့တွေ့ ငယ်ငယ်က အချိန်ကို ပြန်ရောက်သွားသလို ခံစားရနေတုန်း..

ရွှေရင်အေးကတော့ သင်္ကြအလှူတွေမှာ အများဆုံး ဧည့်ခံနေရတုန်း