ဒီနေ့ ရှိသမျှ မဏ္ဍပ်တွေအားလုံး လျှောက်လည်ရင်း ပထမဆုံး ရွှေနေကြာမဏ္ဍပ်ကို ရောက်ပါတယ်.. အကအဖွဲ့တွေ.. Lazy Club နဲ့ အဆိုတော် အချို့ ဖျော်ဖြေတာ တွေ့ခဲ့ရပါတယ်.. အစွန်ဆုံး မဏ္ဍပ်ဖြစ်တော့ လူရှိမှာ မဟုတ်ဘူးထင်ထားပေမဲ့လဲ.. ရှိပါတယ်.. အတော်များများ ရှိပါတယ်.. ဒီနှစ် လူမရှိ၊ လူမစည်တဲ့ မဏ္ဍပ်ကို မတွေ့ရသလောက်ပါပဲ.. သူ့လူနဲ့သူ.. အားပေးကြတယ်..
ပြိုင်ပွဲဝင်ထားတဲ့ အကအဖွဲ့တွေကလဲ.. မဏ္ဍပ်တွေလိုက်ပြီး ဖျော်ဖြေကြတယ်.. မမောနိုင်မပမ်းနိုင်.. အဲ့ဒီမှာ အသက်ကြီးတဲ့ အဖွားတွေလဲ ယိမ်းတစ်ခု ထွက်ကြသေးတယ်.. တော်ရုံတန်ရုံ ပိုးမျိုးနဲ့ဆို ဘယ်သူမှ အက ကကြမှာ မဟုတ်ဘူး.. ဒါပေမဲ့.. မောတာကို မရှိတဲ့ ကနေရရင်ကို ကြေနပ်ပျော်ရွင်နေကြတဲ့ သူတွေ အများကြီးပဲ.. သင်္ကြန်မှာ တွေ့ခဲ့ရတယ်.. ရိုးရာယဉ်ကျေးမှုစရိုက်တွေ တောင်ကြီးသင်္ကြန်မှာ အများကြီး ကျန်နေသေးတယ်လို့ ကျွန်တော်ခံစားမိတယ်..
အဆိုတော်အချို့ ဖျော်ဖြေတော့လဲ ကလေးလူကြီးအကုန် အားပေးကြတယ်.. ဘိုဖြူကတော့ တောင်ကြီးသားတွေ၊ တောင်ကြီးသူတွေ အားအပေးဆုံး၊ အတောင်းဆိုဆုံး.. အဲ့ဒီကပြီးတော့ တောင်ကြီး သင်္ကြန်ဆိုတာကို ကြည်နူးခံစားရင်း.. မြို့ထဲကို ကျွန်တော် ဆက်ထွက်လာခဲ့ပါတယ်..
No comments:
Post a Comment