Wednesday, April 16, 2008

သင်္ကြန်နဲ့ ကျွန်တော်



ဒီနေ့ကတော့ မဟာသင်္ကြန်ကြီး ပြီးဆုံးမဲ့.. အတက်နေ့ ဖြစ်ပါတယ်.. မနက်ပိုင်းကတည်းက မြို့ထဲတလျှောက် တရွေ့ရွေ့နဲ့ သွားနေတဲ့ လူအုပ်ကြီးကို တွေ့ရပါတယ်.. ရေပတ်ခံကားတွေ၊ ဆိုင်ကယ်တွေ၊ ခြေချင်လျှောက်ကြသူတွေနဲ့ မိန်းလမ်းမကြီးမှာ ရှုတ်ရှပ်ခတ်နေပါတယ်.. အိမ်တိုင်းနီးပါး သင်္ကြန်ထွက်လည်သလား အောင့်မေရတယ်.. မနေ့ကထက်ပို ပိုပြီး လူတွေများပြားနေပါတယ်.. ခွက်တွေနဲ့ ရေပတ်တဲ့ အဖွဲ့လိုက် အစုလိုက်တွေကလဲ လမ်းတစ်လျှောက် ပြတ်တယ်ကို မရှိ.. ရေတွေရေတွေ.. တစ်မြို့လုံးကို ရွှဲလို့.. စိုလို့.. လမ်းလို့.. အေးလို့..

နောက်ဆုံးနေ့ဖြစ်တာမို့ မီးကုန်ယမ်းကုန် ပျော်ရွင် ဆင်နွှဲကြပါလေရော.. သင်္ကြန်ဆို အိမ်ထဲဒါမှမဟုတ် ဘုန်းကြီးကျောင်းမှာပဲ နေလေ့ရှိတဲ့ ကျွန်တော် ဒီနှစ်တောင်ကြီးသင်္ကြန်မှာ အိမ်လဲမကပ်နိုင်သလို.. ဥပုသ်လဲ မစောင့်နိုင်တော့.. တရားစခန်းလဲ မ၀င်နိုင်တော့.. တောင်ကြီးသင်္ကြန်က ကျွန်တော့ကို မနေနိုင်အောင်ကို ဆွဲဆောင်သွားတယ်.. သင်္ကြန်မှာ ကားနဲ့ မလည်ဖြစ်တာ.. နှစ်ပေါင်း ဘယ်လောက်ကြာပြီလဲမသိ.. ဒီနှစ်တော့ မြို့အနှံ့ လျှောက်လည်ဖြစ်သွားတယ်.. တောင်ကြီးသင်္ကြန်က ဘာအရှုပ်အရှင်းမှမရှိ.. ချမ်းချမ်းစိမ့်စိမ့်နဲ့.. ပျော်လို့ကောင်းတယ်.. လည်လို့ကောင်းတယ်.. ရေပတ်ခံထွက်လို့ကောင်းတယ်.. ဒီနှစ် သင်္ကြန်ကတော့ ကျွန်တော့်အတွက်.. အမှတ်တရတစ်ခုပါပဲ..

သေချာတယ်.. နောက်နှစ်ဆို တောင်ကြီးမှာ သင်္ကြန်မကျရဘဲ နေနိုင်မှာ မဟုတ်တော့.. ကျဖြစ်အောင်ကို ထပ်ကြဦးမယ်.. ဘယ်နေရာရောက်ရောက် သင်္ကြန်ဆို တောင်ကြီးကိုပဲ လာတော့မယ်..

သင်္ကြန်ရယ်.. တောင်ကြီးရယ်.. ဘယ်လိုမှ မေ့လို့ရမယ် မထင်တော့ပါဘူး..

No comments: