Tuesday, April 15, 2008

သင်္ကြန် ဒုတိယအကြတ်နေ့



ဒီနေ့ ပထမဆု ပဏာမ သိန်း (၃၀)တန် သင်္ကြန်အလှပြယဉ် ပြိုင်ပွဲ ဗဟိုမဏ္ဍပ်မှာ ကျင်းပခဲ့ပါတယ်.. အဲ့ဒီပြိုင်ပွဲက မနှစ်ကစပြီး သင်္ကြန်မှာ ပါဝင် ယှဉ်ပြိုင်စေခဲ့တာ ဖြစ်ပြီး.. ဒီနှစ် အလှပြယဉ် (6)စီးဝင်ပြိုင်တာ တွေ့ရပါတယ်.. ဒီနှစ် သင်္ကြန်ပွဲတော်ကြီးမှာ ဆုပေးမဲ့ ငွေကြေးပမာဏက သိန်း (၁၉၀) ကျော် ဖြစ်တယ်လို့လဲ သိရပါတယ်..

ps
တကယ်ဆို Camera ရိုက်တဲ့သူက ရိုက်ကွက်ကို မရအရ လိုက်ရှာပြီး ရိုက်ရမှာ.. အဲ့ဒါမှလဲ ပုံကောင်းကောင်း ရမှာလေ.. ထောင့်ပေါင်းစုံရမှာ.. Camera ရိုက်တဲ့သူက ဟိုပြေးလိုက်၊ ဒီပြေးလိုက်နဲ့ လိုက်ရိုက်နေရမှာ.. တန်ဆောင်တိုင်ပွဲတုန်းက ခြေညောင်းအောင်ကို လိုက်ရိုက်ဖြစ်ခဲ့ပေမဲ့.. ဒီသင်္ကြန်မှာ ကျွန်တော် တစ်နေရာထဲမှာပဲ ထိုင်ပြီး ရိုက်ဖြစ်ခဲ့တယ်.. တန်ဆောင်တိုင်ပွဲတုန်းကလို ပြေးလို့လွှားလို့လဲ ဒီသင်္ကြန်မှာ မရဘူး.. ရေကိုလဲ ရှောင်ရသေးတယ်.. လူအုပ်ကိုလဲ တိုးဖို့က မလွယ်တော့.. ကျွန်တော့ မျက်စိရှေ့ရောက်လာတဲ့ မြင်ကွင်းတွေကိုပဲ.. ရအောင် ရိုက်ထားလိုက်ရတယ်.. အဲ့ဒါကြောင့် ပုံတွေကတော့ သိပ်အကောင်းကြီး မဟုတ်တဲ့ အတွက် တောင်းပန်ပါတယ်.. တစ်နေရာထဲမှာ ထိုင်ပြီး ရိုက်ထားတဲ့အတွက် ပုံတွေက ထောင့်ပေါင်းစုံက မဖြစ်တဲ့အတွက် ပြည့်စုံမှုမရှိဘူးလို့ ကျွန်တော်ထင်တယ်.. အဲ့ဒါကြောင့် တစ်ခြားသူတွေ ဆီက ပုံတွေကိုလဲ တောင်ကြီးချယ်ရီမြေမှာ တင်ပေးဖို့ တောင်းထား၊ စုထားပါတယ်.. ပြည့်စုံရင် တင်ပေးပါ့မယ်.. မနက်ဖြန်ကတော့ သင်္ကြန် နောက်ဆုံးနေ့ဆိုတော့ အစည်ဆုံးဖြစ်မယ်ထင်ပါတယ်.. နောက်ပြီး ညဘက် ဗဟိုမဏ္ဍပ်မှာ ဆုပေးပွဲတွေရှိပါတယ်..

မနက်ဖြန်ဟာ
သင်္ကြန်ပွဲတော်ကြီးရဲ့
အပြီးသတ်နေ့ကြီး ဖြစ်ပါမယ်..
နှစ်ဟောင်းတစ်ခုရဲ့
နောက်ဆုံး
လင်းမဲ့ နေ့တစ်နေ့ဖြစ်သလို
နောက်ဆုံး
နက်မဲ့ ညတစ်ညလဲ ဖြစ်ပါမယ်..

ဒီလိုနဲ့ပဲ နှစ်တစ်နှစ် ကုန်ဆုံး ပြန်ဦးမယ်..

No comments: