Thursday, September 27, 2007

အိမ်တော် အဆောက်အဦး

အိမ်တော် အဆောက်အဦးဟာ ဟိုးအရင်က အရေးပိုင်နေခဲ့တဲ့အိမ် ဖြစ်ပါတယ်။ ၁၉၃၀က မီးလောင်ပြာကျခဲ့ပြီး ၁၉၃၁ခုနှစ်မှာ ယခုပုံစံအတိုင်း ကျောက်ရင်ကြီးများဖြင့် ပြန်လည်တည်ဆောက်ခဲ့ပါတယ်။ ၁၉၅၁ နောက်ပိုင်းမှ စပြီး ဧည့်ရိပ်သာအဖြစ် သတ်မှတ် အသုံးပြုခဲ့ပါတယ်။

၁၉၈၉-၉၀ မှာ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းက ကျပ်သုံးဆယ်ကိုးသိန်းကျော် အကုန်ခံ မွန်းမံပြင်ဆင်ခဲ့ ပါတယ်။ (၉၀ခုနှစ် ဈေးနှုန်းဖြစ်ပါတယ်)

အဆောက်အဦးအတွင်းပိုင်း ကြမ်းခင်း၊ မျက်နှာကြက်မှအစ ဧည့်ခန်းဆောင်၊ စင်္ကြန်၊ ရေချိုးခန်း၊ အိမ်သာ စတာတွေကို အသစ်တဖန် ခေတ်မီပုံစံများနဲ့ ပြင်ဆင်မွမ်းမံကာ ပရိဘောဂ အသုံးအဆောင် အသစ်များဖြင့် ဖြည့်ဆီးခဲ့ပါတယ်။
၁၉၉၁ ခုနှစ်လောက်က စာအုပ် တစ်အုပ်မှာပါတဲ့ အိမ်တော် အဆောက်အဦးနဲ့ ပါတ်သက်တဲ့ အကြောင်း အချက်တွေ ဖြစ်ပါတယ်။ ၂၁ရာစု အိမ်တော်ကတော့ ဘယ်လိုရှိလဲ မသိသေးပါဘူး။ ကြုံကြိုက်ရင် သွားပြီး လေ့လာကြည့်လိုက်ပါဦးမယ်။ အခုပုံတွေကတော့ လွန်ခဲ့တဲ့ အတိတ်မှာ ကျန်ခဲ့ပြီဖြစ်သော အရိပ်ယောင်တွေပါ။ အမှတ်တရအဖြစ်ပါ။ သမိုင်းဆိုတာ အရင်နဲ့ အခုရဲ့ ကွာခြားချက်တွေကိုလဲ ပြောပြနိုင်ပါလိမ့်မယ်။