Sunday, September 16, 2007

အများသိစေရန်ကြေငြာခြင်း



တေးရေးဆရာ လှိုင်းဇော်ဝင်း(ခ)မောင်ဇော်ဝင်းသည် ဦးခွန်ဟိန်းအောင်ထံသို့ ကက္ကူအလွမ်း တေးစီးရီးခေါင်းစဉ် အပါအဝင် သီချင်း(၁၁)ပုဒ်ကိုလည်းကောင်း၊ ဦးခွန်ထွန်းမောင်ထံသို့ နှောင်းသီချင်း အပါအဝင် သီချင်း(၁၀) ပုဒ်ကိုလည်ကောင်း၊ ဦးအောင်ဇေယျာလွင် ထံသို့ ကောင်းချီးဆုကမ်းမယ် သီချင်းအပါအဝင်(၁၁)ပုဒ်ကိုလည်းကောင်း၊ ဦးစိုင်းထွန်းအောင်ထံသို့ လက်နုသွယ်ပန်းသီချိန် တေးစီးရီးတွင်စီစဉ်ထားပြီးဖြစ်သော အလွမ်းရောင်နှလုံးသားသီချင်းအပါအဝင် သီချင်း(၁၂)ပုဒ် ကို လည်းကောင်းရောင်းချပေးခဲ့ပြီးဖြစ်ပါသည်။
ထို့သို့ရောင်းချ၊ ဝယ်ယူပြီးဖြစ်သော တေးသီချင်းများကို ယခုအခါ တေးရေးဆရာ လှိုင်းဇော်ဝင်း(ခ) မောင်ဇော်ဝင်း ကအခြား သူများထံသို့ ထပ်ဆင့်ရောင်းချနေကြောင်းသိရပါသည်။သို့ဖြစ်ပါ၍ ရောင်းချပေးပြီးသောတေးသီချင်းများကို သတ်မှတ်စည်းကမ်းများအရ ထပ်မံရောင်းချခြင်းမပြုရန်တေးရေး ဆရာလှိုင်းဇော်ဝင်း(ခ) မောင်ဇော်ဝင်းကို သတိပေးကြော်ငြာလိုက်ပါသည်။

No comments: